ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္ မိုင္းတံုၿမိဳ႕နယ္ မိုင္းတံုၿမိဳ႕အနီးမွ နမ့္တြန္ေခ်ာင္းခ်ဲ႕ထြင္ျခင္းနွင့္ သဲႏံုးတူးေဖၚျခင္းအား ျပည္နယ္အစိုးရရန္ပံုေငြျဖင့္ ဆည္ေျမာင္းဦးစီးဌာနက လုပ္ေဆာင္ရာတြင္ တင္ျပစဥ္က မပါေသာ္လည္း ေျမျပင္အေျခအေနရ လိုအပ္ခ်က္မ်ားပါ ထပ္ျဖည့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
"ျပည္နယ္အစုိးရ ရန္ပံုေငြကေန ဘတ္ဂ်က္ ခြင့္ျပဳေပးခ့ဲတာပါ။ ဘက္ဟုိးသုံးစီးနဲ႔ ေဆာင္ရြက္ခ့ဲတာပါ။ လုပ္ငန္း မွာေတာ့ ကမ္းတစ္ဖက္ တာေဘာင္တင္ျခင္းပဲပါေပမဲ့ လိုအပ္တ့ဲေနရာေတြမွာ ကမ္းႏွစ္ဖက္လံုး တာေဘာင္တင္ေပးထားပါတယ္။ ေဒသခံေတြရဲ႕ ၿခံစုိက္ပ်ဳိးထားရိွတ့ဲအခ်ိဳ႕အပုိင္းေတြ အနည္းငယ္ ထိခိုက္မွဳေတာ့ ရိွေပမဲ့ ႀကီးၾကပ္ေရးေကာ္မီတီအဖြ႔ဲေတြနဲ႔ ေပါင္းစပ္ညိႇႏိွဳင္းေဆာင္ရြက္ေပးခ့ဲပါတယ္"ဟု မိုင္းတံုၿမိဳ႕ ဆည္ေျမာင္း ဦးစီးဌာန SAE ဦးေဇာ္ဟန္က ဆိုသည္။
မိုင္းတံုၿမိဳ႕ အနိမ့္ပိုင္းမ်ားတြင္ ႏွစ္စဥ္ေရႀကီးနစ္ျမႇဳပ္သျဖင့္ နမ့္တြန္ေခ်ာင္းအား ခ်ဲ႕ျခင္းႏွင့္ သဲႏံုးတူးေဖၚျခင္း လုပ္ေဆာင္ရန္ ျပည္နယ္အစုိးရ ရန္ပံုေငြမွ က်ပ္သိန္း(၉၃၀)ခြင့္ျပဳေပးခ့ဲၿပီး တင္ျမင့္ရီ ေဆာက္လုပ္ေရး ကုမၸဏီက စက္ယႏၱယားမ်ားျဖင့္ ေဆာင္ရြက္ေပးခ့ဲျခင္းျဖစ္ကာ ေဖေဖၚဝါရီလ (၂၃) ရက္ေန႔က ေဆာင္ရြက္ၿပီးစီးေၾကာင္း သိရသည္။
အဆိုပါ လုပ္ငန္းမ်ား စံခ်ိန္စံၫႊန္း မီေစေရး၊ ေဒသခံမ်ား၏ စုိက္ပ်ိဳးေျမမ်ား ထိခိုက္မွဳနည္းပါးေစေရး၊ ပဋိပကၡ မျဖစ္ပြားေစေရးတို႔အား ညိႇႏိွဳင္းေဆာင္ရြက္ေပးရန္ မိုင္းတံုၿမိဳ႕နယ္ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြ႔ံၿဖိဳးတိုးတက္မွဳ ႀကီးၾကပ္ေရးဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးေဇယ်ာမင္း ဦးေဆာင္သည့္ ႀကီးၾကပ္ေရးေကာ္မီတီအဖြဲ႔ဝင္ (၉)ဦးျဖင့္ ႀကီးၾကပ္ေဆာင္ရြက္ခ့ဲေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မိုင်းတုံမြို့အနီးမှ နမ့်တွန်ချောင်းချဲ့ထွင်ခြင်းနှင့် သဲနုံးတူးဖော်ခြင်းအား ပြည်နယ်အစိုးရရန်ပုံငွဖြေင့် ဆည်မြောင်းဦးစီးဌာနက လုပ်ဆောင်ရာတွင် တင်ပြစဉ်က မပါသော်လည်း မြပြေင်အခြေအနေရ လိုအပ်ချက်များပါ ထပ်ဖြည့်ဆောင်ရွက်ထားကြောင်း သိရသည်။
"ပြည်နယ်အစိုးရ ရန်ပုံငွေကနေ ဘတ်ဂျက် ခွင့်ပြုပေးခဲ့တာပါ။ ဘက်ဟိုးသုံးစီးနဲ့ ဆောင်ရွက်ခဲ့တာပါ။ လုပ်ငန်း မှာတော့ ကမ်းတစ်ဖက် တာဘောင်တင်ခြင်းပဲပါပေမဲ့ လိုအပ်တဲ့နေရာတွေမှာ ကမ်းနှစ်ဖက်လုံး တာဘောင်တင်ပေးထားပါတယ်။ ဒေသခံတွေရဲ့ ခြံစိုက်ပျိုးထားရှိတဲ့အချို့အပိုင်းတွေ အနည်းငယ် ထိခိုက်မှုတော့ ရှိပေမဲ့ ကြီးကြပ်ရေးကော်မီတီအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်"ဟု မိုင်းတုံမြို့ ဆည်မြောင်း ဦးစီးဌာန SAE ဦးဇော်ဟန်က ဆိုသည်။
မိုင်းတုံမြို့ အနိမ့်ပိုင်းများတွင် နှစ်စဉ်ရကြေီးနစ်မြှုပ်သဖြင့် နမ့်တွန်ချောင်းအား ချဲ့ခြင်းနှင့် သဲနုံးတူးဖော်ခြင်း လုပ်ဆောင်ရန် ပြည်နယ်အစိုးရ ရန်ပုံငွေမှ ကျပ်သိန်း(၉၃၀)ခွင့်ပြုပေးခဲ့ပြီး တင်မြင့်ရီ ဆောက်လုပ်ရေး ကုမ္ပဏီက စက်ယန္တယားများဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ စံချိန်စံညွှန်း မီစေရေး၊ ဒေသခံများ၏ စိုက်ပျိုးမြေများ ထိခိုက်မှုနည်းပါးစေရေး၊ ပဋိပက္ခ မဖြစ်ပွားစေရေးတို့အား ညှိနှိုင်းဆောင်ရွက်ပေးရန် မိုင်းတုံမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု ကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာမင်း ဦးဆောင်သည့် ကြီးကြပ်ရေးကော်မီတီအဖွဲ့ဝင် (၉)ဦးဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