ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု မယ္ယန္းေက်းရြာတြင္ ခြင့္ျပဳခ်က္မရိွဘဲ ေျမတူးၿပီး သယ္ယူေနသည့္ ေျမသယ္ယာဥ္မ်ားအား ဖန္မင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးက ေဖေဖၚဝါရီလ (၁၆) ရက္ေန႔ ေန႔လယ္ပိုင္းက သြားေရာက္ တားျမစ္လိုက္ေၾကာင္း သိရသည္။
“သူတို႔က ဒီကအုပ္ခ်ဳပ္ေရးမွဴးဆီကိုလည္း ခြင့္ျပဳခ်က္ မေတာင္းဘဲ ေဟာင္လိတ္အထိသယ္ေနတာ။ ခြင့္ျပဳခ်က္မဲ့ စည္းကမ္းမဲ့ လုပ္ေနတာေတြ ဆက္မလုပ္ဖို႔ ဖန္မင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္းက သြားၿပီး တားျမစ္ထားပါတယ္။ ေနာက္ေန႔ ဆက္လုပ္ရင္ အေရးယူမယ္လို႔ ေျပာၿပီး တားျမစ္ထားပါတယ္”ဟု ဖန္မင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔၀င္ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အဆိုပါ ေက်းရြာတြင္ ေဖေဖာ္ဝါရီလ ဒုတိယပတ္မွစ၍ ေျမသယ္ယူေနသည့္ ယာဥ္မ်ားေၾကာင့္ ပတ္ဝန္းက်င္လူေနအိမ္မ်ားႏွင့္ လမ္းသြားလမ္းလာမ်ားမွာ ဖုန္မႈန္႔မ်ား ထူထပ္စြာခံစားေနရျခင္းျဖစ္ေၾကာင္း သိရသည္။
“ ဒီေန႔ေျမသယ္ယာဥ္ေတြေတာ့ မေတြ႕ေတာ့ဘူး။ မနက္ကတည္းက ရွင္းလင္းေနတယ္၊”ဟု မယ္ယန္းေက်းရြာမွ ကိုဇင္ယုက ေျပာသည္။
အဆိုပါ လမ္းတြင္ ေျမသယ္ယူေနသည့္ကားမ်ားသည္ ေဖေဖာ္ဝါရီလ ဒုတိယပတ္အတြင္း ေန႔စဥ္ ယာဥ္စီးေရ (၂၀)ခန္႔ျဖင့္ သယ္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို့က ဒီကအုပ်ချုပ်ရေးမှူးဆီကိုလည်း ခွင့်ပြုချက် မတောင်းဘဲ ဟောင်လိတ်အထိသယ်နေတာ။ ခွင့်ပြုချက်မဲ့ စည်းကမ်းမဲ့ လုပ်နေတာတွေ ဆက်မလုပ်ဖို့ ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှသိန်းက သွားပြီး တားမြစ်ထားပါတယ်။ နောက်နေ့ ဆက်လုပ်ရင် အရေးယူမယ်လို့ ပြောပြီး တားမြစ်ထားပါတယ်”ဟု ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ကျေးရွာတွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ မြေသယ်ယူနေသည့် ယာဉ်များကြောင့် ပတ်ဝန်းကျင်လူနေအိမ်များနှင့် လမ်းသွားလမ်းလာများမှာ ဖုန်မှုန့်များ ထူထပ်စွာခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနေ့မြေသယ်ယာဉ်တွေတော့ မတွေ့တော့ဘူး။ မနက်ကတည်းက ရှင်းလင်းနေတယ်၊”ဟု မယ်ယန်းကျေးရွာမှ ကိုဇင်ယုက ပြောသည်။
အဆိုပါ လမ်းတွင် မြေသယ်ယူနေသည့်ကားများသည် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း နေ့စဉ် ယာဉ်စီးရေ (၂၀)ခန့်ဖြင့် သယ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။