တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ားအား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ တတိယအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၁)ရက္ေန႔တြင္ ျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံေလွ်ာက္လႊာမ်ားကို ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ သိရသည္။
တတိယအႀကိမ္အျဖစ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနရံုး၌ နံနက္(၉)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္သည့္ အတြက္ ေလလံ ေလွ်ာက္လႊာ မ်ားကို ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ ေန႔လယ္(၁၂)နာရီ တိတိတြင္ ေနာက္ဆံုး သတ္မွတ္ ထားေၾကာင္း ႏွင့္ ေလလံေလွ်ာက္လႊာမ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနရံုး ( 084-51974 ၊ 08451035 )သို႔ ရံုးဖြင့္ခ်ိန္မ်ားတြင္ လာေရာက္၍ စံုစမ္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။
တတိယအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈတြင္ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်ေပးမည့္ လုပ္ငန္းလုိင္စင္မ်ားမွာ ဆန္ဆိုင္း(က)အေပါင္ဆိုင္(၃)အား ၾကမ္းခင္းေစ်း က်ပ္(၁,၆၁၀,၀၀၀)ျဖင့္ လည္းေကာင္း၊ တာေလာ့ေစ်းပံ်က်ေစ်းေကာက္အား ၾကမ္းခင္းေစ်း က်ပ္(၉၅၃,၄၅၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)(၂)တံတား ႏွစ္စင္းအေပၚ ဘီးေကာက္လုပ္ငန္းအား ၾကမ္းခင္းေစ်း က်ပ္( ၂၃၂,၅၈၀,၀၀၀ )ျဖင့္ လည္းေကာင္း အသီးသီးေရာင္းခ်သြားမွာ ျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ သက္တမ္းတိုးစနစ္ျဖင့္ ေရာင္းခ်မည့္ လုပ္ငန္းလိုင္စဥ္မ်ားမွာ တာခ်ီလိတ္ၿမိဳ႕မေစ်းႀကီး၏ ပ်ံက်ေစ်းေကာက္ လုပ္ငန္းအား ၾကမ္းခင္းေစ်း သိန္း(၃၄၀)ျဖင့္ လည္းေကာင္း၊ ေရအိမ္အား ၾကမ္းခင္းေစ်း က်ပ္ (၃,၅၂၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ဘီးေကာက္ လုပ္ငန္းအား က်ပ္(၃၂,၇၆၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ေစ်းဘီးေကာက္ လုပ္ငန္းအား က်ပ္(၁,၃၉၀,၀၀၀)ျဖင့္ လည္းေကာင္း အသီးသီး ပါ၀င္ေၾကာင္း သိရသည္။
ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံေရာင္းခ်မႈကို ေအာင္ျမတ္ခန္းမတြင္ ေဖေဖာ္၀ါရီလ (၁)ရက္ေန႔က ျပဳလုပ္ခဲ့ၿပီးေနာက္ က်န္ရွိသည့္ ေစ်းၿပိဳင္ ေလလံစနစ္ျဖင့္ေရာင္းခ်မည့္ လုပ္ငန္း(၃)ခု ႏွင့္ သက္တမ္းတိုးစနစ္ျဖင့္ ေရာင္းခ်သည့္ လုပ္ငန္း(၄)ခု စုစုေပါင္း လုပ္ငန္း(၇)ခုအတြက္ ဒုတိယအႀကိမ္ ေလလံေလွ်ာက္လႊာမ်ား ေခၚယူရာတြင္ လာေရာက္ေလွ်ာက္ထားမည့္သူ မရွိေသး၍ တတိယအႀကိမ္ ေလလံေလွ်ာက္လႊာမ်ားကို ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ကတည္းက လက္ခံေနလွ်က္ရွိရာ ေနာက္ဆံုး ေလွ်ာက္လႊာ လက္ခံရသတ္မွတ္ရက္အား ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ ေန႔လယ္(၁၂)နာရီအခ်ိန္ထိ သတ္မွတ္ထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် တတိယအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံလျှောက်လွှာများကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။
တတိယအကြိမ်အဖြစ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့် အတွက် လေလံ လျှောက်လွှာ များကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လယ်(၁၂)နာရီ တိတိတွင် နောက်ဆုံး သတ်မှတ် ထားကြောင်း နှင့် လေလံလျှောက်လွှာများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး ( 084-51974၊ 08451035 )သို့ ရုံးဖွင့်ချိန်များတွင် လာရောက်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုတွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးမည့် လုပ်ငန်းလိုင်စင်များမှာ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၃)အား ကြမ်းခင်းဈေး ကျပ်(၁,၆၁၀,ဝဝဝ)ဖြင့် လည်းကောင်း၊ တာလော့ဈေးပျံကဈေးကောက်အား ကြမ်းခင်းဈေး ကျပ်(၉၅၃,၄၅၀,ဝဝဝ)ဖြင့် လည်းကောင်း၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)(၂)တံတား နှစ်စင်းအပေါ် ဘီးကောက်လုပ်ငန်းအား ကြမ်းခင်းဈေး ကျပ်( ၂၃၂,၅၈၀,ဝဝဝ )ဖြင့် လည်းကောင်း အသီးသီးရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သက်တမ်းတိုးစနစ်ဖြင့် ရောင်းချမည့် လုပ်ငန်းလိုင်စဉ်များမှာ တာချီလိတ်မြို့မဈေးကြီး၏ ပျံကျဈေးကော်က် လုပ်ငန်းအား ကြမ်းခင်းဈေး သိန်း(၃၄၀)ဖြင့် လည်းကောင်း၊ ရေအိမ်အား ကြမ်းခင်းဈေး ကျပ် (၃,၅၂၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဘီးကောက် လုပ်ငန်းအား ကျပ်(၃၂,၇၆၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဈေးဘီးကောက် လုပ်ငန်းအား ကျပ်(၁,၃၉၀,ဝဝဝ)ဖြင့် လည်းကောင်း အသီးသီး ပါဝင်ကြောင်း သိရသည်။
ပထမအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ (၁)ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် ကျန်ရှိသည့် ဈေးပြိုင် လေလံစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်း(၃)ခု နှင့် သက်တမ်းတိုးစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း(၄)ခု စုစုပေါင်း လုပ်ငန်း(၇)ခုအတွက် ဒုတိယအကြိမ် လေလံလျှောက်လွှာများ ခေါ်ယူရာတွင် လာရောက်လျှောက်ထားမည့်သူ မရှိသေး၍ တတိယအကြိမ် လေလံလျှောက်လွှာများကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကတည်းက လက်ခံနေလျှက်ရှိရာ နောက်ဆုံး လျှောက်လွှာ လက်ခံရသတ်မှတ်ရက်အား ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်ထိ သတ်မှတ်ထားရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။