တာခ်ီလိတ္ရွိ အမွတ္(၁)တံတားမွ ျပည္နယ္အစိုးရရန္ပံုေငြ ဇန္နဝါရီလအတြင္း က်ပ္သိန္း (၂၅၀)ေက်ာ္ရရိွ

တာခ်ီလိတ္ရွိ အမွတ္(၁)တံတားမွ ျပည္နယ္အစိုးရရန္ပံုေငြ ဇန္နဝါရီလအတြင္း က်ပ္သိန္း (၂၅၀)ေက်ာ္ရရိွ
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွ တစ္ႏုိင္တစ္ပိုင္ သြင္းကုန္မ်ား အေပၚ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ရန္ပံုေငြေကာက္ခံမႈတြင္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္း က်ပ္သိန္း (၂၅၀)ေက်ာ္ ရရိွေၾကာင္း သိရသည္။

အဆိုပါ တံတားမွ တစ္ပိုင္တစ္ႏုိင္အျဖစ္ လူတစ္ဦးလွ်င္ က်ပ္ဆယ္သိန္းဖိုးအထိ သယ္ယူခြင့္ျပဳထားသည့္ ကုန္ပစၥည္း အမ်ိဳးအစား (၁၄၆)မ်ိဳးအား တင္သြင္းေနသည့္ တန္ဖိုးမွ သံုးရာခိုင္ႏႈန္းအား ျပည္နယ္အစိုးရ ရန္ပံုေငြအျဖစ္ ေကာက္ယူေနျခင္းျဖစ္သည္။

အဆိုပါလ အတြင္း ေန႔အလိုက္ ေကာက္ခံရရိွမႈတြင္ ဇန္န၀ါရီလ(၁)ရက္ေန႔က (၆၇,၀၀၀)က်ပ္ျဖင့္ အနည္းဆံုးေကာက္ခံရရွိခဲ့ၿပီး ဇန္န၀ါရီလ(၂၆)ရက္ေန႔က (၁,၅၃၅,၀၀၀)က်ပ္ျဖင့္ အမ်ားဆံုး ေကာက္ခံရရိွကာ တစ္လအတြင္း စုစုေပါင္း က်ပ္(၂၅,၀၇၃,၂၀၀) ေကာက္ခံရရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ - ထိုင္းနယ္စပ္ခ်စ္ၾကည္ေရးတံတား ႏွစ္စင္းအနက္ အမွတ္(၂)တံတားအား ကုန္သြယ္ေရးအတြက္ အဓိက သတ္မွတ္ထားၿပီး အမွတ္(၁)တံတားအား ႏိုင္ငံျခားသားဧည့္သည္မ်ား၊ ေဒသခံျပည္သူမ်ား သြားလာရန္ႏွင့္ တစ္ႏိုင္တစ္ပိုင္ကုန္စည္သယ္ေဆာင္ေရးအတြက္ ခြင့္ျပဳထားျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်နိုင်တစ်ပိုင် သွင်းကုန်များ အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကောက်ခံမှုတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကျပ်သိန်း (၂၅၀)ကျော် ရရှိကြောင်း သိရသည်။

အဆိုပါ တံတားမှ တစ်ပိုင်တစ်နိုင်အဖြစ် လူတစ်ဦးလျှင် ကျပ်ဆယ်သိန်းဖိုးအထိ သယ်ယူခွင့်ပြုထားသည့် ကုန်ပစ္စည်း အမျိုးအစား (၁၄၆)မျိုးအား တင်သွင်းနေသည့် တန်ဖိုးမှ သုံးရာခိုင်နှုန်းအား ပြည်နယ်အစိုးရ ရန်ပုံငွေအဖြစ် ကောက်ယူနခြေင်းဖြစ်သည်။

အဆိုပါလ အတွင်း နေ့အလိုက် ကောက်ခံရရှိမှုတွင် ဇန်နဝါရီလ(၁)ရက်နေ့က (၆၇,ဝဝဝ)ကျပ်ဖြင့် အနည်းဆုံးကောက်ခံရရှိခဲ့ပြီး ဇန်နဝါရီလ(၂၆)ရက်နေ့က (၁,၅၃၅,ဝဝဝ)ကျပ်ဖြင့် အများဆုံး ကောက်ခံရရှိကာ တစ်လအတွင်း စုစုပေါင်း ကျပ်(၂၅,ဝ၇၃,၂၀၀) ကောက်ခံရရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတား နှစ်စင်းအနက် အမှတ်(၂)တံတားအား ကုန်သွယ်ရေးအတွက် အဓိက သတ်မှတ်ထားပြီး အမှတ်(၁)တံတားအား နိုင်ငံခြားသားဧည့်သည်များ၊ ဒေသခံပြည်သူများ သွားလာရန်နှင့် တစ်နိုင်တစ်ပိုင်ကုန်စည်သယ်ဆောင်ရေးအတွက် ခွင့်ပြုထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~