ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်ဖြစ်၍ လုံခြုံရေး အစီအစဉ်အား အပိုင်း(၇)ပိုင်းဖြင့် တိုးမြှင့် ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနား အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် (၁၈) ဦးနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကို အပိုင်း (၇)ပိုင်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး အပိုင်း(၁) မြေပြင်လုံခြုံရေး ၊ (၂) လမ်းကြောင်းလုံခြုံရေး၊ (၃)လူပုဂ္ဂိုလ် လုံခြုံရေး၊(၄) ယာဉ်တန်းလုံခြုံရေး ၊(၅) နယ်မြေလုံခြုံရေး၊ (၆ ) အရေးပေါ်လုံခြုံရေး၊(၇) မီးသတ်လုံခြုံရေးတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ လုံခြုံရေး ဆောင်ရွက်ရန်အတွက် CCTV ၊ X –RAY ၊ WALL THROUGH ၊ မိုင်းရှာ စစ်ကိရိယာ၊ မိုင်းရှာရှင်းယာဉ် တို့ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
“အဲဒီနေ့မှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်အဖွဲ့အစည်းတွေ ၁၈ ယောက်လောက် ရှိတယ်။ အဲဒီ ၁၈ ယောက်နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတာနဲ့ အလွတ်သဘော ဆွေးနွေးမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်၊ အတွေးအခေါ်တွေ နှီးနှောဖလှယ်တဲ့ သဘောပါ။ အဲဒီမှာ လွတ်လပ်တဲ့ အနေနဲ့ ဆွေးနွေးကြမယ်လို့ အစီအစဉ် ရှိပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ သမိုင်းဝင်ပင်လုံတွင် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ လုံခြုံရေး နှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ကို ပြီးခဲ့သည့် ရက်သတ္တပတ်က ဖွဲ့စည်းခဲ့ပြီး ပွဲကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပိုင်း (၇) ပိုင်း နှင့် လုံခြုံရေး စက်ကိရိယာများပါ အပြည့်အဝထားရှိထားပြီး ဖေဖော်ဝါရီလ (၉)ရက်နေ့မှစ၍ (၁၃)ရက်နေ့အထိ လုံခြုံရေးအပိုင်းကို အင်အားခန့်မှန်း ၁၅၀၀ကျော် ဖြင့် တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“လုံခြုံရေး စတင်တာဝန်ထမ်းဆောင်တဲ့နေ့ကတော့ ၉ရက်နေ့ကနေ ၁၃ ရက်နေ့အထိပါ။ အချို့ တစ်ဝက်တွေတော့ အခုကတည်းက ရောက်နေတာလည်းရှိပါတယ်။ ကွပ်ကဲရေးရုံးတွေလည်း ထားထားပါတယ်။ လုံခြုံရေး အထောက်အကူပြု ပစ္စည်းတွေကိုလည်း အပြည့်အဝထားထားပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနား အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ကို်ယ်စားလှယ် (၁၈) ဦးနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကို အပိုင်း (၇)ပိုင်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး အပိုင်း(၁) မြပြေင်လုံခြုံရေး၊ (၂) လမ်းကြောင်းလုံခြုံရေး၊ (၃)လူပုဂ္ဂိုလ် လုံခြုံရေး၊(၄) ယာဉ်တန်းလုံခြုံရေး၊(၅) နယ်မြေလုံခြုံရေး၊ (၆ ) အရေးပေါ်လုံခြုံရေး၊(၇) မီးသတ်လုံခြုံရေးတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“နှစ် ၇၀ မြောက်ပြည်ထောင်စုနေ့ ကျင်းပရေးအတွက် ရှမ်းပြည်နယ်အစိုးရကနေ ပြီးခဲ့တဲ့ အပတ် ကတည်းက ဖွဲ့စည်းပေးခဲ့တာပါ။ ကော်မတီအလိုက်ကို အစည်းအေဝးတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ကော်မတီထဲမှာတော့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မှုခင်း၊ မီးသတ်တပ်ဖွဲ့၊ သတင်း ရဲတပ်ဖွဲ့တို့ပါဝင် ပါတယ်။ အဲဒီမှာ ဒရုန်းပေးမလွှတ်ဘူး။ လုံခြုံရေးအရ တားမြစ်ထားတယ်။ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးကိုလည်း တင်ပြထားပါတယ်။ တားမြစ်ချက်တွေ ထပ်ရှိပါသေးတယ်။ အကုန်တော့ မပြီးသေးပါဘူး။ ဝင်ခွင့်လည်ဆွဲကတ် တွေလည်း ပြုလုပ်ဆောင်ရွက်သွားမှာပါ။ လုံခြုံရေးအပိုင်းကိုလည်း သေချာစီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ လုံခြုံရေး ဆောင်ရွက်ရန်အတွက် ဃဃွဠ၊ င်္ဌ –ီဗငြ်္၊ံဗဋ္ဌင်္ဋ္ဌွီံဉြွံ၊ မိုင်းရှာ စစ်ကိရိယာ၊ မိုင်းရှာရှင်းယာဉ် တို့ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို