ဆရာေရးဆရာ (၃)ဦး ေဟာေျပာသည့္ က်ိဳင္းတံုစာေပေဟာေျပာပြဲသို႔ လူငယ္အမ်ားစု တက္ေရာက္

ဆရာေရးဆရာ (၃)ဦး ေဟာေျပာသည့္ က်ိဳင္းတံုစာေပေဟာေျပာပြဲသို႔ လူငယ္အမ်ားစု တက္ေရာက္
ဖေဖော်ဝါရီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ က်င္းပသည့္ စာေပေဟာေျပာပြဲသို႔ တက္ေရာက္သူအမ်ားစုမွာ လူငယ္မ်ားျဖစ္ေၾကာင္း သိရသည္။

"ဒီတစ္ေခါက္ စာေပေဟာေျပာပြဲကို လာၾကတဲ့လူ အရမ္းမ်ားတယ္။ ဆရာေတြရဲ ့ ေဟာေျပာခ်က္ ေတြကလည္း တကယ္ေကာင္းပါတယ္။ ခန္းမရဲ ့ေအာက္ထပ္မွာက လူအရမ္းျပည့္ေနလို႔ ေနာက္က်တဲ့ လူေတြဆိုရင္ အေပၚထပ္ကေနပဲ အားေပးရတယ္။ ဆရာအၾကည္ေတာ္ပါလို ့ လူငယ္ေတြ ေတာ္ေတာ္မ်ားလာၾကတယ္ ထင္ပါတယ္"ဟု စာေပေဟာေျပာပြဲသို ့တက္ေရာက္လာသည့္ ကိုျပည့္ၿဖိဳးပိုင္က ေျပာသည္။

အဆိုပါ စာေပေဟာေျပာပြဲအား ေဖေဖၚဝါရီလ (၁) ရက္ေန႔ ညေန(၆)နာရီကစ၍ ညပိုင္းအခ်ိန္္အထိ က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

စာေပေဟာေျပာပြဲတြင္ ႏိုင္ငံေက်ာ္စာေရးဆရာမ်ားျဖစ္ၾကသည့္ ႏြမ္ဂ်ာသိုင္းက စာေရးသူမွ စာဖတ္သူသို ့ ေခါင္းစဥ္ျဖင့္ လည္းေကာင္း၊ ခ်စ္ႏိုင္(စိတ္ပညာ)က လူငယ္မ်ား၏ အနာဂတ္ေခါင္းစဥ္ျဖင့္ လည္းေကာင္း၊ အၾကည္ေတာ္က လမ္းႏွစ္သြယ္ေခါင္းစဥ္ျဖင့္ လည္းေကာင္း အသီးသီးေဟာေျပာခဲ့ၾကသည္။

စာေပေဟာေျပာပြဲသို ့ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္မွ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး ႏွင့္  ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦး အျပင္ စာေပခ်စ္ျမတ္သူမ်ားႏွင့္ လူငယ္အမ်ားအျပား တက္ေရာက္ လာခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပသည့် စာပေဟောပြောပွဲသို့ တက်ရောက်သူအများစုမှာ လူငယ်များဖြစ်ကြောင်း သိရသည်။

"ဒီတစ်ခေါက် စာပေဟောပြောပွဲကို လာကြတဲ့လူ အရမ်းများတယ်။ ဆရာတွေရဲ့ ဟောပြောချက် တွေကလည်း တကယ်ကောင်းပါတယ်။ ခန်းမရဲ့အောက်ထပ်မှာက လူအရမ်းပြည့်နေလို့ နောက်ကျတဲ့ လူတွေဆိုရင် အပေါ်ထပ်ကနေပဲ အားပေးရတယ်။ ဆရာအကြည်တော်ပါလို့ လူငယ်တွေ တော်တော်များလာကြတယ် ထင်ပါတယ်"ဟု စာပေဟောပြောပွဲသို့တက်ရောက်လာသည့် ကိုပြည့်ဖြိုးပိုင်က ပြောသည်။

အဆိုပါ စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ (၁) ရက်နေ့ ညနေ(၆)နာရီကစ၍ ညပိုင်းအချိန်အထိ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

စာပေဟောပြောပွဲတွင် နိုင်ငံကျော်စာရေးဆရာများဖြစ်ကြသည့် နွမ်ဂျာသိုင်းက စာရေးသူမှ စာဖတ်သူသို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ချစ်နိုင်(စိတ်ပညာ)က လူငယ်များ၏ အနာဂတ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အကြည်တော်က လမ်းနှစ်သွယ်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

စာပေဟောပြောပွဲသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး အပြင် စာပေချစ်မြတ်သူများနှင့် လူငယ်အများအပြား တက်ရောက် လာခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~