စိတ္ဝင္စားမႈျမင့္ခဲ့သည့္ လားရိႈးၿမိဳ႕၏ ပထမဦးဆံုး စုေပါင္း အကြ်တ္အလြတ္ေကြ်းပြဲ

စိတ္ဝင္စားမႈျမင့္ခဲ့သည့္ လားရိႈးၿမိဳ႕၏ ပထမဦးဆံုး စုေပါင္း အကြ်တ္အလြတ္ေကြ်းပြဲ
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency
သတင္းေဆာင္းပါး  - ေနၿဖဳိးျမင့္

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရိႈးၿမိဳ႕နယ္အတြင္း ပထမဦးဆံုးအႀကိမ္ အျဖစ္ က်င္းပသည့္ အကြ်တ္ အလြတ္ပြဲ (မကၽြတ္မလြတ္ေသးသူမ်ားအား ေကၽြးေမြးလွဴဒါန္းအမ်ွအတန္းေပးေဝပြဲ)ကို လားရိႈး-နမၼတူ လမ္းနံေဘးရွိ ဘာသာေပါင္းစံုၾကာကန္သုသာန္တြင္ ေဖေဖာ္ဝါရီလ (၃) ရက္ေန႔ ညပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

အဆုိပါပြဲအား တစ္ႏုိင္ငံလံုးတြင္ အကြ်တ္အလြတ္ပြဲမ်ားအား လိုက္လံျပဳလုပ္ေပးေနသည့္ ပရဟိတမင္းေခါင္အဖြဲ႔၏ ဦးေဆာင္မႈျဖင့္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ပရဟိတလူမႈကူညီေရးအသင္းစုစုေပါင္း (၃၈) သင္းက စီစဥ္ခဲ့ၾကျခင္းျဖစ္သည္။

“ပြဲကိုအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ တစ္လေက်ာ္ေက်ာ္ေလာက္ ႀကိဳတင္ၿပီး ညိႇႏိႈင္း အစည္းအေဝးေလးေတြ လုပ္တယ္။ တစ္ၿမိဳ႕လံုးက ေစတနာရွင္ေတြ ပါဝင္ လွဴဒါန္းႏိုင္ဖို႔အတြက္ ပရဟိတအသင္း အဖြဲ႔ေတြက အသင္းဝင္ ေတြဆီမွာ လွဴဒါန္းႏိုင္ေအာင္ ျဖန္႔က်က္လုပ္ေဆာင္ခဲ့တယ္။ ၾကာကန္ သုသာန္ကိုေတာ့ အသင္းစံု စုေပါင္းၿပီး တစ္ပတ္တစ္ႀကိမ္ သန္႔ရွင္းေရးလုပ္ခဲ့တယ္။ တစ္လတိတိ ႀကိဳတင္သန္႔ရွင္းေရးလုပ္ထားတယ္”ဟု လားရိႈးၿမိဳ႕ ေသြးႏွင့္လူမႈကူညီေရးအသင္းမွအသင္းဥကၠဌ ကိုဆန္းဦးက ေျပာသည္။

ေဖေဖာ္ဝါရီလ (၃) ရက္ေန႔ နံနက္မွစတင္၍ အကြ်တ္အလြတ္ပြဲက်င္းပမည့္သုသာန္အတြင္း ႀကိဳတင္ျပင္ဆင္မႈမ်ား ေနရာခ်ထားမႈမ်ားအား အသင္းဝင္မ်ားက စီစဥ္ေဆာင္ရြက္ခဲ့ၾကၿပီး ညေန (၆)နာရီဝန္းက်င္မွစကာ လားရိႈးၿမိဳ႕အတြင္းရွိ ၿမိဳ႕သူၿမိဳ႕သားအခ်ိဳ႕မွ အကြ်တ္အလြတ္ပြဲက်င္းပမည့္ေနရာသို႔ စတင္လာေရာက္ခဲ့ၾကသည္။

ၿမိဳ႕၏ ပထမဦးဆံုး အကၽြတ္အလြတ္ပြဲအား စိတ္ဝင္တစားလာေရာက္ၾကသူမ်ားျပားသျဖင့္ ညေန ၆ နာရီခြဲခန္႔တြင္ ၾကာကန္သုသာန္အတြင္း ကား၊ဆိုင္ကယ္မ်ား ျပည့္ႏွက္သြားသည္ကို ေတြ႔ရသည္။

