မိုင္းျဖတ္ၿမိဳ႕မေစ်း ပ်ံက်ေစ်းေကာက္လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားသူမရိွေသး

မိုင္းျဖတ္ၿမိဳ႕မေစ်း ပ်ံက်ေစ်းေကာက္လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားသူမရိွေသး
ဖေဖော်ဝါရီ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ၾကမ္းခင္းေစ်း (၁၆၈)သိန္းျဖင့္ ေလလံတင္သည့္ ၿမိိဳ႕မေစ်းပ်ံက်ေစ်းေကာက္လုပ္ငန္း ေလွ်ာက္ထားသူမရိွေသးေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ ေလလံအမ်ဳိးအစား(၇)မ်ဳိး သက္တမ္းတိုး၊ ေစ်းၿပိဳင္ေလလံေရာင္းခ်ျခင္းအား ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန႐ံုးခန္းတြင္ ေဖေဖၚ၀ါရီလ(၃)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က
က်င္းပျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔ စည္ပင္သာယာေရးဌာနအေနနဲ႔ ေလလံအမ်ဳိးအစား (၇)မ်ဳိးကို ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြေရွ႕၊ အမ်ားျပည္သူေရွ႕မွာ သက္တမ္းတိုး၊ ေစ်းၿပိဳင္ေလလံစနစ္နဲ႔ ေရာင္းခ်ေပးတာ ျဖစ္ပါတယ္။ ၿမိဳ႕မေစ်း ပ်ံက်ေစ်းေကာက္လုပ္ငန္းကို ၾကမ္းခင္းေစ်း (၁၆၈)သိန္းနဲ႔ ေခၚထားတာကို ခုခ်ိန္ထိ ေလွ်ာက္ထားသူ မရွိတဲ့အတြက္ (၃)ႀကိမ္ထိ ေခၚမွာ ျဖစ္ပါတယ္”ဟုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးတိုးေဇာ္ထြန္းက ေျပာသည္။

အဆိုပါ ေလလံေရာင္းခ်ျခင္းတြင္ ၿမိဳ႕၀င္ဘီးေကာက္(၁)ကို ေသာ္တာ၀င္းကုမၸဏီမွ ဦးစိုင္းကံ က က်ပ္(၁၃၅)သိန္းျဖင့္ လည္းေကာင္း၊ ကၽြဲ၊ ႏြားပြဲေစ်းလိုင္စင္ကို ဦးလႈိင္၀င္းေဆြက က်ပ္ (၃၄)သိန္း ျဖင့္ လည္းေကာင္း၊ လမ္းေဘးေစ်းေကာက္လိုင္စင္အား ေဒၚေစာခင္က က်ပ္ (၁၁)သိန္းျဖင့္လည္းေကာင္း၊
အေပါင္ဆိုင္လုိင္စင္အား ေဒၚသီတာ၀င္းက (၂,၀၅၀,၀၀၀)ျဖင့္လည္းေကာင္း၊  စက္ဘီး၊ ဆိုင္ကယ္ အပ္ႏွံဂိတ္ လုိင္စင္ကို ဦးေအာင္စိုးဦးက က်ပ္(၇,၄၄၀,၀၀၀)ျဖင့္လည္းေကာင္း၊ ၿမိဳ႕၀င္ေၾကးဘီးေကာက္(၂) မိုင္းေယာင္း - မိုင္းျဖတ္ ၀င္ထြက္ လိုင္စင္ကို ဦးအားဒန္က (၈၀၁၀,၀၀၀)ျဖင့္ လည္းေကာင္း အသီးသီးရရွိသြားေၾကာင္းသိရသည္။

“ ၿမိဳ႕၀င္ဘီးခြန္(၂)ကေတာ့ မိုင္းျဖတ္ၿမိဳ႕က ကား၊ သံုးဘီး၊ ဆိုင္ကယ္ေတြကို စည္ပင္သာယာေရးဌာန အေနနဲ႔ ကတ္တစ္ခု ခုလုပ္ေပးၿပီးေတာ့ ၿမိဳ႕၀င္/ထြက္ ဘီးခြန္ မေကာက္ဖို႔ကို အဓိကေျပာခ်င္ပါတယ္" ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးထြန္းေရႊက ေျပာသည္။

