လားရိႈးၿမိဳ႕ရွိ နန္းေဟဝန္ပန္းၿခံအား လြတ္လပ္ေရးပန္းျခံအျဖစ္ ျပည္ေထာင္စုေန႔တြင္ အမည္ေျပာင္းမည္

လားရိႈးၿမိဳ႕ရွိ နန္းေဟဝန္ပန္းၿခံအား လြတ္လပ္ေရးပန္းျခံအျဖစ္ ျပည္ေထာင္စုေန႔တြင္ အမည္ေျပာင္းမည္
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ရွိ နန္းေဟဝန္ပန္းၿခံအား လြတ္လပ္ေရးပန္းၿခံဟု ျပည္ေထာင္စုေန႔တြင္ စတင္အမည္ေျပာင္းလဲ၍ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

“နန္းေဟဝန္ပန္းၿခံကို လြတ္လပ္ေရးပန္းၿခံဆိုၿပီး အမည္ေျပာင္းၿပီး ျပန္လည္ဖြင့္လွစ္ဖို႔ကို ေဖေဖၚဝါရီလ ၁၂ ရက္ေန႔ ( ျပည္ေထာင္စုေန႔ ) မွာ ဖြင့္ပြဲလုပ္မယ္လို႔ ရည္ရြယ္ထားပါတယ္”ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္း က ေျပာသည္။

လြတ္လပ္ေရးပန္းၿခံ ဟု ပန္းၿခံမုခ္ဦးတြင္ အမည္ေျပာင္းလဲရန္ ဇန္နဝါရီလ ၂၄ ရက္ေန႔က လားရိႈးၿမိဳ႕ ၿမိဳနယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးရံုးတြင္ ဒီဇိုင္းေရြးခ်ယ္ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

“လြတ္လပ္ေရးပန္းၿခံဆိုၿပီး နာမည္ေျပာင္းၿပီး ဖြင့္လွစ္တာက ေကာင္းပါတယ္။ မဟုတ္ရင္ ျဖတ္သြား ျဖတ္လာေတာင္ မရွိဘူး။ အရင္က ကာရာအိုေကဆိုင္၊ ဘီယာဆိုင္ေတြရွိလို႔ လူစည္တာ။ အခုလို လူေတြ အပန္းေျဖခ်င္စရာ ျဖစ္ေအာင္ ျပဳျပင္ေပးတာေကာင္းပါတယ္”ဟု လားရိႈးၿမိဳ႕ခံတစ္ဦးျဖစ္သူ မဦးက ေျပာသည္။

ယခုျပဳျပင္ေဆာက္လုပ္ေနသည့္ အဆိုပါပန္းၿခံတြင္ လြတ္လပ္ေရးေက်ာက္တိုင္အနီး ရင္ျပင္မ်ား ေဆာက္လုပ္ျခင္း၊ ျပန္လည္မြန္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ေပးေနျခင္းတို႔အျပင္ စာၾကည့္တိုက္တစ္ခု ဖြင့္လွစ္ရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕တြင္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ ပန္းၿခံအမည္ေျပာင္းဖြင့္လွစ္ၿပီး ေဖေဖၚဝါရီလ (၁၃) ရက္တြင္ အဆိုပါပန္းၿခံ၌ ဗိုလ္ခ်ဳပ္ပံုတူေၾကးရုပ္ဖြင့္ပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ နန်းဟေဝန်ပန်းခြံအား လွတ်လပ်ရေးပန်းခြံဟု ပြည်ထောင်စုနေ့တွင် စတင်အမည်ပြောင်းလဲ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

“နန်းဟေဝန်ပန်းခြံကို လွတ်လပ်ရေးပန်းခြံဆိုပြီး အမည်ပြောင်းပြီး ပြန်လည်ဖွင့်လှစ်ဖို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ( ပြည်ထောင်စုနေ့ ) မှာ ဖွင့်ပွဲလုပ်မယ်လို့ ရည်ရွယ်ထားပါတယ်”ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း က ပြောသည်။

လွတ်လပ်ရေးပန်းခြံ ဟု ပန်းခြံမုခ်ဦးတွင် အမည်ပြောင်းလဲရန် ဇန်နဝါရီလ ၂၄ ရက်နေ့က လားရှိုးမြို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် ဒီဇိုင်းရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“လွတ်လပ်ရေးပန်းခြံဆိုပြီး နာမည်ပြောင်းပြီး ဖွင့်လှစ်တာက ကောင်းပါတယ်။ မဟုတ်ရင် ဖြတ်သွား ဖြတ်လာတောင် မရှိဘူး။ အရင်က ကာရာအိုကေဆိုင်၊ ဘီယာဆိုင်တွေရှိလို့ လူစည်တာ။ အခုလို လူတွေ အပန်းဖြေချင်စရာ ဖြစ်အောင် ပြုပြင်ပေးတာကောင်းပါတယ်”ဟု လားရှိုးမြို့ခံတစ်ဦးဖြစ်သူ မဦးက ပြောသည်။

ယခုပြုပြင်ဆောက်လုပ်နေသည့် အဆိုပါပန်းခြံတွင် လွတ်လပ်ရေးကျောက်တိုင်အနီး ရင်ပြင်များ ဆောက်လုပ်ခြင်း၊ ပြန်လည်မွန်းမံပြင်ဆင်မှုများ ပြုလုပ်ပေးနခြေင်းတို့အပြင် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

လားရှိုးမြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပန်းခြံအမည်ပြောင်းဖွင့်လှစ်ပြီး ဖေဖော်ဝါရီလ (၁၃) ရက်တွင် အဆိုပါပန်းခြံ၌ ဗိုလ်ချုပ်ပုံတူကြေးရုပ်ဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~