ယင္းအခ်ိန္တြင္ အကြ်တ္အလြတ္ပြဲအေၾကာင္း၊ ပြဲျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ ပရဟိတမင္းေခါင္အဖြဲ႔မွ ရွင္းလင္းေနၿပီး လာေရာက္သည့္ ပရိသတ္မ်ား၊ အလွဴရွင္မ်ားအား ပရဟိတအသင္းမ်ားက အခ်ိဳရည္ဘူးမ်ား၊ ေရသန္႔ဘူးမ်ား လိုက္လံေဝငွေပးခဲ့သည္။

ယင္းေနာက္ ညေန (၆) နာရီ (၄၅)မိနစ္ခန္႔တြင္ အုတ္ဂူမ်ား၊ သခၤ် ိဳေစာင့္ပုဂၢိဳလ္မ်ားႏွင့္ ဆိုင္ရာပိုင္ရာ ပုဂၢိဳလ္မ်ားအတြက္ သီးသန္႔ေဆာက္လုပ္ထားသည့္ ေရာင္စံုစကၠဴႀကိဳးတန္းမ်ားျဖင့္ ကန္႔သတ္ထားသည့္ ေနရာမ်ား၊ တရားေဟာစင္ျမင့္အနီးရွိ သဲခင္းကာ ရာဇမတ္ကာထားသည့္ သဲပံုေစတီ၊ သုသာန္ဝန္း အတြင္းရွိ သစ္ပင္မ်ား စသည့္ေနရာမ်ားတြင္ ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ားစတင္ထြန္းညႇိၾကသည္။

ည (၇)နာရီခြဲခန္႔တြင္ အကြ်တ္အလြတ္အေၾကာင္း သိေကာင္းစရာ အျဖာျဖာေခါင္းစဥ္ျဖင့္ ပင့္ဖိတ္ထားသည့္ ဆရာေတာ္က တရားေဟာၾကားေနခ်ိန္တြင္ အကြ်တ္အလြတ္ပြဲ က်င္းပရာေနရာအနီးရွိ စြန္႔ပစ္အမႈိက္မ်ား စုေပါင္းမီးရႈိ႕ရာေနရာမွ မီးခိုးေငြ႕မ်ားေၾကာင့္ တရားနာသူမ်ားမွာ ႏွာေခါင္းကာ( Mask )မ်ားျဖင့္ တပ္ဆင္၍ တရားနာယူခဲ့ရသည္။

 “ ေၾကာက္ပါတယ္ဆို မီးခိုးေတြနဲ႔ဆိုေတာ့ အသက္ရွဴရ ခက္တာကတစ္မ်ိဳး၊ ျမင္ကြင္းက ကြဲကြဲျပားျပားမျဖစ္လို႔ လူလားသရဲလား ေတြးေနရတာက တစ္မ်ိဳးနဲ႔ ေတြ႔ကရာ ေနရာလည္း အေပါ့ မစြန္႔ရဲဘူး”ဟု ေရမရွိေတာ့သည့္ အိမ္သာအနီး အေပါ့စြန္႔ရန္ အလွည့္က်ေစာင့္ဆိုင္းေနသည့္ လူငယ္တစ္ဦးက ေျပာသည္။

အကၽြတ္အလြတ္ပြဲသို႔ လာေရာက္သူ မ်ားျပားလြန္းသျဖင့္ ေရေလာင္းအိမ္သာႏွစ္လံုးမွာ တန္းစီ ေစာင့္ေနရျခင္းျဖစ္သည္။

ထိုအခ်ိန္တြင္ လူအင္အားနွင့္ ယာဥ္အစီးေရမ်ားလာရာ သုသာန္အတြင္းသို႔ ယာဥ္မ်ားဝင္မရေတာ့ဘဲ သုသာန္အဝင္ဝရွိ သတ္မွတ္ေနရာမ်ား၌ ရပ္နားႏုိင္ရန္ သုသာန္အဝင္ဝလမ္းဆံုတြင္ ညယူနီေဖာင္း(ေရာင္ျပန္) ဝတ္ဆင္ထားသည့္ ယာဥ္ထိန္းအရာရွိတစ္ဦးႏွင့္ အရပ္ဝတ္အမ်ိဳးသား ၃ ဦးခန္႔က တာဝန္ယူလုပ္ေဆာင္ေပးခဲ့သည္။

