ရွမ္းေရွ႕ လူမႈဝန္ထမ္းဦးစီးဌာနက ၂၁ ရာစုပင္လံုညီလာခံ ဂုဏ္ျပဳအစီအစဥ္မ်ား မူႀကိဳ (၂၆)ေက်ာင္းတြင္ လုပ္ေဆာင္မည္

ရွမ္းေရွ႕ လူမႈဝန္ထမ္းဦးစီးဌာနက ၂၁ ရာစုပင္လံုညီလာခံ ဂုဏ္ျပဳအစီအစဥ္မ်ား မူႀကိဳ (၂၆)ေက်ာင္းတြင္ လုပ္ေဆာင္မည္
ဖေဖော်ဝါရီ 7, 2017
By Tachileik News Agency

၂၁ ရာစုပင္လံုညီလာခံအား ဂုဏ္ျပဳႀကိဳဆိုသည့္ အေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈဝန္ထမ္းဦးစီးဌာန လက္ေအာက္ရိွ မူလတန္းႀကိဳေက်ာင္းမ်ားတြင္ ၿငိမ္းခ်မ္းေရးနွင့္ ပတ္သက္သည့္ ကဗ်ာ၊ သီခ်င္း၊ ပံုေျပာၿပိဳင္ပြဲမ်ားအား ေဖေဖၚဝါရီလ (၁၀) ရက္မွစ၍ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"က်င္းပတဲ့ၿပိဳင္ပြဲအားလံုးကေတာ့ လူမႈဝန္ထမ္းဦးစီးဌာနအေနနဲ႔ ၂၁ ရာစု ပင္လံုညီလာခံကို ႀကိဳဆိုတဲ့ အေနနဲ႔ လုပ္ေဆာင္တာပါ။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ ပံုျပင္၊ ကဗ်ာ၊ သီခ်င္းေတြကို ကေလးေတြ အခုေလ့က်င့္ ေနပါတယ္။ ေဖေဖၚဝါရီ (၁၀)ရက္ေန႔မွာေတာ့ ရွမ္းအေရွ႕က ကိုယ့္အားကိုယ္ကိုး မူႀကိဳေက်ာင္းေတြက ေက်ာင္းအလုိက္ ၿပိဳင္ပြဲေတြလုပ္ၿပီး ဆုေပးပြဲလည္း က်င္းပသြားမွာပါ”ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အဆိုပါ ၿပိဳင္ပြဲမ်ားအား ေဖေဖၚဝါရီလ (၁၀) ရက္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ကိုယ့္အားကိုယ္ကိုး မူႀကိဳေက်ာင္းမ်ားျဖစ္သည့္  မိုင္းပ်ဥ္းၿမိဳ႕မွ (၂)ေက်ာင္း၊ က်ိဳင္းတံုၿမိဳ႕မွ (၇ )ေက်ာင္း၊ တာခ်ီလိတ္ၿမိဳ႕မွ  (၁၇)ေက်ာင္းတြင္ ၿပိဳင္ပြဲမ်ား တၿပိဳင္တည္း အသီးသီးက်င္းပကာ ဆုေပးပြဲမ်ားလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုမွ အစိုးရ မူႀကိဳႏွစ္ေက်ာင္းတြင္ ၿငိမ္းခ်မ္းေရးနွင့္ပတ္သက္သည့္ ကဗ်ာ၊ သီခ်င္း၊ ပံုေျပာၿပိဳင္ပြဲမ်ားႏွင့္ ကေလးျပဳစုေရးဌာန၊ က်ိဳင္းတံု အမ်ိဳးသမီးသက္ေမြး အတတ္ပညာေက်ာင္း၊ က်ိဳင္းတံု ျပန္လည္ထူေထာင္ေရးစခန္းမ်ားတြင္ အားကစားၿပိဳင္ပြဲမ်ားကို ေဖေဖၚဝါရီလ (၁၂)ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ေဖေဖၚဝါရီလ (၁၂) ရက္ေန႔ ၿပိဳင္ပြဲအသီးသီးမွ ဆုရသည့္ကေလးမ်ားအား ေဖေဖၚဝါရီလ (၁၃) ရက္ေန႔ က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပမည့္ ျမန္မာႏုိင္ငံကေလးမ်ားေန႔ အခမ္းအနားတြင္ ဆုေပးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈဝန္ထမ္းဦးစီးဌာနလက္ေအာက္ရိွ မူႀကိဳေက်ာင္းမ်ားတြင္ ကေလးငယ္ေပါင္း (၂၇၀၀)ခန္႔ကို ျပဳစုပ်ိဳးေထာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
၂၁ ရာစုပင်လုံညီလာခံအား ဂုဏ်ပြုကြိုဆိုသည့် အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကဗျာ၊ သီချင်း၊ ပုံပြောပြိုင်ပွဲများအား ဖေဖော်ဝါရီလ (၁၀) ရက်မှစ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျင်းပတဲ့ပြိုင်ပွဲအားလုံးကတော့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့ အနေနဲ့ လုပ်ဆောင်တာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပုံပြင်၊ ကဗျာ၊ သီချင်းတွေကို ကလေးတွေ အခုလေ့ကျင့် နေပါတယ်။ ဖေဖော်ဝါရီ (၁၀)ရက်နေ့မှာတော့ ရှမ်းအရှေ့က ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေက ကျောင်းအလိုက် ပြိုင်ပွဲတွေလုပ်ပြီး ဆုပေးပွဲလည်း ကျင်းပသွားမှာပါ”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ ပြိုင်ပွဲများအား ဖေဖော်ဝါရီလ (၁၀) ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများဖြစ်သည့် မိုင်းပျဉ်းမြို့မှ (၂)ကျောင်း၊ ကျိုင်းတုံမြို့မှ (၇ )ကျောင်း၊ တာချီလိတ်မြို့မှ (၁၇)ကျောင်းတွင် ပြိုင်ပွဲများ တပြိုင်တည်း အသီးသီးကျင်းပကာ ဆုပေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်နှင့် ကျိုင်းတုံမှ အစိုးရ မူကြိုနှစ်ကျောင်းတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ကဗျာ၊ သီချင်း၊ ပုံပြောပြိုင်ပွဲများနှင့် ကလေးပြုစုရေးဌာန၊ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်ပညာကျောင်း၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းများတွင် အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပြိုင်ပွဲအသီးသီးမှ ဆုရသည့်ကလေးများအား ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ကျိုင်းတုံမြို့တွင် ကျင်းပမည့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူကြိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၇၀၀)ခန့်ကို ပြုစုပျိုးထောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~