ရွှေတာချီလူမှုကူညီရေးအသင်း နှစ်ပတ်လည် အသင်းသား စုံညီတွေ့ဆုံပွဲသို့ အသင်းသား (၅၀၀)၀န်းကျင် တက်ရောက်

ရွှေတာချီလူမှုကူညီရေးအသင်း နှစ်ပတ်လည် အသင်းသား စုံညီတွေ့ဆုံပွဲသို့ အသင်းသား (၅၀၀)၀န်းကျင် တက်ရောက်
ဖေဖော်ဝါရီ 19, 2017
By Tachileik News Agency

တာချီလိတ်မြို့တွင်း ပြေးဆွဲနေပြီး ဆိုင်ကယ် Taxiများ၏ အသင်းဖြစ်သည့် ရွှေတာချီလူမှုကူညီရေး အသင်း၏ ရွှေတာချီခရီးသွားလာရေးလုပ်ငန်းမှ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အဖြစ် အသင်းသားစုံညီ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်းသား (၅၀၀)၀န်းကျင် တက်ရောက်ကြောင်း သိရသည်။

နှစ်ပတ်လည်အခမ်းအနားတွင် ရွှေတာချီလူမှုကူညီရေးအသင်း၏ လုပ်ဆောင်ချက်များ၊ လုပ်ငန်းစဉ်များ နှင့် သွေးလှူဒါန်းမှု ကိစ္စများ၊ အသင်းသားများ စည်းကမ်းလိုက်နာမှုနှင့် ပတ်သက်၍ အကြောင်းအရာများ ရွှေတာချီလူမှုကူညီရေး အသင်းအနေဖြင့် ၂၀၁၇ခုနှစ်အတွင်းမှစ၍ လူမှုအကျိုးပြုလုပ်ငန်းများ နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံက ရှင်းလင်းတင်ပြသည်။








~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင်း ပြေးဆွဲနပြေီး ဆိုင်ကယ် Taxiများ၏ အသင်းဖြစ်သည့် ရွှေတာချီလူမှုကူညီရေး အသင်း၏ ရွှေတာချီခရီးသွားလာရေးလုပ်ငန်းမှ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အဖြစ် အသင်းသားစုံညီ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်းသား (၅၀၀)ဝန်းကျင် တက်ရောက်ကြောင်း သိရသည်။

နှစ်ပတ်လည်အခမ်းအနားတွင် ရွှေတာချီလူမှုကူညီရေးအသင်း၏ လုပ်ဆောင်ချက်များ၊ လုပ်ငန်းစဉ်များ နှင့် သွေးလှူဒါန်းမှု ကိစ္စများ၊ အသင်းသားများ စည်းကမ်းလိုက်နာမှုနှင့် ပတ်သက်၍ အကြောင်းအရာများ ရွှေတာချီလူမှုကူညီရေး အသင်းအနဖြေင့် ၂၀၁၇ခုနှစ်အတွင်းမှစ၍ လူမှုအကျိုးပြုလုပ်ငန်းများ နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရွှေတာချီလူမှုကူညီရေးအသင်း၏ တစ်နှစ်စာ နှစ်ချုပ်အဖြစ် ရငွေ၊ သုံးငွေ စာရင်း ရှင်းတမ်းများကို ဘဏ္ဍာရေးမှူး ဦးကျော်သန်းက ဖတ်ကြားရှင်းလင်းပြီးနောက် စာရင်းစစ်ဆပ်ကော်မတီမှ ဆက်လက်၍ ရှင်းလင်းတင်ပြခဲ့သည်။

နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အသင်းသားများအား အလုပ်အမှုဆောင်များက တစ်ဦးလျှင် အင်ဂျင်ဝိုင် နှင့် ဆိုင်ကယ်ကျွတ်များကို ပြန်လည် ပေးအပ်ချီးမြှင့်ကြောင်းနှင့် ပထမ ဂိတ်မှူး နှင့် ဒုတိယ ဂိတ်မှူးတို့အား စွမ်းဆောင်ရည် အသိအမှတ်ပြု ဂုဏ်ပြုဆုကိုလည်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ရွှေတာချီလူမှုကူညီရေးအသင်း၏ နာယကများဖြစ်သည့် ဦးဘိုလေး(TBC) နှင့် ဦးထွန်းနေဦး(ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင်)တို့မှ ထိုင်းဘတ်ငွေ (၁၀၀၀၀)စီ စုစုပေါင်း ဘတ်(၂၀၀၀၀)အား ရွှေတာချီလူမှုကူညီရေးအသင်းသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရွှေတာချီလူမှုကူညီရေးအသင်း၏ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi ပြေးဆွဲသူ စုစုပေါင်း (၉၁၈)ဦး ရှိပြီး ဂိတ်ပေါင်းမှာ (၆၂)ဂိတ် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ရွှေတာချီလူမှုကူညီရေးအသင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~