ထိုင္းဘက္မွ စိုက္ပ်ဳိးေရးအတြက္ ေရတားျပဳလုပ္ခြင့္ရရွိေရး ျမန္မာ - ထိုင္း အလြတ္သေဘာ ေဆြးေႏြး

ထိုင္းဘက္မွ စိုက္ပ်ဳိးေရးအတြက္ ေရတားျပဳလုပ္ခြင့္ရရွိေရး ျမန္မာ - ထိုင္း အလြတ္သေဘာ ေဆြးေႏြး
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေန ထိုင္းလယ္သမားမ်ား၏ စိုက္ပ်ဳိးေရးလုပ္ငန္းအတြက္ ေရရယူသံုးစြဲျခင္း အခက္အခဲမ်ားႏွင့္ ပတ္သက္၍ မယ္ဆိုင္ေခ်ာင္းလယ္(ငွက္ေပ်ာဆိပ္)တြင္ ၀ါးလံုးမ်ားျဖင့္ ကာဆီး၍ ေရရယူခြင့္ျပဳႏိုင္ရန္အတြက္ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားရွိ ေရႊနန္းေတာ္ကုန္တိုက္တြင္ ျမန္မာ - ထိုင္း ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ(TBC) တို႔ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုင္းလယ္သမားမ်ား၏ စိုက္ပ်ဳိးေရး လုပ္ငန္းႏွင့္ ပတ္သက္၍ ေႏြရာသီကာလအတြက္ အခက္အခဲမ်ား ျဖစ္ေပၚေနရာ ရန္ေအာင္ေျမရပ္ကြက္ရွိ ငွက္ေပ်ာဆိပ္တြင္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔က ထိုင္းလယ္သမားမ်ားမွ ခြင့္ျပဳခ်က္ေတာင္းခံျခင္းမရွိဘဲ ေရတားမ်ား ျပဳလုပ္ခဲ့ၾကသည့္အတြက္ မိမိတို႔ဖက္မွ ေတာင္းပန္ပါေၾကာင္း ႏွင့္ ေႏြရာသီအခါတြင္ မယ္ဆိုင္ေခ်ာင္းေရကို အားထား၍ မိမိတို႔ လယ္သမားမ်ားမွ စိုက္ပ်ဳိးေရးကို ျပဳလုပ္ေနရသည့္အတြက္ ျမန္မာဘက္မွ ကူညီေပးႏိုင္ပါရန္ ေမတၱာရပ္ခံကာ ေဆြးေႏြးတင္ျပလာေၾကာင္း သိရသည္။

ျမန္မာဘက္ တာ၀န္ရွိသူမ်ားက မိမိတို႔ အေနျဖင့္ မိမိတို႔၏ သေဘာအတိုင္း ခြင့္ျပဳေပးႏိုင္ျခင္းမရွိေၾကာင္း ႏွင့္ ျပည္နယ္အစိုးရ၏ သေဘာထားကို ေတာင္းခံၿပီးမွသာ လုပ္ပိုင္ခြင့္ရွိ/မရွိကို သိႏိုင္မွာ ျဖစ္ေၾကာင္း ျမန္မာ - ထိုင္း ကိစၥမ်ားကို အလြတ္သေဘာ ျပန္လည္ေဆြးေႏြးခဲ့ၾကသည္။

အဆိုပါ အလြတ္သေဘာေဆြးေႏြးပြဲသို႔ ျမန္မာဘက္မွ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္ ႏွင့္ တာ၀န္ရွိသူမ်ား၊ ထိုင္းဘက္မွ အမွတ္(၃)လႈပ္ရွားယႏၱရားတပ္မွ ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ဖန္ေအ့ကိဒါေကာင့္ခ်န္ဒါ ႏွင့္ တာ၀န္ရွိသူမ်ား ပါ၀င္ကာ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းလယ္သမားမ်ားမွ ေႏြရာသီ စိုက္ပ်ဳိးေရ ရရွိေရးအတြက္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ (၉)ရက္ေန႔ကတစ္ႀကိမ္ (၁၃)ရက္ေန႔က တစ္ႀကိမ္ အဆိုပါ ေခ်ာင္းတြင္ ေရတားျပဳလုပ္ရန္အတြက္ စုရံုးခဲ့ၾကၿပီး ေဖေဖာ္၀ါရီလ(၈)ရက္ေန႔တြင္ ၀ါးလံုးမ်ားျဖင့္ ေရတားမ်ား ျပဳလုပ္ထားသည္ကို ေတြ႕ရွိရသည့္ အတြက္ ျမန္မာဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးကာ ကန္႔ကြက္တားျမစ္မႈေၾကာင့္ လယ္သမားမ်ားမွာ ေရတားျပဳလုပ္ေနရာမွ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

