တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ဇန္န၀ါရီလ အတြင္းက စတင္၍ လမ္းေဘးက်ဴးေက်ာ္ေစ်းဆိုင္မ်ားႏွင့္ လမ္းေဘး ၀ဲ/ယာ အခိုင္အမာျပဳလုပ္ထားသည့္ ေစ်းဆိုင္တဲမ်ားအား ရွင္းလင္းဖယ္ရွားေနလွ်က္ရွိရာ ဆက္လက္၍ ေဖေဖာ္၀ါရီလ(၁၆)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္က မကာဟိုခမ္းရပ္ကြက္အတြင္း ရွင္းလင္းဖယ္ရွားခ့ဲေၾကာင္း သိရသည္။
"ရပ္ကြက္ေတြမွာ ရွင္းလင္းေရးလုပ္ေတာ့မယ္ဆိုရင္ သတိေပးမႈေတြ လုပ္ပါတယ္၊ ေနာက္ဆံုးအႀကိမ္ သတိေပးၿပီးတာနဲ႔ စည္းကမ္းလိုက္နာ ေဆာင္ရြက္ျခင္း မရွိတဲ့ လမ္းေဘးေစ်းသည္ နဲ႔ အခိုင္အမာ ျပဳလုပ္ထားတဲ့ တဲေတြကို ပူးေပါင္းအဖြဲ႔နဲ႔ စည္ပင္သာယာေရး ဥပေဒနဲ႔အညီ ေဆာင္ရြက္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
မကာဟိုခမ္းရပ္ကြက္အတြင္း စည္းကမ္းလိုက္နာ ေဆာင္ရြက္ျခင္း မရွိသည့္ ေစ်းဆိုင္တဲမ်ား ႏွင့္ ေနရာမ်ားကို ရွင္းလင္း ဖယ္ရွားရာတြင္ တာခ်ီလိတ္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ စည္းကမ္း ထိန္းသိမ္းေရးဝန္ထမ္းမ်ားက ဦးေဆာင္ကာ မကာဟိုခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္အဖြဲဲ႕ဝင္မ်ားျဖင့္ ပူးေပါင္းကာ ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္ျဖစ္သည့္ ၀မ္ေကာင္းရပ္ကြက္ ႏွင့္ မကာဟိုခမ္းရပ္ကြက္တို႔တြင္ လမ္းေဘး က်ဴးေက်ာ္ကာ အခိုင္အမာ ျပဳလုပ္ထားသည့္ ေစ်းဆိုင္တဲမ်ားအား ရွင္းလင္းဖယ္ရွားၿပီးေနာက္ ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ တစ္ရပ္ကြက္ၿပီး တစ္ရပ္ကြက္စနစ္ျဖင့္ လိုက္လံ ရွင္းလင္းဖယ္ရွားမႈမ်ား ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္ စည္ပင္
"ရပ်ကွက်တွေမှာ ရှင်းလင်းရေးလုပ်တော့မယ်ဆိုရင် သတိပေးမှုတွေ လုပ်ပါတယ်၊ နောက်ဆုံးအကြိမ် သတိပေးပြီးတာနဲ့ စည်းကမ်းလိုက်နာ ဆောင်ရွက်ခြင်း မရှိတဲ့ လမ်းဘေးဈေးသည် နဲ့ အခိုင်အမာ ပြုလုပ်ထားတဲ့ တဲတွေကို ပူးပေါင်းအဖွဲ့နဲ့ စည်ပင်သာယာရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မကာဟိုခမ်းရပ်ကွက်အတွင်း စည်းကမ်းလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် ဈေးဆိုင်တဲများ နှင့် နေရာများကို ရှင်းလင်း ဖယ်ရှားရာတွင် တာချီလိတ် မြို့နယ်စည်ပင်သာယာရေးဌာနမှ စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းများက ဦးဆောင်ကာ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်တို့တွင် လမ်းဘေး ကျူးကျော်ကာ အခိုင်အမာ ပြုလုပ်ထားသည့် ဈေးဆိုင်တဲများအား ရှင်းလင်းဖယ်ရှားပြီးနောက် ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များတွင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်စနစ်ဖြင့် လိုက်လံ ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ် စည်ပင်