ည (၁၀) နာရီခန္႔ တရားပြဲၿပီးခ်ိန္တြင္ မကြ်တ္မလြတ္ေသးကုန္ေသာ ဝိညာဥ္မ်ား၊ ၿပိတၱာ မ်ား၊ အေစာင့္အေရွာက္ မ်ားအား ေကၽြးေမြးျခင္း အစီအစဥ္စတင္ရန္ လွဴဒါန္းၾကမည့္ အစားအေသာက္မ်ား၊ ေဆးလိပ္၊ အရက္ စသည္တို႔ကို ေနရာခ်ထားသည့္ အစီအစဥ္အား ဆက္လက္လုပ္ေဆာင္ၾကသည္။

သန္႔ရွင္းသပ္ရပ္ကာ အလင္းေရာင္မ်ားလံုေလာက္စြာ စီစဥ္ေပးထားသည့္ သုသာန္ဝန္းအတြင္းရွိ အုတ္ဂူမ်ားအၾကား ထမင္းဇလံု၊ ဟင္းဇလံုမ်ားကို သယ္ေဆာင္သြားသည့္ ပရဟိတအသင္းသားမ်ားႏွင့့္ ပရိသတ္မ်ားက လိုက္လံခ်ထားေပးၾကသည္။

အုတ္ဂူမ်ားအၾကားရွိ ေျမပံုမို႔မို႔တစ္ေနရာတြင္ ဖေယာင္းတိုင္အခိ်ဳ႕ထြန္းညႇိထားၿပီး ထမင္းဘူး၊ ေရသန္႔ဘူး စသည္တုိ႔ျဖင့္ တည္ခင္းထားကာ မိသားစု(၄)ဦးက ေသဆံုးသြားသူအခ်ိဳ႕၏ အမည္၊ေနရပ္မ်ားျဖင့္ တိုင္တည္ကာ ယခုပြဲတြင္ လာေရာက္စားေသာက္ပါရန္ အမွ်အတန္းေပးေဝခ်ိန္တြင္ သာဓုေခၚဆိုႏိုင္ေစရန္ အတြက္ အသံထြက္ကာ ဆုေတာင္းေပးေနသည္ကို ေတြ႔ရသည္။

ည (၁၁)နာရီထိုးရန္ မိနစ္ပိုင္းအလိုတြင္ မီးမ်ားအားလံုးကို မွိတ္ေတာ့မည့္အေၾကာင္း အသံခ်ဲ႕စက္ျဖင့္ ေၾကညာေပးေနၿပီး ပရိသတ္အားလံုး တရားေဟာစင္ျမင့္အနီးတြင္ တစ္စုတစ္ေဝးတည္းေနၾကရန္ မီးမ်ားမွိတ္ထားစဥ္အတြင္း ဖုန္း၊ ကင္မရာစသည္တို႔ျဖင့္ ဓာတ္ပံုရိုက္ယူျခင္း ( Flash ) မီးမ်ား ဖြင့္ျခင္း မျပဳလုပ္ရန္၊ ဆူညံေအာ္ဟစ္ျခင္း၊  က်ယ္ေလာင္စြာစကားေျပာဆိုျခင္း စသည္တို႔ျဖင့္ အေႏွာင့္အယွက္ မျပဳရန္စသည့္ ေဆာင္ရန္ ၊ ေရွာင္ရန္အခ်က္မ်ားကိုလည္း ေၾကညာေပးလွ်က္ရွိသည္။

ည (၁၁)နာရီ(၂) မိနစ္ခန္႔တြင္ သုသာန္ဝန္းအတြင္းရွိ မီးမ်ားအားလံုးကိုပိတ္ကာ သတ္မွတ္ေနရာမ်ားတြင္ ၿငိမ္သက္စြာ ေစာင့္ဆိုင္း ၾကည့္ရႈေနၾကရသည္။