ယခုအခါမွာ ျမန္မာဘက္မွ ခြင့္ျပဳေပးႏိုင္ရန္အတြက္ ထိုင္းဘက္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္သို႔ လာေရာက္၍ အလြတ္သေဘာ ေဆြးေႏြးျခင္း ျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ ထိုင်းလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေရယူသုံးစွဲခြင်း အခက်အခဲများနှင့် ပတ်သက်၍ မယ်ဆိုင်ချောင်းလယ်(ငှက်ပျောဆိပ်)တွင် ဝါးလုံးများဖြင့် ကာဆီး၍ ရေရယူခွင့်ပြုနိုင်ရန်အတွက် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ရွှေနန်းတော်ကုန်တိုက်တွင် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC) တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းလယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ နွေရာသီကာလအတွက် အခက်အခဲများ ဖြစ်ပေါ်နေရာ ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က ထိုင်းလယ်သမားများမှ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရေတားများ ပြုလုပ်ခဲ့ကြသည့်အတွက် မိမိတို့ဖက်မှ တောင်းပန်ပါကြောင်း နှင့် နွေရာသီအခါတွင် မယ်ဆိုင်ချောင်းရေကို အားထား၍ မိမိတို့ လယ်သမားများမှ စိုက်ပျိုးရေးကို ပြုလုပ်နေရသည့်အတွက် မြန်မာဘက်မှ ကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံကာ ဆွေးနွေးတင်ပြလာကြောင်း သိရသည်။

မြန်မာဘက် တာဝန်ရှိသူများက မိမိတို့ အနဖြေင့် မိမိတို့၏ သဘောအတိုင်း ခွင့်ပြုပေးနိုင်ခြင်းမရှိကြောင်း နှင့် ပြည်နယ်အစိုးရ၏ သဘောထားကို တောင်းခံပြီးမှသာ လုပ်ပိုင်ခွင့်ရှိ/မရှိကို သိနိုင်မှာ ဖြစ်ကြောင်း မြန်မာ - ထိုင်း ကိစ္စများကို အလွတ်သဘော ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ မြန်မာဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် နှင့် တာဝန်ရှိသူများ၊ ထိုင်းဘက်မှ အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဖန်အေ့ကိဒါကောင့်ချန်ဒါ နှင့် တာဝန်ရှိသူများ ပါဝင်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းလယ်သမားများမှ နွေရာသီ စိုက်ပျိုးရေ ရရှိရေးအတွက် ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ကတစ်ကြိမ် (၁၃)ရက်နေ့က တစ်ကြိမ် အဆိုပါ ချောင်းတွင် ရေတားပြုလုပ်ရန်အတွက် စုရုံးခဲ့ကြပြီး ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ဝါးလုံးများဖြင့် ရေတားများ ပြုလုပ်ထားသည်ကို တွေ့ရှိရသည့် အတွက် မြန်မာဘက်မှ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးကာ ကန့်ကွက်တားမြစ်မှုကြောင့် လယ်သမားများမှာ ရေတားပြုလုပ်နေရာမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယခုအခါမှာ မြန်မာဘက်မှ ခွင့်ပြုပေးနိုင်ရန်အတွက် ထိုင်းဘက် တာဝန်ရှိသူများက တာချီလိတ်သို့ လာရောက်၍ အလွတ်သဘော ဆွေးနွေးခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~