မိုင္းျဖတ္တြင္ လယ္ဧက ၂၀၀ ကို ေရေပးေဝႏိုင္မည့္ ဝမ္ပံုေခ်ာင္း ေရလႊဲဆည္အား ျပည္နယ္ရန္ပံုေငြ က်ပ္သန္း(၃၀)ျဖင့္ တည္ေဆာက္ေန

မိုင္းျဖတ္တြင္ လယ္ဧက ၂၀၀ ကို ေရေပးေဝႏိုင္မည့္ ဝမ္ပံုေခ်ာင္း ေရလႊဲဆည္အား ျပည္နယ္ရန္ပံုေငြ က်ပ္သန္း(၃၀)ျဖင့္ တည္ေဆာက္ေန
ဖေဖော်ဝါရီ 6, 2017
By Tachileik News Agency

႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မုိင္းျဖတ္ၿမိဳ႕နယ္ ၀မ္ပံုေက်းရြာအုပ္စု ၀မ္ပံုေခ်ာင္းတြင္ ေရလႊဲဆည္ တည္ေဆာက္ျခင္းအား ၂၀၁၆ -၂၀၁၇ ခု ဘ႑ာေရးႏွစ္ ျပည္နယ္ခြင့္ျပဳရန္ပံုေငြ က်ပ္သန္း(၃၀)ျဖင့္ ၿမိဳ႕နယ္ဆည္ေျမာင္းဦးစီးဌာနမွ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“တုတ္႐ိုက္ေက်ာက္ျဖည့္ ေရလႊဲဆည္ ဆိုတာကေတာ့ သစ္သားတိုင္႐ိုက္၊ သစ္သားအကန္႔ေတြလုပ္ၿပီး
ေအာက္ေျခမွာ ေက်ာက္ေတြကို စီထားၿပီးေတာ့ အေပၚမွာ ကြန္ကရစ္ေလာင္းတာျဖစ္ပါတယ္။ ေရနည္းတဲ့ အခ်ိန္မွာ ေအာက္ေျခေက်ာက္ေတြၾကားကေန ေရထြက္ၿပီး ေရမ်ားတဲ့အခ်ိန္မွာေတာ့ အေပၚ ေရေက်ာ္ကေရာ ေအာက္ေျခကပါ ေရထြက္မွာျဖစ္ပါတယ္”ဟု ဆည္ေျမာင္းဦးစီးဌာန မွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေမာင္ေမာင္ေအးက ေျပာသည္။

အဆိုပါ ေရလႊဲဆည္သည္ ေရေက်ာ္အျမင့္ (၃)ေပ၊ ေရကာအျမင့္ (၄)ေပ၊ အက်ယ္ (၃၀)ပတ္လည္ အက်ယ္ရွိၿပီး ၀မ္ပံုေက်းရြာနယ္နိမိတ္အတြင္းရွိ လယ္ဧက(၂၀၀)ေက်ာ္ကို ေႏြစပါးအတြက္ ေရေပးေဝႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ျပည္သူေတြ ေရရွည္ အသံုးျပဳလို႔ရေအာင္ ဒီဆည္ကို တာ၀န္ယူ ေဆာက္လုပ္ေနတဲ့ ဆည္ေျမာင္းဦးစီးအေနနဲ႔ သတ္မွတ္စံႏႈန္းအတိုင္း ခိုင္မာေအာင္ ေစတနာထားၿပီး ေဆာက္လုပ္ေပးဖို႔ ေျပာခ်င္ပါတယ္”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္က ေျပာသည္။

၎ေရလႊဲဆည္ တည္ေဆာက္ေနမႈ အေျခအေနအား ေဖေဖၚ၀ါရီလ (၆)ရက္ေန႔ နံနက္(၉)နာရီ ခြဲ အခ်ိန္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္ ႏွင့္ တာ၀န္ရွိသူမ်ားမွ လိုက္လံၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု ဝမ်ပုံချောင်းတွင် ရေလွှဲဆည် တည်ဆောက်ခြင်းအား ၂၀၁၆ -၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ လုပ်ဆောင်နေကြောင်း သိရသည်။

“တုတ်ရိုက်ကျောက်ဖြည့် ရေလွှဲဆည် ဆိုတာကတော့ သစ်သားတိုင်ရိုက်၊ သစ်သားအကန့်တွေလုပ်ပြီး
အောက်ခြေမှာ ကျောက်တွေကို စီထားပြီးတော့ အပေါ်မှာ ကွန်ကရစ်လောင်းတာဖြစ်ပါတယ်။ ရေနည်းတဲ့ အချိန်မှာ အောက်ခြေကျောက်တွကြေားကနေ ရေထွက်ပြီး ရေများတဲ့အချိန်မှာတော့ အပေါ် ရေကျော်ကရော အောက်ခြေကပါ ရေထွက်မှာဖြစ်ပါတယ်”ဟု ဆည်မြောင်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်အေးက ပြောသည်။

အဆိုပါ ရေလွှဲဆည်သည် ရေကျော်အမြင့် (၃)ပေ၊ ရေကာအမြင့် (၄)ပေ၊ အကျယ် (၃၀)ပတ်လည် အကျယ်ရှိပြီး ဝမ်ပုံကျေးရွာနယ်နိမိတ်အတွင်းရှိ လယ်ဧက(၂၀၀)ကျော်ကို နွေစပါးအတွက် ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ကတော့ ပြည်သူတွေ ရေရှည် အသုံးပြုလို့ရအောင် ဒီဆည်ကို တာဝန်ယူ ဆောက်လုပ်နေတဲ့ ဆည်မြောင်းဦးစီးအနေနဲ့ သတ်မှတ်စံနှုန်းအတိုင်း ခိုင်မာအောင် စေတနာထားပြီး ဆောက်လုပ်ပေးဖို့ ပြောချင်ပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ပြောသည်။

၎င်းရေလွှဲဆည် တည်ဆောက်နေမှု အခြေအနေအား ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်(၉)နာရီ ခွဲ အချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~