ကယန္းလူမ်ိဳးမ်ားကို ပေဒါင္ဟု မေခၚေဝၚရန္ ကယန္းလူမ်ိဳးမ်ား ေတာင္းဆို

ကယန္းလူမ်ိဳးမ်ားကို ပေဒါင္ဟု မေခၚေဝၚရန္ ကယန္းလူမ်ိဳးမ်ား ေတာင္းဆို
ဖေဖော်ဝါရီ 13, 2017
By Tachileik News Agency

ကယန္းလူမ်ိဳးမ်ားအား ပေဒါင္ ဟု ေခၚဆိုျခင္းမျပဳၾကရန္ ကယန္းအမ်ိဳးသားညီလာခံတြင္ ေတာင္းဆိုလုိက္သည္။

"ျမန္မာႏိုင္ငံမွာ မွားယြင္းတဲ႔ အေခၚေဝၚေတြနဲ႔ မွားယြင္းတဲ႔ သတ္မွတ္မႈေတြ ရွိေနခဲ့တယ္။ ကၽြန္ေတာ္တို႕ အခု ကယန္းလူမ်ိဳးနဲ႔ ပတ္သက္တဲ့ အေျဖကို ေျဖေပးထားတယ္။ ကယားျပည္နယ္နဲ႔ ျမန္မာ တစ္ႏိုင္ငံလုံးမွာရွိတဲ့ သူေတြအားလုံး အေနနဲ႔ေပါ့ ကၽြန္ေတာ္တို႔ ကယန္းလူမ်ိဳးမ်ားကို ပေဒါင္လို႔ မေခၚၾကဖို႔ မ်ိဳးႏြယ္စုေတြကို လူမ်ိဳးလို႔ သတ္မွတ္ၿပီးေတာ့ ခြဲျပားၿပီး မေခၚဖို႔ အတိအလင္းေျပာၾကားလိုတယ္။ တိုက္တြန္း လိုတယ္"ဟု ကယန္းအမ်ိဳးသား ပါတီဥကၠဌ ခြန္ဘီထူးက ေျပာသည္။

ျပည္တြင္းျပည္ပရွိ လူအမ်ားစုက ကယန္းလူမ်ိဳးမ်ားကို မွားယြင္းေသာ အေခၚေဝၚမ်ား ျဖင့္ ေခၚေနသျဖင့္ ကယန္းအမ်ိဳးသားညီလာခံတြင္ အဆိုပါ ကိစၥအား ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"အမွန္က ကယန္းက ကယန္းပဲေပါ့။ ပေဒါင္လို႔ ေခၚတာ ကၽြန္ေတာ္တို႔ ကယန္းေတြ လုံးဝ မႀကိဳက္ဘူး။ လာေခၚတဲ့ သူေတြကို ေျပာမထြက္လို႔သာ မေျပာတာ။ လုံးဝမႀကိဳက္ပါဘူး။ ကယန္းေတြကို ပေဒါင္ လို႔ မွားၿပီးေခၚေနတာေတြ မလုပ္ပါေတာ့နဲ႔လို႔ပဲေျပာခ်င္တယ္"ဟု ကယန္းလူမ်ိဳး ခြန္မာရီးက ေျပာသည္။

၂၀၁၇ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔အထိ က်င္းပခဲ့သည့္ ဒုတိယ အႀကိမ္ေျမာက္ ကယန္းအမ်ိဳးသားညီလာခံတြင္ ကယန္းလူမ်ိဳးမ်ားႏွင့္ ပတ္သက္၍ မ်ိဳးႏြယ္စု မိသားစုဝင္ အားလုံးကို ကယန္းလူမ်ိဳးဟုသာ ေခၚေဝၚရန္၊ မ်ိဳးႏြယ္စုမ်ား အေနျဖင့္ မိမိတို႔၏ မ်ိဳးႏြယ္စုကို လူမ်ိဳးတစ္ခု အေနျဖင့္ သတ္မွတ္ ေခၚေဝၚျခင္း မျပဳလုပ္ၾကရန္ႏွင့္ ကယန္းမ်ိဳးႏြယ္စုမ်ား ကိုင္ေဆာင္ေသာ မွတ္ပုံတင္ တြင္ ကယန္းလူမ်ိဳးဟုသာ ေဖာ္ျပရန္တို႔ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

"ဒီတစ္ႏွစ္ ညီလာခံမွာ ကၽြန္ေတာ္တို႔က မျဖစ္မေန သန္ေခါင္စာရင္းနဲ႔ ပတ္သက္တဲ့ဟာ တစ္ခုေပါ့။ အထူးတလည္ ေဆြးေႏြးျဖစ္တယ္။ သန္းေခါင္စာရင္းမွာေတာ့ ကၽြန္ေတာ္တို႔ကို ကယားလူမ်ိဳးကိုးမ်ိဳး လို႔ေဖာ္ျပေနတဲ့ အေျခေနေတြ ကေန ေျပာင္းလဲၿပီးေတာ့ ေဖာ္ျပရေအာင္ ကယန္းလူမ်ိဳးလို႔ပဲ ေဖာ္ျပရေအာင္ ျပီးေတာ့ မ်ိဳးႏြယ္စုကလည္း လူမ်ိဳးမဟုတ္ဘူးေပါ့။ ကၽြန္ေတာ္တို႔ရဲ႕လူမ်ိဳးပဲ ကယန္းလူမ်ိဳးလို႔ ေခၚၿပီးမွ မ်ိဳးႏြယ္စုအလိုက္ဖြဲ႕စည္းထားတဲ့ အေျခေနျဖစ္တယ္ဆိုတာ အကုန္သိေအာင္ ေျပာျပခ်င္တယ္ "ဟု ခြန္ဘီထူးက ေျပာသည္။