ယင္းအခ်ိန္တြင္ ၾကာကန္သုသာန္၏ ေတာင္ဘက္ရွိ မြတ္စလင္သုသာန္ႏွင့္ ခရစ္ယာန္သုသာန္အနီးမွ ေခြးအူသံ၊ ေခြးေဟာင္သံအခ်ိဳ႕ ငါးမိနစ္ခန္႔ထြက္ေပၚလာၿပီးေနာက္ ၾကည့္ရႈသူပရိသတ္မ်ားထဲမွ တီးတိုးတီးတိုး ခန္႔မွန္းေျပာဆိုသံမ်ား ၾကားေနရသည္။

ထိုသို႔ တီးတိုးသံမ်ား ဟိုမွ ဒီမွ ထြက္ေပၚေနစဥ္ ဝုန္းခနဲျမည္သံျဖင့္ ေနာက္ေက်ာဘက္မွ အသံက်ယ္က်ယ္ တစ္ခုေၾကာင့္ ထိတ္လန္႔ေအာ္ဟစ္သံအခ်ိဳ႕လည္း တစ္ၿပိဳင္တည္း ထြက္ေပၚလာခဲ့သည္။

“ေအာက္မွာ ေပပါခြံေတြပဲ ခံထားတာေလ။ လူအမ်ားႀကီးတက္မယ့္ ဝိတ္ကို မခံႏိုင္ေတာ့လုိ႔ စင္ၿပိဳက်တာျဖစ္မယ္”ဟု ပြဲျဖစ္ေျမာက္ေရးအဖြဲ႔မွ တစ္ဦးက ေျပာသည္။

ေမွာင္မိုက္ေနသည့္ အုတ္ဂူမ်ားအၾကား ရွာေဖြစူးစမ္းၾကည့္ေသာ္လည္း ထူးထူးျခားျခား ေတြ႔ရျခင္းမရိွဘဲ
သုသာန္အတြင္း မီးမ်ားျပန္ဖြင့္သည့္ အခ်ိန္တြင္ အုတ္ဂူမ်ား အႏွံ႔အျပားတြင္ ေကၽြးေမြးထားသည့္ အစားအစာမ်ားအား ဓာတ္ပံုရိုက္ခြင့္ျပန္ရခ်ိန္တြင္ ပရိသတ္မ်ားက လိုက္လံမွတ္တမ္းတင္ၾကေတာ့သည္။

“ဟိုနားေလးက အုတ္ဂူနားမွာခ်ေကြ်းထားတဲ့ ထမင္းပံုေတြမွာေတာ့ လက္ရာ အႀကီးႀကီးကိုေတြ႔တယ္။ အေကာင္ အထည္ေတာ့ ဦးလည္း မျမင္လိုက္ဘူး။ ထမင္းပံုေတြ အေနအထားပ်က္ေနတယ္”ဟု လားရိႈးၿမိဳ႕ ရပ္ကြက္(၅)မွ လာေရာက္သည့္ အသက္ (၅၀)အရြယ္ ဦးသန္းျမင့္က ေျပာသည္။

၎အေနျဖင့္ လားရိႈးၿမိဳ႕တြင္ ပထမဦးဆံုး ျပဳလုပ္သည့္ အကြ်တ္အလြတ္ပြဲျဖစ္သည့္အတြက္ မိသားစုႏွင့္အတူ လာေရာက္ ၾကည့္ရႈျခင္းျဖစ္ၿပီး မီးမ်ားမွိတ္ထားခ်ိန္တြင္ ဝိုးတဝါး အရိပ္မ်ား ျမင္ေတြ႔ရျခင္းမ်ိဳး ရွိခဲ့ေသာ္လည္း သူရဲ၊ တေစၦ၊ ၿပိတၱာ ဟူ၍ တိတိပပမေျပာတတ္ေၾကာင္း ၎က ဆုိသည္။
“သမီးကေတာ့ ဘာမွအဲဒီလိုေတြ မေတြ႔လိုက္ဘူး။ သူငယ္ခ်င္းေတြကေတာ့ ေတြ႔တယ္ေျပာတဲ့ သူလည္း ရွိတယ္။ မေတြ႔ဘူးေျပာတဲ့ သူလည္းရွိတယ္"ဟု အသက္(၂၄ )ႏွစ္ အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးက ေျပာသည္။

