ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့တွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ညပိုင်း၌ ကျင်းပမည့် စာပေ ဟောပြောပွဲတွင် မူလစီစဉ်ထားသည့် ဆရာမြင်းမူမောင်နိုင်မိုးအစား စာရေးဆရာအကြည်တော်က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲအား ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေ(၆)နာရီမှစ၍ ကျင်းပမည်ဖြစ်ပြီး စာရေးဆရာများ ဖြစ်ကြသည့် ချစ်နိုင်(စိတ်ပညာ)၊ နွမ်ဂျာသိုင်း နှင့် အကြည်တော်တို့ ဟောပြောကြမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့ အစည်းများ၏ အဓိကကူညီပံ့ပိုးမှုဖြင့် မြို့ နယ်စာရေးဆရာအသင်းနှင့် မြို့နယ်သတင်းစာ ဆရာအသင်းတို့  ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်