ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ (ရှမ်းလူမျိုး)အား လုပ်ဆောင်ရာ ရှမ်းတိုင်းရင်းသား (၃၈၀)ခန့်တက်ရောက်ကြောင်း သိရသည်။
ဒုတိယအကြိမ် ပင်လုံညီလာခံတွင် တင်ပြနိုင်ရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေးအကြို ဆွေးနွေးပွဲများအား ရှမ်းတိုင်းသားအများစုနေထိုင်ရာဒေသများတွင် လိုက်လံကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုသာ
အဆိုပါ ဆွေးနွေးပွဲအား ဖေဖော်ဝါရီလ(၄) ရက်နေ့ နံနက် (၁၀)နာရီမှစ၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအား မိုင်းဖြတ်မြို့၊ ဝမ်မိုင်ရပ်ကွက်ရှိ ဝမ်မိုင်ရှမ်းဘုန်းကြီးကျောင်းတွင် ကျင်းပခြင်းဖြစ်ပြီး RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဦးယွက်ဆစ်၏ အတိုင်ပင်ခံ ဦးစဝ်ပင်ခမ်း၊ ကျိုင်းတုံဆက်ဆံရေးရုံး တာဝန်ခံ စိုင်းစိုးမိဏ်း၊ နိုင်ငံရေးပါတီများဖြစ်သည့် SNDP ပါတီ ကျိုင်းတုံမြို့နယ်မှ ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းသောင်းစိန်နှင့် မိုင်းဖြတ်မြို့နယ်ပါတီ ဥက္ကဌ ဦးစိုင်းခမ်းကျန်၊ SNLD ကျိုင်းတုံခရိုင်ဥက္ကဌ ဦးစိုင်းလုံနှင့် သိန္နီမြို့နယ် SNLD ပါတီမှ ဦးစိုင်းခမ်းဦးနှင့် ပါတီဝင်များ၊ ရှမ်းလူငယ်အဖွဲ့ဝင်များပါဝင်သော (၂၂)ဦးအဖွဲ့အပါအဝင် ရပ်မိရပ်ဖများ၊ ရှမ်းတိုင်းရင်းသားများ စုစုပေါင်း (၃၈၀) ခန့် တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ပင်လုံညီလာခံတွင် တင်ပြနိုင်ရန်အတွက် အမျိုးသားအဆင့် နို်င်ငံရေးအကြို ဆွေးနွေးပွဲများအား ရှမ်းတိုင်းသားအများစုနေထိုင်ရာဒေသများတွင် လိုက်လံကျင်းပနခြေင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေယာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များအား ဆွေးနွေးကြကြောင်း သိရသည်။
ဆွေးနွေးပွဲမှာ ညနေ (၄)နာရီ(၃၀)မိနစ်တွင် ပြီးဆုံးသွားပြီး ဆွေးနွေးပွဲရလဒ်များကို တောင်ကြီးမြို့တွင် ကျင်းပမည့် ရှမ်းလူမျိုးစုအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြန်လည် တင်ပြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုသာ