မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံု၏ လိုအပ္ခ်က္မ်ားအား ေစတနာရွင္မ်ားစုေပါင္း လွဴဒါန္းေပး

မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံု၏ လိုအပ္ခ်က္မ်ားအား ေစတနာရွင္မ်ားစုေပါင္း လွဴဒါန္းေပး
ဖေဖော်ဝါရီ 26, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္ မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ လိုအပ္ခ်က္မ်ားအား ေဒသတြင္း အလွဴရွင္မ်ားက ေဖေဖၚဝါရီလေနာက္ဆံုးပတ္္တြင္ စုေပါင္းလွဴဒါန္းၾကေၾကာင္း သိရသည္။
"ျပည္သူ႔ေဆးရံုမွာ ကုတင္လိုအပ္ခ်က္ရိွေနတယ္ဆိုၿပီး ၾကားသိရလို႔ လြန္ခ့ဲတ့ဲ တစ္လေက်ာ္ကတည္းက ေရႊ႔ေျပာင္းလြယ္ကူေစမယ့္ သံကုတင္(၁၀)လံုး ႀကိဳတင္မွာယူခ့ဲတာပါ။ ကုိယ္ဇာတိ္ၿမိဳ႕ ေဆး႐ုံအတြက္ ေစတနာအျပည့္နဲ႔ ရည္စူးလွဴဒါန္းေပးခ့ဲတာပါ။ လွဴဒါန္းေပးခ့ဲရတ့ဲအတြက္ ဝမ္းသာမိပါတယ္" ဟု အလွဴရွင္ တစ္ဦးျဖစ္သူ ဟုိပန္ဖာဖ့ဲျပည္သူ႔စစ္ေခါင္းေဆာင္ ဦးအိုက္ဆန္း က ေျပာသည္။
မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုအတြက္ မိုင္းတံုၿမိဳ႕နယ္ ဟုိပန္ဖာဖ့ဲျပည္သူ႔စစ္ေခါင္းေဆာင္ ဦးအိုက္ဆန္း မိသားစုက ထိုင္းဘတ္(၁၁၀,၀၀၀)တန္ဖိုးရိွ ဘီးတပ္သံကုတင္(၁၀)လံုးကို ေဖေဖၚဝါရီလ (၂၆) ရက္ေန႔က လွဴဒါန္းေၾကာင္း သိရသည္။
မိုင္းတံုၿမိဳ႕နယ္ျပည္သူ႔ေဆးရံုအတြက္ အာထရာေဆာင္းစက္ (USG)၊ ခြဲစိတ္ခန္းသုံးမီးလံုးႏွင့္ အျခား ေဆးဝါးမ်ား ဝယ္ယူရန္ အလွဴေငြက်ပ္သိန္း (၄၀)ကိုလည္း တာခ်ီလိတ္ၿမိဳ႕မွ ေရႊနန္းစံကုမၸဏီ၊ ရွင္းလံု ထုတ္လုပ္မႈကုမၸဏီ၊ စံလင္းၿဖိဳး ကုမၸဏီ၊ KTS ကုမၸဏီႏွင့္ Phoenix Hotel တို႔မွ ေဖေဖာ္ဝါရီလ(၂၅)ရက္ေန႔တြင္ လႈဒါန္းၾကေၾကာင္း သိရသည္။
"စည္ပင္ဝန္ႀကီး မိုင္းတံုၿမိဳ႕ကုိ လာတ့ဲခရီးစဥ္မွာ လိုအပ္ခ်က္ေတြေမးလို႔ တင္ျပခ့ဲတာ အလွဴ႐ွင္႐ွာၿပီး ေဆာင္ရြက္ေပးမယ္ေျပာသြားခ့ဲၿပီး ရက္ပုိင္း အတြင္း ေဆာင္ရြက္ေပးခ့ဲလို႔ ဝမ္းသာမိပါတယ္"ဟု ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာသက္ခိုင္မင္းက ဆိုသည္။
ယင္းလွဴဒါန္းပြဲသုိ႔ ျပည္နယ္လ်ွပ္စစ္ဝန္ႀကီး ဦးေဆြသိန္းႏွင့္ ျပည္နယ္ဥပေဒခ်ဳပ္ ဦးတင္ဦးတို႔ တက္ေရာက္ခ့ဲ ေၾကာင္းသိရသည္။
မိုင္းတံုျပည္သူ႔ေဆးရံုတြင္၂၀၁၆ ခုႏွစ္ ဇူလိုင္လခန္႔မွစ၍ ေဆးရံုတြင္ လာေရာက္ကုသသည့္ လူနာအင္အား တိုးလာေနေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
ဓာတ္ပံု - USSS 

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှ လိုအပ်ချက်များအား ဒေသတွင်း အလှူရှင်များက ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် စုပေါင်းလှူဒါန်းကြကြောင်း သိရသည်။
"ပြည်သူ့ဆေးရုံမှာ ကုတင်လိုအပ်ချက်ရှိနေတယ်ဆိုပြီး ကြားသိရလို့ လွန်ခဲ့တဲ့တစ်လကျော်ကတည်းက ရွှေ့ပြောင်းလွယ်ကူစေမယ့် သံကုတင်(၁၀)လုံး ကြိုတင်မှာယူခဲ့တာပါ။ ကိုယ်ဇာတိ်မြို့ ဆေးရုံအတွက် စေတနာအပြည့်နဲ့ ရည်စူးလှူဒါန်းပေးခဲ့တာပါ။ လှူဒါန်းပေးခဲ့ရတဲ့အတွက် ဝမ်းသာမိပါတယ်" ဟု အလှူရှင် တစ်ဦးဖြစ်သူ ဟိုပန်ဖာဖဲ့ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆန်း က ပြောသည်။
မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံအတွက် မိုင်းတုံမြို့နယ် ဟိုပန်ဖာဖဲ့ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆန်း မိသားစုက ထိုင်းဘတ်(၁၁၀,ဝဝဝ)တန်ဖိုးရှိ ဘီးတပ်သံကုတင်(၁၀)လုံးကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က လှူဒါန်းကြောင်း သိရသည်။
မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံအတွက် အာထရာဆောင်းစက် (USG)၊ ခွဲစိတ်ခန်းသုံးမီးလုံးနှင့် အခြား ဆေးဝါးများ ဝယ်ယူရန် အလှူငွေကျပ်သိန်း (၄၀)ကိုလည်း တာချီလိတ်မြို့မှ ရွှေနန်းစံကုမ္ပဏီ၊ ရှင်းလုံ ထုတ်လုပ်မှုကုမ္ပဏီ၊ စံလင်းဖြိုး ကုမ္ပဏီ၊ KTS ကုမ္ပဏီနှင့် Phoenix Hotel တို့မှ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် လှုဒါန်းကြကြောင်း သိရသည်။
"စည်ပင်ဝန်ကြီး မိုင်းတုံမြို့ကို လာတဲ့ခရီးစဉ်မှာ လိုအပ်ချက်တွေမေးလို့ တင်ပြခဲ့တာ အလှူရှင်ရှာပြီး ဆောင်ရွက်ပေးမယ်ပြောသွားခဲ့ပြီး ရက်ပိုင်းအတွင်း ဆောင်ရွက်ပေးခဲ့လို့ ဝမ်းသာမိပါတယ်"ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းက ဆိုသည်။
ယင်းလှူဒါန်းပွဲသို့ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့ တက်ရောက်ခဲ့ ကြောင်းသိရသည်။
မိုင်းတုံပြည်သူ့ဆေးရုံတွင်၂၀၁၆ ခုနှစ် ဇူလိုင်လခန့်မှစ၍ ဆေးရုံတွင် လာရောက်ကုသသည့် လူနာအင်အား တိုးလာနေကြောင်း သိရသည်။
သတင်း - အောင်ဇေယျ
ဓာတ်ပုံ - USSS 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~