ျမန္မာ - လာအို ဗဟိုအဆင့္ နယ္စပ္ေဒသအာဏာပိုင္မ်ား (၁၂)ႀကိမ္ေျမာက္ အစည္းအေဝးကို ေဖေဖၚဝါရီလ (၁၆) ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္တြင္ က်င္းပရာ ႏွစ္ႏုိင္ငံၾကား က႑စံု ပူးေပါင္းေဆာင္ရြက္ေရးကို ေဆြးေႏြးေၾကာင္း ျမန္မာႏိုင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၏ သတင္းအရ သိရသည္။
ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္တင္ႏွင့္ လာအိုျပည္သူ႔ ဒီမိုကရက္တစ္သမၼတႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီး မစၥတာ ဆာလူေဇးကြမ္မာစစ္တို႔ ပူးတြဲ ဥကၠဌအျဖစ္ က်င္းပသည့္ ျမန္မာ - လာအို ဗဟိုအဆင့္ နယ္စပ္ေဒသအာဏာပိုင္မ်ားအစည္းအေဝးတြင္ နယ္စပ္ေဒသလံုၿခံဳေရး၊ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ ကုန္သြယ္ေရး၊ ခရီးသြားလုပ္ငန္း ျမႇင့္တင္ေရးႏွင့္ ပတ္သက္၍ အျမင္ခ်င္းဖလွယ္ၾကၿပီး ႏွစ္ႏုိင္ငံအာဏာပိုင္မ်ားၾကား ပူးေပါင္းေဆာင္ရြက္မႈတိုးျမႇင့္ေရး ေဆြးေႏြးၾကေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးမတုိင္မီ အဆင့္ျမင့္အရာရိွႀကီးမ်ား အစည္းအေဝးကို ျမန္မာႏုိင္ငံဘက္မွ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ႏိုင္ငံေရးရာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ကိုႏွင့္ လာအိုႏုိင္ငံဘက္မွ အမ်ိဳးသားနယ္နမိတ္ေကာ္မတီရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ မစၥတာ ဖန္ဆာဗန္းကီရိုပရာဆြတ္တို႔ ဦးေဆာင္ၿပီး ေဖေဖၚဝါရီလ (၁၅) ရက္က ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္တြင္ က်င္းပေၾကာင္း သိရသည္။
Photo: Ministry of Foreign Affairs Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာလူဇေးကွမ်မာစစ်တို့ ပူးတွဲ ဥက္ကဌအဖြစ် ကျင်းပသည့် မြန်မာ - လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးတွင် နယ်စပ်ဒေသလုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြပြီး နှစ်နိုင်ငံအာဏာပိုင်များကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် လာအိုနိုင်ငံဘက်မှ အမျိုးသားနယ်နမိတ်ကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖန်ဆာဗန်းကီရိုပရာဆွတ်တို့ ဦးဆောင်ပြီး ဖေဖော်ဝါရီလ (၁၅) ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပကြောင်း သိရသည်။
Photo: Ministry of Foreign Affairs Myanmar