တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းတြင္ ေျမသယ္ယာဥ္မ်ားေၾကာင့္ လူေနရပ္ကြက္ႏွင့္ လမ္းသြားလမ္းလာမ်ား အေႏွာင့္အယွက္ျဖစ္ေန

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းတြင္ ေျမသယ္ယာဥ္မ်ားေၾကာင့္ လူေနရပ္ကြက္ႏွင့္ လမ္းသြားလမ္းလာမ်ား အေႏွာင့္အယွက္ျဖစ္ေန
ဖေဖော်ဝါရီ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု မယ္ယန္းေက်းရြာတြင္ ေျမသယ္ယာဥ္ မ်ားေၾကာင့္ ပတ္ဝန္းက်င္ရပ္ကြက္မ်ား၌ ေဖေဖာ္ဝါရီလ ဒုတိယပတ္မွစ၍ ဖုန္မႈန္႔မ်ား ထူထပ္စြာ ျဖစ္ေပၚေနေၾကာင္း သိရသည္။

“အရင္ကေတာ့ မရိွပါဘူး။ ဒီရက္ပုိင္းမွာပဲ ေျမသယ္ယာဥ္ေတြက အဖံုးအကာ မပါပဲတင္ေနေတာ့ လမ္းတစ္ေလွ်ာက္လံုး ဖုန္မႈန္႔ေတြနဲ႔ ျဖစ္ေနတယ္။ ေျမသယ္ယာဥ္ေတြက မနက္လင္း ကတည္းကေန ညအထိ သယ္ၾကတာ။ တစ္ေန႔ကို ကားအစီးေရ (၂၀)ေလာက္ရိွတယ္။ တာဝန္ရိွသူေတြကလည္း ဘာမွ လုပ္ေပးတာ မေတြ႕ေသးဘူး”ဟု မယ္ယန္းေက်းရြာမွ ကိုဇင္ယုက ေျပာသည္။

အဆိုပါ လမ္းတြင္ ေျမသယ္ယူေနသည့္ကားမ်ားသည္ ေဖေဖာ္ဝါရီလ ဒုတိယပတ္အတြင္း စတင္ သယ္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမသယ္ယာဥ္မ်ားမွ ဖုန္မႈန္႔မ်ားေၾကာင့္ အဆိုပါရပ္ကြက္အတြင္း လမ္းေဘးဝဲယာတစ္ေလွ်ာက္မွ လူေနအိမ္မ်ား၊ အဆိုပါလမ္းပိုင္းမွ ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူမ်ားမွာ အေႏွာင့္အယွက္ျဖစ္ေနရေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာတွင် မြေသယ်ယာဉ် များကြောင့် ပတ်ဝန်းကျင်ရပ်ကွက်များ၌ ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ ဖုန်မှုန့်များ ထူထပ်စွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အရင်ကတော့ မရှိပါဘူး။ ဒီရက်ပိုင်းမှာပဲ မြေသယ်ယာဉ်တွေက အဖုံးအကာ မပါပဲတင်နေတော့ လမ်းတစ်လျှောက်လုံး ဖုန်မှုန့်တွေနဲ့ ဖြစ်နေတယ်။ မြေသယ်ယာဉ်တွေက မနက်လင်း ကတည်းကနေ ညအထိ သယ်ကြတာ။ တစ်နေ့ကို ကားအစီးရေ (၂၀)လောက်ရှိတယ်။ တာဝန်ရှိသူတွေကလည်း ဘာမှ လုပ်ပေးတာ မတွေ့သေးဘူး”ဟု မယ်ယန်းကျေးရွာမှ ကိုဇင်ယုက ပြောသည်။

အဆိုပါ လမ်းတွင် မြေသယ်ယူနေသည့်ကားများသည် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စတင် သယ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။

မြေသယ်ယာဉ်များမှ ဖုန်မှုန့်များကြောင့် အဆိုပါရပ်ကွက်အတွင်း လမ်းဘေးဝဲယာတစ်လျှောက်မှ လူနေအိမ်များ၊ အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်မောင်းနှင်သူများမှာ အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~