ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခ႐ုိင္၊ မိုင္းတံုၿမိဳ႕ ေနာင္ပါရင္ကြက္သစ္တြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေနေၾကာင္း သတင္းရသည့္ ေနအိမ္အား မူးယစ္တပ္ဖြဲ႕စု (၂၉)မိုင္းဆတ္က ဝင္ေရာက္ စစ္ေဆးစဥ္ ေနအိမ္အတြင္းမွ ဘိန္းျဖဴႏွင့္အတူ စိတ္ၾကြေဆး လာေရာက္ပို႔ေဆာင္သူတို႔ကိုပါ ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၂၉)မိုင္းဆတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ညေန (၃)နာရီ (၁၅)မိနစ္အခ်ိန္က ေနာင္ပါရင္ကြက္သစ္ရပ္ေန ေဒၚေမဝင္း၏ ေနအိမ္အား ဝင္ေရာက္စစ္ေဆးရာ ဘိန္းျဖဴဟု ယူဆရေသာ အျဖဴေရာင္အမႈန္႔ (၁) ဂရမ္အား ရွာေဖြေတြ႔ရိွရၿပီး အဆိုပါေနအိမ္အား စစ္ေဆးရွာေဖြေနစဥ္ ေနအိမ္ၿခံဝင္းအတြင္း ဝင္ေရာက္လာေသာ မနာကို ဆိုသူအား စစ္ေဆးရာ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ ပန္းေရာင္စိတ္ၾကြေဆးျပား WY (၄၉)ျပားအား စစ္ေဆးေတြ႕ရိွရေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႔က စစ္ေဆးခ်က္အရ အဆိုပါ ေဆးျပားမ်ားအား မုိင္းတံုေက်းရြာအုပ္စု ပိန္းမံုရြာေန အသက္ (၂၂)ႏွစ္အရြယ္ က်ေဘဆိုသူက ေဒၚေမဝင္းထံ ေပးပို႔ခုိင္းျခင္းျဖစ္ေၾကာင္း သိရသျဖင့္ ထပ္မံဖမ္းဆီးရန္ လုပ္ေဆာင္ေနခ်ိန္တြင္ က်ေဘမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။
လက္ရိွတြင္ မူးယစ္ေဆးဝါးမ်ား လက္ဝယ္ေတြ႔ရိွ သိမ္းဆည္းရမိသူ ေဒၚေမဝင္း ႏွင့္ မနာကုိ၊ ထြက္ေျပးတိမ္းေရွာင္ ေနသည့္ က်ေဘတို႔အား မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁ တို႔ျဖင့္ အမွဳဖြင့္စစ္ေဆးအေရးယူရန္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ညနေ (၃)နာရီ (၁၅)မိနစ်အချိန်က နောင်ပါရင်ကွက်သစ်ရပ်နေ ဒေါ်မေဝင်း၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့် (၁) ဂရမ်အား ရှာဖွေတွေ့ရှိရပြီး အဆိုပါနေအိမ်အား စစ်ဆေးရှာဖွေနေစဉ် နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်လာသော မနာကို ဆိုသူအား စစ်ဆေးရာ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား WY (၄၉)ပြားအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ အဆိုပါ ဆေးပြားများအား မိုင်းတုံကျေးရွာအုပ်စု ပိန်းမုံရွာနေ အသက် (၂၂)နှစ်အရွယ် ကျဘေဆိုသူက ဒေါ်မေဝင်းထံ ပေးပို့ခိုင်းခြင်းဖြစ်ကြောင်း သိရသဖြင့် ထပ်မံဖမ်းဆီးရန် လုပ်ဆောင်နေချိန်တွင် ကျဘေမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိ သိမ်းဆည်းရမိသူ ဒေါ်မေဝင်း နှင့် မနာကို၊ ထွက်ပြေးတိမ်းရှောင် နေသည့် ကျဘေတို့အား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူရန်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - အောင်ဇေယျ