ရွမ္းျပည္နယ္တြင္း ဆုိင္ကယ္လိုင္စင္ထုတ္ေပးၿပီးပါက ဇြန္လမွစ၍ လုိင္စင္မဲ့မ်ား စစ္ေဆးမည္

ရွမ္းျပည္နယ္တြင္း ဆုိင္ကယ္လိုင္စင္ထုတ္ေပးၿပီးပါက ဇြန္လမွစ၍ လုိင္စင္မဲ့မ်ား စစ္ေဆးမည္
ဖေဖော်ဝါရီ 28, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အတြင္း မတ္လ (၁) ရက္ေန႔စ၍ ယာဥ္လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ ေပးၿပီးပါက ဇြန္လမွစ၍ လုိင္စင္မဲ့မ်ားအား စစ္ေဆးသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
“မနက္ျဖန္ကစၿပီး လုပ္ေပးတဲ့ လုိင္စင္ကို ကိုယ့္သေဘာနဲ႔ကိုယ္ လာလုပ္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါေပမဲ့ ဇြန္လကစၿပီးေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္တဲ့အဖြဲ႕ေတြကေနၿပီးေတာ့ ကိုယ့္ၿမိဳ႕နယ္ အလုိက္ စစ္ေဆးေရးအဖြဲ႕ေတြနဲ႔ စစ္လိမ့္မယ္။ ဒီအခါမွာ လိုင္စင္မရိွတဲ့ဆုိင္ကယ္ေတြကို စစ္ေဆးေတြ႔ရိွရင္ လိုင္စင္တခါထဲ လုပ္မယ္ဆိုရင္ လုပ္ေပးမယ္။ လိုင္စင္မလုပ္ရင္ေတာ့ သိမ္းဆည္းသြားမွာပါ”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား မွတ္ပံု တင္ေပးေရး စီမံခ်က္ကို ၂၀၁၇ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွ စတင္၍ One Sotp Service စနစ္ျဖင့္ ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း နံနက္ (၈)နာရီမွ ညေန (၄)နာရီအထိ လက္ခံေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“လိုင္စင္ထုတ္ေပးျခင္းကို နံနက္ (၈)နာရီကေန (၃)နာရီအထိ တျဖတ္လက္ခံမွာပါ။ (၃)နာရီကေန (၄)နာရီအထိကိုေတာ့ ေနာက္တစ္ေန႔ ရက္စြဲနဲ႔ လက္ခံသြားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဘဏ္သြင္းခ်ိန္အမီ စာရင္းပိတ္ဖို႔လည္း လိုတာေၾကာင့္ပါ”ဟု ဦးေသာင္းျမင့္က ေျပာသည္။
ရွမ္းျပည္နယ္လိုင္စင္ျဖင့္ ဆိုင္ကယ္လိုင္စင္ထုတ္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးရိွရာ ေနရာတုိင္းတြင္ လုပ္ေဆာင္ႏုိင္ၿပီး ေမာ္ေတာ္ဆုိင္ကယ္အလုိက္ သတ္မွတ္ လိုင္စင္ေၾကးမ်ားကို အဆိုပါ ရံုးမ်ားတြင္ အမ်ားျမင္သာရန္ ေၾကညာေပးထားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ညႊန္ၾကားခ်က္အား ရွမ္းျပည္နယ္အစုိးရအဖြဲ႔မွ ေဖေဖၚဝါရီလ (၂၄) ရက္တြင္ ျပည္နယ္အတြင္း သက္ဆုိင္ရာဌာနမ်ားသို႔ ေပးပို႔ထားျခင္းျဖစ္ၿပီး တာခ်ီလိတ္ခရိုင္အတြင္း မတ္လ (၁)ရက္ေန႔တြင္ စတင္ထုတ္ေပးမည့္ လိုင္စင္အတြက္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္၊ အေကာက္ခြန္ဦးစီးဌာန ဦးစီးအရာရိွ ဦးေက်ာ္ေက်ာ္စိုး၊ ျမန္မာ့စီးပြားေရးဘဏ္ ခရိုင္မန္ေနဂ်ာ ဦးဝင္းျမင့္ေအာင္၊ ျမန္မာ့အာမခံလုပ္ငန္း ခရိုင္တာဝန္ခံ ဦးကိုကိုေအာင္တို႔ ေဖေဖၚဝါရီလ (၂၈) ရက္ေန႔တြင္ အေသးစိတ္ညိႇႏိႈင္းေဆြးေႏြးၾကေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မတ်လ (၁) ရက်နေ့စ၍ ယာဉ်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင် ပေးပြီးပါက ဇွန်လမှစ၍ လိုင်စင်မဲ့များအား စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်ကစပြီး လုပ်ပေးတဲ့ လိုင်စင်ကို ကိုယ့်သဘောနဲ့ကိုယ် လာလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမဲ့ ဇွန်လကစပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့တွေကနပြေီးတော့ ကိုယ့်မြို့နယ် အလိုက် စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်လိမ့်မယ်။ ဒီအခါမှာ လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို စစ်ဆေးတွေ့ရှိရင် လိုင်စင်တခါထဲ လုပ်မယ်ဆိုရင် လုပ်ပေးမယ်။ လိုင်စင်မလုပ်ရင်တော့ သိမ်းဆည်းသွားမှာပါ”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များအား မှတ်ပုံ တင်ပေးရေး စီမံချက်ကို ၂၀၁၇ ခုနှစ် မတ်လ (၁) ရက်နေ့မှ စတင်၍ One Sotp Service စနစ်ဖြင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် (၈)နာရီမှ ညနေ (၄)နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လိုင်စင်ထုတ်ပေးခြင်းကို နံနက် (၈)နာရီကနေ (၃)နာရီအထိ တဖြတ်လက်ခံမှာပါ။ (၃)နာရီကနေ (၄)နာရီအထိကိုတော့ နောက်တစ်နေ့ ရက်စွဲနဲ့ လက်ခံသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘဏ်သွင်းချိန်အမီ စာရင်းပိတ်ဖို့လည်း လိုတာကြောင့်ပါ”ဟု ဦးသောင်းမြင့်က ပြောသည်။

ရှမ်းပြည်နယ်လိုင်စင်ဖြင့် ဆိုင်ကယ်လိုင်စင်ထုတ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးရှိရာ နေရာတိုင်းတွင် လုပ်ဆောင်နိုင်ပြီး မော်တော်ဆိုင်ကယ်အလိုက် သတ်မှတ် လိုင်စင်ကြေးများကို အဆိုပါ ရုံးများတွင် အများမြင်သာရန် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ (၂၄) ရက်တွင် ပြည်နယ်အတွင်း သက်ဆိုင်ရာဌာနများသို့ ပေးပို့ထားခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း မတ်လ (၁)ရက်နေ့တွင် စတင်ထုတ်ပေးမည့် လိုင်စင်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ အကောက်ခွန်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်စိုး၊ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးဝင်းမြင့်အောင်၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးကိုကိုအောင်တို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အသေးစိတ်ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~