တခ်ိဳ႕ေကြ်းေမြးထားသည့္ အစားအစာမ်ားတြင္ ပါဝင္သည့္ ငွက္ေပ်ာသီးမ်ား၊ ထမင္းအပံုလိုက္မွ ျပန္႔က်ဲေနျခင္း၊ ထမင္းဘူးအခ်ိဳ႕တြင္ အေနအထား ပ်က္ယြင္းေနျခင္း၊ အရက္ပုလင္းမ်ားတြင္ အရက္မ်ား ကုန္ေနျခင္း အခ်ိဳ႕ကို ေတြ႔ရသည္။

“ဒီပြဲမွာ အရမ္းထူးျခားတာမ်ိဳးကေတာ့ ကြ်န္ေတာ့္္အေနနဲ႔ မေတြ႔ရေသးပါဘူး။ ေလာေလာဆယ္ေတာ့ ခုနက ၿပိဳက်သြားတဲ့ တရားေဟာစင္အပိုင္း တစ္ပိုင္းကို မနက္ခင္း အမွ်မေဝခင္ ျပန္ေကာင္းသြားေအာင္ ျပန္ျပင္ရဦးမယ္”ဟု လားရိႈး ေသြးႏွင့္လူမႈကူညီေရးအသင္းမွ ဥကၠဌ ကိုဆန္းဦးကေျပာသည္။

ည ၁၁ နာရီခြဲခန္႔တြင္ ပရိသတ္မ်ား ၾကာကန္သုသာန္မွ ျပန္လာၾကရာ လားရိႈးၿမိဳ႕အဝင္တြင္ ကားဆိုင္ကယ္အတန္းလိုက္ျဖင့္ စည္ကားေနသည္ကို ေတြ႔ရသည္။

သတင္းေဆာင္းပါး  - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပသည့် အကျွတ် အလွတ်ပွဲ (မကျွတ်မလွတ်သေးသူများအား ကျွေးမွေးလှူဒါန်းအမျှအတန်းပေးဝေပွဲ)ကို လားရှိုး-နမ္မတူ လမ်းနံဘေးရှိ ဘာသာပေါင်းစုံကြာကန်သုသာန်တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြသည်။

အဆိုပါပွဲအား တစ်နိုင်ငံလုံးတွင် အကျွတ်အလွတ်ပွဲများအား လိုက်လံပြုလုပ်ပေးနေသည့် ပရဟိတမင်းခေါင်အဖွဲ့၏ ဦးဆောင်မှုဖြင့် လားရှိုးမြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းစုစုပေါင်း (၃၈) သင်းက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

“ပွဲကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်လကျော်ကျော်လောက် ကြိုတင်ပြီး ညှိနှိုင်း အစည်းအဝေးလေးတွေ လုပ်တယ်။ တစ်မြို့လုံးက စေတနာရှင်တွေ ပါဝင် လှူဒါန်းနိုင်ဖို့အတွက် ပရဟိတအသင်း အဖွဲ့တွေက အသင်းဝင် တွေဆီမှာ လှူဒါန်းနိုင်အောင် ဖြန့်ကျက်လုပ်ဆောင်ခဲ့တယ်။ ကြာကန် သုသာန်ကိုတော့ အသင်းစုံ စုပေါင်းပြီး တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးလုပ်ခဲ့တယ်။ တစ်လတိတိ ကြိုတင်သန့်ရှင်းရေးလုပ်ထားတယ်”ဟု လားရှိုးမြို့ သွေးနှင့်လူမှုကူညီရေးအသင်းမှအသင်းဥက္ကဌ ကိုဆန်းဦးက ပြောသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်မှစတင်၍ အကျွတ်အလွတ်ပွဲကျင်းပမည့်သုသာန်အတွင်း ကြိုတင်ပြင်ဆင်မှုများ နေရာချထားမှုများအား အသင်းဝင်များက စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ညနေ (၆)နာရီဝန်းကျင်မှစကာ လားရှိုးမြို့အတွင်းရှိ မြို့သူမြို့သားအချို့မှ အကျွတ်အလွတ်ပွဲကျင်းပမည့်နေရာသို့ စတင်လာရောက်ခဲ့ကြသည်။

