ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှိ ရပ်ကွက်(၁) ကုန်းကျောင်းရပ်ကွက်မှ နေအိမ်ခြံတစ်ခုတွင် ဝင်ရောက် ရှာဖွေရာ ခန့်မှန်းတန်ဖိုး (၂,၈၆၀,၀၀၀)ကျပ်ခန့်ရှိ တရုတ်နိုင်ငံလုပ် တရားမဝင် ဝက်ခေါက် အိတ်(၁၄)အိတ်အား ဖေဖော်ဝါရီလ(၁၅)ရက် နေ့လယ်(၂)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
စားသုံးသူရေးရာဦးစီးဌာန(ကျိုင်းတုံ)မှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဦးစီးဌာနမှူး ဦးမျိုးချစ်၊ ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး(ခေတ္တ) ဒုရဲအုပ်လွှမ်းမိုးနှင့် ခရိုင် မှု/ကူအဖွဲ့မှ ဒုရဲအုပ် ဇော်ဇော်အောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ကွက်(၁) ကုန်းကျောင်းရပ်နေ ဦးစိုင်းနွယ်ဆမ်၏ ခြံဝင်းအတွင်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းသည့် ဝက်ခေါက်အိတ် (၁၄)အိတ် စုစုပေါင်း အလေးချိန်(၅၄၇)ကီလိုဂရမ် (၃၃၅ ပိဿခန့်)အား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံလုပ် တရားမဝင် ဝက်ခေါက်အိတ် (၁၄)အိတ်ကို ကျိုင်းတုံမြို့နယ် အကောက်ခွန်ရုံးတွင် ထိန်းသိမ်းထားပြီး အကောက်ခွန်ရုံးအမှုတွဲအမှတ် ၁၁-ကတ/၂၀၁၇(ဝဝ၁)ဖြင့် အမှုဖွင့်ဆောင်ရွက်၍ အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်