ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ ရပ္ကြက္ (၁၂) တြင္ ေဖေဖာ္ဝါရီလ (၁၇) ရက္ ေန႔လယ္ပိုင္းက မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္တစ္လံုးႏွင့္ ကားတစ္စီး မီးေလာင္ကြ်မ္းသြားေၾကာင္း သိရသည္။
“မီးေလာင္တာ ဟုတ္ပါတယ္။ အခု ( ပ ) နံပါတ္ ၂၄/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ( ၂၈၅ ) နဲ႔ အမႈဖြင့္ထားပါတယ္။ အာမခံရထားတယ္လို႔သိရပါတယ္”ဟု လားရႈိးၿမိဳ႕ နယ္ေျမရဲစခန္းမွ တာဝန္မွဴးရဲအရာရွိက ေျပာသည္။
မီးေလာင္မႈမွာ ေန႔လည္ (၁၁) နာရီခန္႔တြင္ စတင္ျဖစ္ပြားရာ အမွတ္(၁၂)ရပ္ကြက္ မီးသတ္ယာဥ္၊ ဗဟုိမီးသတ္ ယာဥ္ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားမွ မီးသတ္ယာဥ္မ်ား သြားေရာက္ မီးၿငႇိမ္းသတ္ခ့ဲရာ ေန႔လယ္ (၁၁)နာရီ (၅၀)မိနစ္ခန္႔တြင္ မီးထိန္းႏုိင္ခဲ့ေၾကာင္း သိရသည္။
“မီးေလာင္တာက အရမ္းျမန္တယ္။ ကားနဲ႔အိမ္နဲ႔ နီးေနေတာ့ ကားကိုမီးကူးသြားတာ မီးအားျမႇင့္စက္ အပူလြန္ၿပီး မီးစေလာင္တာလို႔ေျပာတယ္။ လူေတြေတာ့ အထိအခိုက္မရွိဘူး။ အိမ္ကေတာ့ အကုန္နီးပါးပဲ။ ကားကအတြင္းပိုင္းေတြ ေတာ္ေတာ္ေလာင္သြားတယ္”ဟု မီးေလာင္ရာသို႔ သြားေရာက္ခ့ဲသည့္ ကိုတိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ပတ္ဝန္းက်င္ေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ ၿငႇိမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။
သတင္း - #ေနၿဖိဳးျမင့္
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၁၂) တွင် ဖေဖော်ဝါရီလ (၁၇) ရက် နေ့လယ်ပိုင်းက မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံးနှင့် ကားတစ်စီး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
“မီးလောင်တာ ဟုတ်ပါတယ်။ အခု ( ပ ) နံပါတ် ၂၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ( ၂၈၅ ) နဲ့ အမှုဖွင့်ထားပါတယ်။ အာမခံရထားတယ်လို့သိရပါတယ်”ဟု လားရှိုးမြို့ နယ်မြေရဲစခန်းမှ တာဝန်မှူးရဲအရာရှိက ပြောသည်။
မီးလောင်မှုမှာ နေ့လည် (၁၁) နာရီခန့်တွင် စတင်ဖြစ်ပွားရာ အမှတ်(၁၂)ရပ်ကွက် မီးသတ်ယာဉ်၊ ဗဟိုမီးသတ် ယာဉ်နှင့် မြို့ပေါ်ရပ်ကွက်များမှ မီးသတ်ယာဉ်များ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
“မီးလောင်တာက အရမ်းမြန်တယ်။ ကားနဲ့အိမ်နဲ့ နီးနေတော့ ကားကိုမီးကူးသွားတာ မီးအားမြှင့်စက် အပူလွန်ပြီး မီးစလောင်တာလို့ပြောတယ်။ လူတွေတော့ အထိအခိုက်မရှိဘူး။ အိမ်ကတော့ အကုန်နီးပါးပဲ။ ကားကအတွင်းပိုင်းတွေ တော်တော်လောင်သွားတယ်”ဟု မီးလောင်ရာသို့ သွားရောက်ခဲ့သည့် ကိုတိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း - #နဖြေိုးမြင့်