တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း လမ္းေဘး ေစ်းဆိုင္မ်ားအား ရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း လမ္းေဘး ေစ်းဆိုင္မ်ားအား ရွင္းလင္း
ဖေဖော်ဝါရီ 13, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း စည္ပင္သာယာေရးဌာနမွ လမ္းေဘးတဲဆိုင္မ်ားကို ဖ်က္သိမ္းၿပီး ေရႊ႕ေျပာင္းရလြယ္ကူေစမည့္ တြန္းလွည္းစနစ္သို႔ ေျပာင္းေစေရး ႏွင့္ လမ္းေဘးက်ဴးေက်ာ္ဆိုင္မ်ားအား ရွင္းလင္းေရးအတြက္ ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရွိ မကာဟိုခမ္းရပ္ကြက္အတြင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူမ်ားႏွင့္ မကာဟိုခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ားအ ပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ လမ္းေဘး ၀ဲ/ယာ ႏွစ္ဖက္တြင္ အခိုင္အမာ တည္ေဆာက္ထားေသာ ေစ်းဆိုင္မ်ားအား အခိုင္အမာ မတည္ေဆာက္ထားေရးအတြက္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

 ဓာတ္ပံု - Htat Pine Soe


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးဌာနမှ လမ်းဘေးတဲဆိုင်များကို ဖျက်သိမ်းပြီး ရွှေ့ပြောင်းရလွယ်ကူစေမည့် တွန်းလှည်းစနစ်သို့ ပြောင်းစေရေး နှင့် လမ်းဘေးကျူးကျော်ဆိုင်များအား ရှင်းလင်းရေးအတွက် ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တာချီလိတ်မြို့ရှိ မကာဟိုခမ်းရပ်ကွက်အတွင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများအ ပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လမ်းဘေး ဝဲ/ယာ နှစ်ဖက်တွင် အခိုင်အမာ တည်ဆောက်ထားသော ဈေးဆိုင်များအား အခိုင်အမာ မတည်ဆောက်ထားရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဓာတ်ပုံ - Htat Pine Soe

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~