အဆုိပါ ေလလံေရာင္းခ်ပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္၊ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဇင္၀ိုင္းသက္ဦး၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးထြန္းေရႊ၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးတိုးေဇာ္ထြန္း၊  ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ေလလံ၀ယ္ယူသူမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကြမ်းခင်းဈေး (၁၆၈)သိန်းဖြင့် လေလံတင်သည့် မြို့မဈေးပျံကျဈေးကောက်လုပ်ငန်း လျှောက်ထားသူမရှိသေးကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေလံအမျိုးအစား(၇)မျိုး သက်တမ်းတိုး၊ ဈေးပြိုင်လေလံရောင်းချခြင်းအား မြို့နယ်စည်ပင်သာယာရေးဌာနရုံးခန်းတွင် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က
ကျင်းပခြင်းဖြစ်သည်။

“ကျွန်တော်တို့ စည်ပင်သာယာရေးဌာနအနေနဲ့ လေလံအမျိုးအစား (၇)မျိုးကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေရှေ့၊ အများပြည်သူရှေ့မှာ သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ မြို့မဈေး ပျံကျဈေးကောက်လုပ်ငန်းကို ကြမ်းခင်းဈေး (၁၆၈)သိန်းနဲ့ ခေါ်ထားတာကို ခုချိန်ထိ လျှောက်ထားသူ မရှိတဲ့အတွက် (၃)ကြိမ်ထိ ခေါ်မှာ ဖြစ်ပါတယ်”ဟုမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းက ပြောသည်။

အဆိုပါ လေလံရောင်းချခြင်းတွင် မြို့ဝင်ဘီးကောက်(၁)ကို သော်တာဝင်းကုမ္ပဏီမှ ဦးစိုင်းကံ က ကျပ်(၁၃၅)သိန်းဖြင့် လည်းကောင်း၊ ကျွဲ၊ နွားပွဲဈေးလိုင်စင်ကို ဦးလှိုင်ဝင်းဆွေက ကျပ် (၃၄)သိန်း ဖြင့် လည်းကောင်း၊ လမ်းဘေးဈေးကောက်လိုင်စင်အား ဒေါ်စောခင်က ကျပ် (၁၁)သိန်းဖြင့်လည်းကောင်း၊
အပေါင်ဆိုင်လိုင်စင်အား ဒေါ်သီတာဝင်းက (၂,ဝ၅၀,ဝဝဝ)ဖြင့်လည်းကောင်း၊ စက်ဘီး၊ ဆိုင်ကယ် အပ်နှံဂိတ် လိုင်စင်ကို ဦးအောင်စိုးဦးက ကျပ်(၇,၄၄၀,ဝဝဝ)ဖြင့်လည်းကောင်း၊ မြို့ဝင်ကြေးဘီးကောက်(၂) မိုင်းယောင်း - မိုင်းဖြတ် ဝင်ထွက် လိုင်စင်ကို ဦးအားဒန်က (၈၀၁၀,ဝဝဝ)ဖြင့် လည်းကောင်း အသီးသီးရရှိသွားကြောင်းသိရသည်။

“ မြို့ဝင်ဘီးခွန်(၂)ကတော့ မိုင်းဖြတ်မြို့က ကား၊ သုံးဘီး၊ ဆိုင်ကယ်တွေကို စည်ပင်သာယာရေးဌာန အနေနဲ့ ကတ်တစ်ခု ခုလုပ်ပေးပြီးတော့ မြို့ဝင်/ထွက် ဘီးခွန် မကောက်ဖို့ကို အဓိကပြောချင်ပါတယ်" ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းရွှေက ပြောသည်။

အဆိုပါ လေလံရောင်းချပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လေလံဝယ်ယူသူများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~