ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ၾကမ္းခင္းေစ်း က်ပ္(၅၈၀,၀၀၀)ျဖင့္ ပထမဆံုး ေလလံတင္လိုက္သည့္ မုိင္းျဖတ္-မိုင္းေယာင္း ၿမိဳ႕ဝင္ေၾကးဘီးေကာက္(၂)ေလလံမွာ က်ပ္သိန္း (၈,၀၁၀,၀၀၀)ျဖင့္ ေလလံရရိွသြားေၾကာင္း သိရသည္။
ေဖေဖၚဝါရီလ (၃)ရက္ နံက္(၉)နာရီတြင္ မိုင္းျဖတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၇)ခုအား ေလလံေရာင္းခ်ရာတြင္ ယခုဘ႑ာႏွစ္အတြင္း ပထမဆံုး စတင္ေလလံဖြင့္လိုက္သည့္ မိုင္းျဖတ္-မိုင္းေယာင္း ၿမိဳ႕ဝင္ေၾကးဘီးေကာက္(၂)ေလလံမွာ ၾကမ္းခင္းေစ်းထက္ အဆမတန္ ျမင့္တက္သြားျခင္းျဖစ္သည္။
အဆိုပါ လမ္းမွာ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း(၄၉)မိုင္ႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း(၁၇)မိုင္ရိွသည့္ လမ္းခြဲျဖစ္ၿပီး ယင္းလမ္းပိုင္းသည္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ဳိင္းတံုၿမိဳ႕ မ်ား မိုင္းေယာင္း၊ မိုင္းယု ၊ အထူးေဒသႏွင့္ တ႐ုတ္ ႏိုင္ငံမ်ားသို႔ သြားသည့္လမ္းေၾကာင္းတြင္ ရိွေနျခင္းျဖစ္သည္။
မိုင္းျဖတ္ - မိုင္းေယာင္း ၿမိဳ႕၀င္ေၾကးဘီးေကာက္(၂)လုပ္ငန္းသည္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ အသစ္ေပၚေပါက္လာေသာ ဂိတ္တစ္ခုျဖစ္ေၾကာင္း ႏွင့္ ေလလံၾကမ္းခင္းေစ်းအား က်ပ္(၅)သိန္းေက်ာ္ျဖင့္ ေလလံတင္ရာ က်ပ္သိန္း(၈၀)ေက်ာ္အထိ ျမင့္တက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ကြမ်းခင်းဈေး ကျပ်(၅၈၀,ဝဝဝ)ဖြင့် ပထမဆုံး လေလံတင်လိုက်သည့် မိုင်းဖြတ်-မိုင်းယောင်း မြို့ဝင်ကြေးဘီးကောက်(၂)လေလံမှာ ကျပ်သိန်း (၈,ဝ၁၀,ဝဝဝ)ဖြင့် လေလံရရှိသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၃)ရက် နံက်(၉)နာရီတွင် မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် (၇)ခုအား လေလံရောင်းချရာတွင် ယခုဘဏ္ဍာနှစ်အတွင်း ပထမဆုံး စတင်လေလံဖွင့်လိုက်သည့် မိုင်းဖြတ်-မိုင်းယောင်း မြို့ဝင်ကြေးဘီးကောက်(၂)လေလံမှာ ကြမ်းခင်းဈေးထက် အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။
အဆိုပါ လမ်းမှာ မိုင်းဖြတ်မြို့နယ်အတွင်း(၄၉)မိုင်နှင့် မိုင်းယောင်းမြို့နယ်အတွင်း(၁၇)မိုင်ရှိသည့် လမ်းခွဲဖြစ်ပြီး ယင်းလမ်းပိုင်းသည် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ များ မိုင်းယောင်း၊ မိုင်းယု၊ အထူးဒေသနှင့် တရုတ် နိုင်ငံများသို့ သွားသည့်လမ်းကြောင်းတွင် ရှိနခြေင်းဖြစ်သည်။
မိုင်းဖြတ် - မိုင်းယောင်း မြို့ဝင်ကြေးဘီးကောက်(၂)လုပ်ငန်းသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် အသစ်ပေါ်ပေါက်လာသော ဂိတ်တစ်ခုဖြစ်ကြောင်း နှင့် လေလံကြမ်းခင်းဈေးအား ကျပ်(၅)သိန်းကျော်ဖြင့် လေလံတင်ရာ ကျပ်သိန်း(၈၀)ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