မြို့၏ ပထမဦးဆုံး အကျွတ်အလွတ်ပွဲအား စိတ်ဝင်တစားလာရောက်ကြသူများပြားသဖြင့် ညနေ ၆ နာရီခွဲခန့်တွင် ကြာကန်သုသာန်အတွင်း ကား၊ဆိုင်ကယ်များ ပြည့်နှက်သွားသည်ကို တွေ့ရသည်။

ယင်းအချိန်တွင် အကျွတ်အလွတ်ပွဲအကြောင်း၊ ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပရဟိတမင်းခေါင်အဖွဲ့မှ ရှင်းလင်းနပြေီး လာရောက်သည့် ပရိသတ်များ၊ အလှူရှင်များအား ပရဟိတအသင်းများက အချိုရည်ဘူးများ၊ ရေသန့်ဘူးများ လိုက်လံဝေငှပေးခဲ့သည်။

ယင်းနောက် ညနေ (၆) နာရီ (၄၅)မိနစ်ခန့်တွင် အုတ်ဂူများ၊ သင်္ချိုစောင့်ပုဂ္ဂိုလ်များနှင့် ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များအတွက် သီးသန့်ဆောက်လုပ်ထားသည့် ရောင်စုံစက္ကူကြိုးတန်းများဖြင့် ကန့်သတ်ထားသည့် နေရာများ၊ တရားဟောစင်မြင့်အနီးရှိ သဲခင်းကာ ရာဇမတ်ကာထားသည့် သဲပုံစေတီ၊ သုသာန်ဝန်း အတွင်းရှိ သစ်ပင်များ စသည့်နေရာများတွင် ဖယောင်းတိုင်၊ အမွှေးတိုင်များစတင်ထွန်းညှိကြသည်။

ည (၇)နာရီခွဲခန့်တွင် အကျွတ်အလွတ်အကြောင်း သိကောင်းစရာ အဖြာဖြာခေါင်းစဉ်ဖြင့် ပင့်ဖိတ်ထားသည့် ဆရာတော်က တရားဟောကြားနေချိန်တွင် အကျွတ်အလွတ်ပွဲ ကျင်းပရာနေရာအနီးရှိ စွန့်ပစ်အမှိုက်များ စုပေါင်းမီးရှို့ရာနေရာမှ မီးခိုးငွေ့များကြောင့် တရားနာသူများမှာ နှာခေါင်းကာ( Mask )များဖြင့် တပ်ဆင်၍ တရားနာယူခဲ့ရသည်။

 “ ကြောက်ပါတယ်ဆို မီးခိုးတွေနဲ့ဆိုတော့ အသက်ရှူရ ခက်တာကတစ်မျိုး၊ မြင်ကွင်းက ကွဲကွဲပြားပြားမဖြစ်လို့ လူလားသရဲလား တွေးနေရတာက တစ်မျိုးနဲ့ တွေ့ကရာ နေရာလည်း အပေါ့ မစွန့်ရဲဘူး”ဟု ရေမရှိတော့သည့် အိမ်သာအနီး အပေါ့စွန့်ရန် အလှည့်ကျစောင့်ဆိုင်းနေသည့် လူငယ်တစ်ဦးက ပြောသည်။

အကျွတ်အလွတ်ပွဲသို့ လာရောက်သူ များပြားလွန်းသဖြင့် ရေလောင်းအိမ်သာနှစ်လုံးမှာ တန်းစီ စောင့်နေရခြင်းဖြစ်သည်။

ထိုအချိန်တွင် လူအင်အားနှင့် ယာဉ်အစီးရေများလာရာ သုသာန်အတွင်းသို့ ယာဉ်များဝင်မရတော့ဘဲ သုသာန်အဝင်ဝရှိ သတ်မှတ်နေရာများ၌ ရပ်နားနိုင်ရန် သုသာန်အဝင်ဝလမ်းဆုံတွင် ညယူနီဖောင်း(ရောင်ပြန်) ဝတ်ဆင်ထားသည့် ယာဉ်ထိန်းအရာရှိတစ်ဦးနှင့် အရပ်ဝတ်အမျိုးသား ၃ ဦးခန့်က တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်။

