(၇၀)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနား မိုင္းျဖတ္ၿမိဳ႕တြင္ သံုးရက္က်င္းပမည္

(၇၀)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနား မိုင္းျဖတ္ၿမိဳ႕တြင္ သံုးရက္က်င္းပမည္
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

(၇၀)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္ေန႔အား ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ေလာက္ ေက်းရြာအုပ္စု ေဖြးဟုန္းေက်းရြာအနီး သမိုင္းဝင္ စြမ္ေဒါင့္ဘုရားကြင္းျပင္တြင္ မိုင္းျဖတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမွဦးစီး၍ ေဖေဖၚဝါရီလ(၅)ရက္ေန႔မွ စတင္ကာ သံုးရက္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီအေနနဲ႔ မႏွစ္ကလည္း (၆၉)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားကိုလည္း စည္ကား သိုက္ၿမိဳက္စြာနဲ႔ ေအာင္ျမင္ေအာင္ က်င္းပႏိုင္ခဲ့ပါတယ္။ အခုႏွစ္မွာလည္း ကြ်န္ေတာ္တို႔ စည္စည္ကားကားျဖစ္ေအာင္ ျပဳလုပ္သြားမွာျဖစ္ပါတယ္"ဟု ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈ တြဲဘက္အတြင္းေရးမွဴး ဦးစိုင္းေအာင္ခမ္းက ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ ရိုးရာအဆိုအကမ်ား၊ ႐ိုးရာစားေသာက္ဆိုင္မ်ား၊ ေစ်းဆိုင္ခန္းမ်ားႏွင့္ ကေလးမ်ားအတြက္ ေပ်ာ္ရႊင္ဖြယ္ ကစားစရာမ်ားလည္း ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
(၇၀)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် နမ့်လောက် ကျေးရွာအုပ်စု ဖွေးဟုန်းကျေးရွာအနီး သမိုင်းဝင် စွမ်ဒေါင့်ဘုရားကွင်းပြင်တွင် မိုင်းဖြတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှဦးစီး၍ ဖေဖော်ဝါရီလ(၅)ရက်နေ့မှ စတင်ကာ သုံးရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအနေနဲ့ မနှစ်ကလည်း (၆၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကိုလည်း စည်ကား သိုက်မြိုက်စွာနဲ့ အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း ကျွန်တော်တို့ စည်စည်ကားကားဖြစ်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှု တွဲဘက်အတွင်းရေးမှူး ဦးစိုင်းအောင်ခမ်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ရိုးရာအဆိုအကများ၊ ရိုးရာစားသောက်ဆိုင်များ၊ ဈေးဆိုင်ခန်းများနှင့် ကလေးများအတွက် ပျော်ရွှင်ဖွယ် ကစားစရာများလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~