ရွမ္းျပည္နယ္အစိုးရက ဆုေပးဒဏ္ေပးစနစ္က်င့္သံုးေနေၾကာင္း တာခ်ီလိတ္မွဌာနဆိုင္ရာမ်ားအား ျပည္နယ္ဝန္ႀကီးသတိေပး

ရွမ္းျပည္နယ္အစိုးရက ဆုေပးဒဏ္ေပးစနစ္က်င့္သံုးေနေၾကာင္း တာခ်ီလိတ္မွဌာနဆိုင္ရာမ်ားအား ျပည္နယ္ဝန္ႀကီးသတိေပး
ဖေဖော်ဝါရီ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ဆုေပးဒဏ္ေပးစနစ္က်င့္သံုးေနျခင္းျဖစ္သျဖင့္ ဌာနဆိုင္ရာမ်ား အေနျဖင့္ အမိန္႔ညႊန္ၾကားခ်က္မ်ားအား လုိက္နာၿပီး ျပည္သူမ်ား ဥပေဒေဘာင္တြင္းမွ လုပ္ကိုင္လာေစေရး ႀကိဳးပမ္းၾကရန္ ရွမ္းျပည္နယ္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တာခ်ီလိတ္ၿမိဳ႕မွ ဌာနဆိုင္ရာမ်ားအား တိုက္တြန္းလုိက္သည္။

"ကြ်န္ေတာ္တို႔ ျပဳျပင္ေျပာင္းလဲေရး လုပ္ေနပါတယ္။ အက်င့္ေဟာင္းေတြကို ခ်ထားခဲ့ပါ။ အက်င့္ေဟာင္းေတြကို စြန္႔ပစ္ပါ။ ကၽြန္ေတာ္တို႔ အစိုးရအဖဲြ႕အစည္း လမ္းေၾကာင္းမွန္အတုိင္း ပူးေပါင္း ေဆာင္ရြက္ပါ” ဟု ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက သတိေပးေျပာၾကားလုိက္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ေရာက္ေနသည့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုႏွင့္ တာခ်ီလိတ္ၿမိဳ႕ရိွ ဌာနအသီးသီးမွ တာဝန္ရိွသူမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုပြဲအား ေဖေဖၚဝါရီလ (၂၅) ရက္ေန႔ နံနက္ (၉)နာရီခြဲတြင္ က်င္းပရာတြင္ ယင္းကဲ့သို႔ တုိက္တြန္း လိုက္ျခင္းျဖစ္သည္။

“ဌာနဆိုင္ရာဝန္ထမ္းမ်ားအေနနဲ႔ ႏုိင္ငံေတာ္ကခ်ေပးတဲ့ ဘတ္ဂ်က္ေတြကို မွန္မွန္ကန္ကန္သံုးရဲ႕လား။ ကိုယ့္ကိုကိုယ္ အသိဆံုးပါ။ အခု ကၽြန္ေတာ္ အသံုးစရိတ္ေတြစစ္တယ္။ ဘာမဟုတ္တဲ့ စားဖို႔ေသာက္ဖို႔ေတာင္မွ စာရင္းလိမ္တာေလးေတြ ေတြ႔ၿပီ။ ဒါက လုပ္ငန္းႀကီးေတြ မပါဘူး။ ကိုယ္လိမ္ေနတဲ့ အေသးေလးေတြက အစ ျပည္သူလူထုကို ထိခိုက္ၿပီ။ ဒါက ႏုိင္ငံေတာ္ေငြပဲ၊ အစိုးရေငြပဲ ဘာမွ မျဖစ္ဘူးေတြးလို႔ တုိင္းျပည္ပ်က္သြားၿပီးၿပီ။ အခုလည္း ဆက္လုပ္ေနမယ္ဆိုရင္ ကၽြန္ေတာ္တို႔ိႏိုင္ငံ ဘာဆက္ျဖစ္သြားမလဲ စဥ္းစားၾကည့္ပါ”ဟု ဝန္ႀကီးက ဌာနဆိုင္ရာမ်ားအား သတိေပးလုိက္ျခင္းျဖစ္သည္။

ဌာနဆိုင္ရာ အသီးသီးအေနျဖင့္ ျပည္သူမ်ား မနစ္နာေစေရး၊  ႏိုင္ငံတိုးတက္ေရးအား ေရွးရႈ၍ အစိုးရႏွင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ႏွင့္ မိမိတို႔ဌာနအလုိက္ ဝန္ထမ္းမ်ားအား သတိေပးၾကပ္မတ္မႈမ်ား လုပ္ေဆာင္ရန္လည္း ျပည္နယ္ဝန္ႀကီးက ေဆြးေႏြးပြဲ တက္ေရာက္လာသည့္ ဌာနဆိုင္ရာအသီးသီးမွ တာဝန္ရိွသူအႀကီးအကဲမ်ားအား တိုက္တြန္းလုိက္သည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအနဖြေင့် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးနခြေင်းဖြစ်သဖြင့် ဌာနဆိုင်ရာများ အနဖြေင့် အမိန့်ညွှန်ကြားချက်များအား လိုက်နာပြီး ပြည်သူများ ဥပဒေဘောင်တွင်းမှ လုပ်ကိုင်လာစေရေး ကြိုးပမ်းကြရန် ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်မြို့မှ ဌာနဆိုင်ရာများအား တိုက်တွန်းလိုက်သည်။

"ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်။ အကျင့်ဟောင်းတွေကို ချထားခဲ့ပါ။ အကျင့်ဟောင်းတွေကို စွန့်ပစ်ပါ။ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း လမ်းကြောင်းမှန်အတိုင်း ပူးပေါင်း ဆောင်ရွက်ပါ” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက သတိပေးပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ရောက်နေသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် တာချီလိတ်မြို့ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအား ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက် (၉)နာရီခွဲတွင် ကျင်းပရာတွင် ယင်းကဲ့သို့ တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

“ဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့ နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်တွေကို မှန်မှန်ကန်ကန်သုံးရဲ့လား။ ကိုယ့်ကိုကိုယ် အသိဆုံးပါ။ အခု ကျွန်တော် အသုံးစရိတ်တွေစစ်တယ်။ ဘာမဟုတ်တဲ့ စားဖို့သောက်ဖို့တောင်မှ စာရင်းလိမ်တာလေးတွေ တွေ့ပြီ။ ဒါက လုပ်ငန်းကြီးတွေ မပါဘူး။ ကိုယ်လိမ်နေတဲ့ အသေးလေးတွေက အစ ပြည်သူလူထုကို ထိခိုက်ပြီ။ ဒါက နိုင်ငံတော်ငွေပဲ၊ အစိုးရငွေပဲ ဘာမှ မဖြစ်ဘူးတွေးလို့ တိုင်းပြည်ပျက်သွားပြီးပြီ။ အခုလည်း ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ဘာဆက်ဖြစ်သွားမလဲ စဉ်းစားကြည့်ပါ”ဟု ဝန်ကြီးက ဌာနဆိုင်ရာများအား သတိပေးလိုက်ခြင်းဖြစ်သည်။

ဌာနဆိုင်ရာ အသီးသီးအနဖြေင့် ပြည်သူများ မနစ်နာစေရေး၊ နိုင်ငံတိုးတက်ရေးအား ရှေးရှု၍ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဌာနအလိုက် ဝန်ထမ်းများအား သတိပေးကြပ်မတ်မှုများ လုပ်ဆောင်ရန်လည်း ပြည်နယ်ဝန်ကြီးက ဆွေးနွေးပွဲ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူအကြီးအကဲများအား တိုက်တွန်းလိုက်သည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~