ပင္လံုစိတ္ထား MTVအေတြ႔အႀကံဳရွင္းလင္းပြဲသို႔ ကယားျပည္နယ္လႊတ္ေတာ္ဥကၠဌ တက္ေရာက္

ပင္လံုစိတ္ထား MTVအေတြ႔အႀကံဳရွင္းလင္းပြဲသို႔ ကယားျပည္နယ္လႊတ္ေတာ္ဥကၠဌ တက္ေရာက္
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

ပင္လုံစိတ္ထား MTV အေတြ႕အၾကံဳ႐ွင္းလင္းပြဲ အခမ္းအနားကို ပင္လုံစိတ္ထား သီခ်င္းေရးစပ္ခဲ့သူ ဆရာသစ္လြင္ေအာင္ (လိြဳင္ေကာ္)က ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလ(၉)ရက္က က်င္းပရာ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ ဦးလွေထြးလည္း တက္ေရာက္ေၾကာငး္ သိရသည္။

"ကြ်န္ေတာ္တို႔ ကယားျပည္နယ္မွ ညီကိုေမာင္ႏွမေတြ ဒီတစ္ႏိုင္ငံလုံးရဲ႕ ျငိမ္းခ်မ္းေရး ခရီးမွာ စုေပါင္းျပီး တတ္ႏိုင္တဲ့ အပိုင္းက ပါဝင္ခဲ့ၿပီး ညီညႊတ္စြာ ပုံေဖာ္ၾကတဲ့ ပုံရိပ္ေလး ကိုလည္း ေပၚလြင္ေစခ်င္လို႔ပါ။ ေနာက္ဆုံး အေလးအနက္ ေျပာခ်င္တာက ဒီသီခ်င္းေလးဟာ ကယားျပည္နယ္ကို ကိုယ္စားျပဳၿပီး တစ္ႏိုင္ငံလုံးဆီ ျပည္ေထာင္စုစိတ္ထားေတြ ေရာက္သြားေအာင္ပါ"ဟု ဆရာသစ္လြင္ေအာင္က ေျပာသည္။

အဆိုပါ သီခ်င္းအား ေတးေရး သစ္လြင္ေအာင္(လိြဳင္ေကာ္)ေရးသားၿပီး ေတးဆို ေစာဖိုးခြား၊ ထက္ေအာင္၊ နင္ဇီေမတို႔သီဆိုထားကာ ဂီတပိုင္းဆိုင္ရာ ဖန္တီးသူအျဖစ္ လင္းထက္၊ ရိုက္ကူးတည္းျဖတ္ ဂ်ိဳနသန္တို႔က ပံုေဖာ္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ပင်လုံစိတ်ထား MTV အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ပင်လုံစိတ်ထား သီချင်းရေးစပ်ခဲ့သူ ဆရာသစ်လွင်အောင် (လွိုင်ကော်)က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလ(၉)ရက်က ကျင်းပရာ ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးလည်း တက်ရောက်ကြောငး် သိရသည်။

"ကျွန်တော်တို့ ကယားပြည်နယ်မှ ညီကိုမောင်နှမတွေ ဒီတစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ခရီးမှာ စုပေါင်းပြီး တတ်နိုင်တဲ့ အပိုင်းက ပါဝင်ခဲ့ပြီး ညီညွှတ်စွာ ပုံဖော်ကြတဲ့ ပုံရိပ်လေး ကိုလည်း ပေါ်လွင်စေချင်လို့ပါ။ နောက်ဆုံး အလေးအနက် ပြောချင်တာက ဒီသီချင်းလေးဟာ ကယားပြည်နယ်ကို ကိုယ်စားပြုပြီး တစ်နိုင်ငံလုံးဆီ ပြည်ထောင်စုစိတ်ထားတွေ ရောက်သွားအောင်ပါ"ဟု ဆရာသစ်လွင်အောင်က ပြောသည်။

အဆိုပါ သီချင်းအား တေးရေး သစ်လွင်အောင်(လွိုင်ကော်)ရေးသားပြီး တေးဆို စောဖိုးခွား၊ ထက်အောင်၊ နင်ဇီမေတို့သီဆိုထားကာ ဂီတပိုင်းဆိုင်ရာ ဖန်တီးသူအဖြစ် လင်းထက်၊ ရိုက်ကူးတည်းဖြတ် ဂျိုနသန်တို့က ပုံဖော်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~