၂၀၁၄ ခုႏွစ္တြင္ ေကာက္ခံခဲ့သည့္ သန္ေခါင္စာရင္းတြင္ ကယန္းမ်ိဳးႏြယ္စုျဖစ္ေသာ (၁)ေဂခို ၊ (၂) ယင္းေဘာ္ ၊(၃)ဇယိမ္း ၊ (၄) ကယန္း-ပေဒါင္ အားလုံး၏ ကုဒ္နံပတ္မ်ားကို  ကယန္းလူမ်ိဳး ကုဒ္နံပါတ္ တစ္ခုတည္းတြင္သာ ေဖာ္ျပရန္ ညီလာခံတြင္ ဆုံးျဖက္အတည္ျပဳခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယန်းလူမျိုးများအား ပဒေါင် ဟု ခေါ်ဆိုခြင်းမပြုကြရန် ကယန်းအမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။

"မြန်မာနိုင်ငံမှာ မှားယွင်းတဲ့ အခေါ်ဝေါ်တွေနဲ့ မှားယွင်းတဲ့ သတ်မှတ်မှုတွေ ရှိနေခဲ့တယ်။ ကျွန်တော်တို့ အခု ကယန်းလူမျိုးနဲ့ ပတ်သက်တဲ့ အဖြေကို ဖြေပေးထားတယ်။ ကယားပြည်နယ်နဲ့ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ သူတွေအားလုံး အနေနဲ့ပေါ့ ကျွန်တော်တို့ ကယန်းလူမျိုးများကို ပဒေါင်လို့ မခေါ်ကြဖို့ မျိုးနွယ်စုတွေကို လူမျိုးလို့ သတ်မှတ်ပြီးတော့ ခွဲပြားပြီး မခေါ်ဖို့ အတိအလင်းပြောကြားလိုတယ်။ တိုက်တွန်း လိုတယ်"ဟု ကယန်းအမျိုးသား ပါတီဥက္ကဌ ခွန်ဘီထူးက ပြောသည်။

ပြည်တွင်းပြည်ပရှိ လူအများစုက ကယန်းလူမျိုးများကို မှားယွင်းသော အခေါ်ဝေါ်များ ဖြင့် ခေါ်နေသဖြင့် ကယန်းအမျိုးသားညီလာခံတွင် အဆိုပါ ကိစ္စအား ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

"အမှန်က ကယန်းက ကယန်းပဲပေါ့။ ပဒေါင်လို့ ခေါ်တာ ကျွန်တော်တို့ ကယန်းတွေ လုံးဝ မကြိုက်ဘူး။ လာခေါ်တဲ့ သူတွေကို ပြောမထွက်လို့သာ မပြောတာ။ လုံးဝမကြိုက်ပါဘူး။ ကယန်းတွေကို ပဒေါင် လို့ မှားပြီးခေါ်နေတာတွေ မလုပ်ပါတော့နဲ့လို့ပဲပြောချင်တယ်"ဟု ကယန်းလူမျိုး ခွန်မာရီးက ပြောသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ကယန်းအမျိုးသားညီလာခံတွင် ကယန်းလူမျိုးများနှင့် ပတ်သက်၍ မျိုးနွယ်စု မိသားစုဝင် အားလုံးကို ကယန်းလူမျိုးဟုသာ ခေါ်ဝေါ်ရန်၊ မျိုးနွယ်စုများ အနဖြေင့် မိမိတို့၏ မျိုးနွယ်စုကို လူမျိုးတစ်ခု အနဖြေင့် သတ်မှတ် ခေါ်ဝေါ်ခြင်း မပြုလုပ်ကြရန်နှင့် ကယန်းမျိုးနွယ်စုများ ကိုင်ဆောင်သော မှတ်ပုံတင် တွင် ကယန်းလူမျိုးဟုသာ ဖော်ပြရန်တို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

"ဒီတစ်နှစ် ညီလာခံမှာ ကျွန်တော်တို့က မဖြစ်မနေ သန်ခေါင်စာရင်းနဲ့ ပတ်သက်တဲ့ဟာ တစ်ခုပေါ့။ အထူးတလည် ဆွေးနွေးဖြစ်တယ်။ သန်းခေါင်စာရင်းမှာတော့ ကျွန်တော်တို့ကို ကယားလူမျိုးကိုးမျိုး လို့ဖော်ပြနေတဲ့ အခြေနေတွေ ကနေ ပြောင်းလဲပြီးတော့ ဖော်ပြရအောင် ကယန်းလူမျိုးလို့ပဲ ဖော်ပြရအောင် ပြီးတော့ မျိုးနွယ်စုကလည်း လူမျိုးမဟုတ်ဘူးပေါ့။ ကျွန်တော်တို့ရဲ့လူမျိုးပဲ ကယန်းလူမျိုးလို့ ခေါ်ပြီးမှ မျိုးနွယ်စုအလိုက်ဖွဲ့စည်းထားတဲ့ အခြေနဖြေစ်တယ်ဆိုတာ အကုန်သိအောင် ပြောပြချင်တယ် "ဟု ခွန်ဘီထူးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် သန်ခေါင်စာရင်းတွင် ကယန်းမျိုးနွယ်စုဖြစ်သော (၁)ဂေခို၊ (၂) ယင်းဘော်၊(၃)ဇယိမ်း၊ (၄) ကယန်း-ပဒေါင် အားလုံး၏ ကုဒ်နံပတ်များကို ကယန်းလူမျိုး ကုဒ်နံပါတ် တစ်ခုတည်းတွင်သာ ဖော်ပြရန် ညီလာခံတွင် ဆုံးဖြက်အတည်ပြုခဲ့ကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~