တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်တွင် ဓမ္မာရုံတော်ကြီး ရေစက်ချ ပွဲနှင့် တရားပွဲ ကျင်းပပြုလုပ်မည်

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်တွင် ဓမ္မာရုံတော်ကြီး ရေစက်ချ ပွဲနှင့် တရားပွဲ ကျင်းပပြုလုပ်မည်
ဖေဖော်ဝါရီ 2, 2017
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့လယ်ရှိ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်၏ ဓမ္မာရုံတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာပွဲ နှင့် (၂)ညတိုင်တိုင် ဓမ္မပူဇာ တရားပွဲကိုလည်း ကျင်းပသွားမှာ ဖြစ်သည့် အတွက် မည်သူမဆို ပါဝင်ကုသိုလ်ယူကာ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေစက်ချအခမ်းအနား နှင့် တရားပွဲအား ဖေဖော်ဝါရီလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်ရန်အတွက် သတ်မှတ်ထားပြီး တရားပွဲအား ဖေဖော်ဝါရီလ(၈)ရက်နေ့မှ (၉)ရက်နေ့အထိ ညစဉ် (၇)နာရီခွဲအချိန်တွင် မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

တရားတော် ဟောကြားမည့်နေ့များတွင် မိုင်းငေါ့ဆရာတော်ဘုရားကြီး နှင့် မဟာမြတ်မုနိဆရာတော် ဘုရားကြီးတို့မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်တော်မူမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်တွင် (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် အလှူတော်မင်္ဂလာနှင့် တရားပွဲများအတွက် မည်သူမဆို မဟာမြတ်မုနိဘုရားကြီး စာသင်တိုက်သို့ လာရောက်၍ ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~