ည (၁၀) နာရီခန့် တရားပွဲပြီးချိန်တွင် မကျွတ်မလွတ်သေးကုန်သော ဝိညာဉ်များ၊ ပြိတ္တာ များ၊ အစောင့်အရှောက် များအား ကျွေးမွေးခြင်း အစီအစဉ်စတင်ရန် လှူဒါန်းကြမည့် အစားအသောက်များ၊ ဆေးလိပ်၊ အရက် စသည်တို့ကို နေရာချထားသည့် အစီအစဉ်အား ဆက်လက်လုပ်ဆောင်ကြသည်။

သန့်ရှင်းသပ်ရပ်ကာ အလင်းရောင်များလုံလောက်စွာ စီစဉ်ပေးထားသည့် သုသာန်ဝန်းအတွင်းရှိ အုတ်ဂူများအကြား ထမင်းဇလုံ၊ ဟင်းဇလုံများကို သယ်ဆောင်သွားသည့် ပရဟိတအသင်းသားများနှင့် ပရိသတ်များက လိုက်လံချထားပေးကြသည်။

အုတ်ဂူများအကြားရှိ မြေပုံမို့မို့တစ်နေရာတွင် ဖယောင်းတိုင်အချို့ထွန်းညှိထားပြီး ထမင်းဘူး၊ ရေသန့်ဘူး စသည်တို့ဖြင့် တည်ခင်းထားကာ မိသားစု(၄)ဦးက သေဆုံးသွားသူအချို့၏ အမည်၊နေရပ်များဖြင့် တိုင်တည်ကာ ယခုပွဲတွင် လာရောက်စားသောက်ပါရန် အမျှအတန်းပေးဝေချိန်တွင် သာဓုခေါ်ဆိုနိုင်စေရန် အတွက် အသံထွက်ကာ ဆုတောင်းပေးနေသည်ကို တွေ့ရသည်။

ည (၁၁)နာရီထိုးရန် မိနစ်ပိုင်းအလိုတွင် မီးများအားလုံးကို မှိတ်တော့မည့်အကြောင်း အသံချဲ့စက်ဖြင့် ကြေညာပေးနပြေီး ပရိသတ်အားလုံး တရားဟောစင်မြင့်အနီးတွင် တစ်စုတစ်ဝေးတည်းနကြေရန် မီးများမှိတ်ထားစဉ်အတွင်း ဖုန်း၊ ကင်မရာစသည်တို့ဖြင့် ဓာတ်ပုံရိုက်ယူခြင်း ( Flash ) မီးများ ဖွင့်ခြင်း မပြုလုပ်ရန်၊ ဆူညံအော်ဟစ်ခြင်း၊ ကျယ်လောင်စွာစကားပြောဆိုခြင်း စသည်တို့ဖြင့် အနှောင့်အယှက် မပြုရန်စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း ကြေညာပေးလျှက်ရှိသည်။

ည (၁၁)နာရီ(၂) မိနစ်ခန့်တွင် သုသာန်ဝန်းအတွင်းရှိ မီးများအားလုံးကိုပိတ်ကာ သတ်မှတ်နေရာများတွင် ငြိမ်သက်စွာ စောင့်ဆိုင်း ကြည့်ရှုနကြေရသည်။

ယင်းအချိန်တွင် ကြာကန်သုသာန်၏ တောင်ဘက်ရှိ မွတ်စလင်သုသာန်နှင့် ခရစ်ယာန်သုသာန်အနီးမှ ခွေးအူသံ၊ ခွေးဟောင်သံအချို့ ငါးမိနစ်ခန့်ထွက်ပေါ်လာပြီးနောက် ကြည့်ရှုသူပရိသတ်များထဲမှ တီးတိုးတီးတိုး ခန့်မှန်းပြောဆိုသံများ ကြားနေရသည်။

ထိုသို့ တီးတိုးသံများ ဟိုမှ ဒီမှ ထွက်ပေါ်နေစဉ် ဝုန်းခနဲမြည်သံဖြင့် နောက်ကျောဘက်မှ အသံကျယ်ကျယ် တစ်ခုကြောင့် ထိတ်လန့်အော်ဟစ်သံအချို့လည်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။

