ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔ နံနက္ပိုင္းက ႏွစ္(၇၀)ေျမာက္ျပည္ေထာင္စုေန႔ကုိ ႀကဳိဆုိဂုဏ္ျပဳေသာအားျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မုိင္းတုံၿမဳိ႕နယ္ရွိ မုိင္းတုံ - ဝမ္မုိင္ - ဖာခ်ယ္ေက်းရြာခ်င္းဆက္ ကတၱရာလမ္းသစ္ဖြင့္ပြဲ အခမ္းအနားအား က်င္းပျပဳလုပ္ခဲ့ၾကသည္။
အက်ယ္ (၁၂)ေပ၊ အရွည္ တစ္မုိင္၊ လမ္းထု (၉)လက္မရွိသည့္ အဆုိပါ ကတၱရာလမ္းသစ္အား မိုင္းတံုၿမဳိ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖဳိးတုိးတက္ေရးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ ခြင့္ျပဳရန္ပုံေငြက်ပ္ ၁၁၉ ဒႆမ ၇၃သန္းျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လမ္းသည္ မိုင္းတုံၿမိဳ႕မွ နားေကာင္းမူး၊ ပုံပါက်င္ၿမိဳ႕ႏွင့္ မုံးထၿမိဳ႕ သို႔ သြားလာႏိုင္သည့္ လမ္းမျဖစ္၍ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား ခရီးသြားလာေရးအတြက္ အဆင္ေျပေစမည့္ လမ္းျဖစ္ေၾကာင္း သိရသည္။
လမ္းသစ္ဖြင့္ပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေစာမွဴးလာ၊ မိုင္းဆတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ခရိုင္ေက်းလက္ဦးစီးမွဴး ဦးေအာင္လြင္၊ မိုင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္းႏွင့္ ဌာနဆိုင္ရာမ်ား၊ ရပ္မိရပ္ဖမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္လာေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - #သန္းေဇာ္ဦး
ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မိုင်းတုံ - ဝမ်မိုင် - ဖာချယ်ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။
အကျယ် (၁၂)ပေ၊ အရှည် တစ်မိုင်၊ လမ်းထု (၉)လက်မရှိသည့် အဆိုပါ ကတ္တရာလမ်းသစ်အား မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉ ဒဿမ ၇၃သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းသည် မိုင်းတုံမြို့မှ နားကောင်းမူး၊ ပုံပါကျင်မြို့နှင့် မုံးထမြို့ သို့ သွားလာနိုင်သည့် လမ်းမဖြစ်၍ ဒေသခံတိုင်းရင်းသား ပြည်သူများ ခရီးသွားလာရေးအတွက် အဆင်ပြေစေမည့် လမ်းဖြစ်ကြောင်း သိရသည်။
လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမှူးလာ၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ကျေးလက်ဦးစီးမှူး ဦးအောင်လွင်၊ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်လာကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - #သန်းဇော်ဦး