“အောက်မှာ ပေပါခွံတွေပဲ ခံထားတာလေ။ လူအများကြီးတက်မယ့် ဝိတ်ကို မခံနိုင်တော့လို့ စင်ပြိုကျတာဖြစ်မယ်”ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့မှ တစ်ဦးက ပြောသည်။

မှောင်မိုက်နေသည့် အုတ်ဂူများအကြား ရှာဖွေစူးစမ်းကြည့်သော်လည်း ထူးထူးခြားခြား တွေ့ရခြင်းမရှိဘဲ
သုသာန်အတွင်း မီးများပြန်ဖွင့်သည့် အချိန်တွင် အုတ်ဂူများ အနှံ့အပြားတွင် ကျွေးမွေးထားသည့် အစားအစာများအား ဓာတ်ပုံရိုက်ခွင့်ပြန်ရချိန်တွင် ပရိသတ်များက လိုက်လံမှတ်တမ်းတင်ကြတော့သည်။

“ဟိုနားလေးက အုတ်ဂူနားမှာချကျွေးထားတဲ့ ထမင်းပုံတွေမှာတော့ လက်ရာ အကြီးကြီးကိုတွေ့တယ်။ အကောင် အထည်တော့ ဦးလည်း မမြင်လိုက်ဘူး။ ထမင်းပုံတွေ အနေအထားပျက်နေတယ်”ဟု လားရှိုးမြို့ ရပ်ကွက်(၅)မှ လာရောက်သည့် အသက် (၅၀)အရွယ် ဦးသန်းမြင့်က ပြောသည်။

၎င်းအနဖြေင့် လားရှိုးမြို့တွင် ပထမဦးဆုံး ပြုလုပ်သည့် အကျွတ်အလွတ်ပွဲဖြစ်သည့်အတွက် မိသားစုနှင့်အတူ လာရောက် ကြည့်ရှုခြင်းဖြစ်ပြီး မီးများမှိတ်ထားချိန်တွင် ဝိုးတဝါး အရိပ်များ မြင်တွေ့ရခြင်းမျိုး ရှိခဲ့သော်လည်း သူရဲ၊ တစ္ဆေ၊ ပြိတ္တာ ဟူ၍ တိတိပပမပြောတတ်ကြောင်း၎င်းက ဆိုသည်။
“သမီးကတော့ ဘာမှအဲဒီလိုတွေ မတွေ့လိုက်ဘူး။ သူငယ်ချင်းတွေကတော့ တွေ့တယ်ပြောတဲ့ သူလည်း ရှိတယ်။ မတွေ့ဘူးပြောတဲ့ သူလည်းရှိတယ်"ဟု အသက်(၂၄ )နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

တချို့ကျွေးမွေးထားသည့် အစားအစာများတွင် ပါဝင်သည့် ငှက်ပျောသီးများ၊ ထမင်းအပုံလိုက်မှ ပြန့်ကျဲနခြေင်း၊ ထမင်းဘူးအချို့တွင် အနေအထား ပျက်ယွင်းနခြေင်း၊ အရက်ပုလင်းများတွင် အရက်များ ကုန်နခြေင်း အချို့ကို တွေ့ရသည်။

“ဒီပွဲမှာ အရမ်းထူးခြားတာမျိုးကတော့ ကျွန်တော့်အနေနဲ့ မတွေ့ရသေးပါဘူး။ လောလောဆယ်တော့ ခုနက ပြိုကျသွားတဲ့ တရားဟောစင်အပိုင်း တစ်ပိုင်းကို မနက်ခင်း အမျှမဝေခင် ပြန်ကောင်းသွားအောင် ပြန်ပြင်ရဦးမယ်”ဟု လားရှိုး သွေးနှင့်လူမှုကူညီရေးအသင်းမှ ဥက္ကဌ ကိုဆန်းဦးကပြောသည်။

ည ၁၁ နာရီခွဲခန့်တွင် ပရိသတ်များ ကြာကန်သုသာန်မှ ပြန်လာကြရာ လားရှိုးမြို့အဝင်တွင် ကားဆိုင်ကယ်အတန်းလိုက်ဖြင့် စည်ကားနေသည်ကို တွေ့ရသည်။

သတင်းဆောင်းပါး - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~