သီးႏွံေဈးႏႈန္းမ်ား ျမႇင့္တင္ေပးရန္ ကယားျပည္နယ္အစိုးရအား ေတာင္သူမ်ား ဆႏၵေဖာ္ထုတ္

သီးႏွံေဈးႏႈန္းမ်ား ျမႇင့္တင္ေပးရန္ ကယားျပည္နယ္အစိုးရအား ေတာင္သူမ်ား ဆႏၵေဖာ္ထုတ္
ဖေဖော်ဝါရီ 3, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္း ထြက္ရွိသည့္ သီးနွံမ်ား ေစ်းကြက္ခိုင္မာစြာ ရရွိရန္နွင့္ စိုက္ပ်ိဳးေျမမ်ား အာမခံခ်က္ ရရွိေရးအတြက္ ေတာင္သူမ်ား ေဖေဖာ္ဝါရီလ (၂)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕မွ မိုးၿဗဲသို႔ လမ္းေလွ်ာက္ ခ်ီတက္ဆႏၵျပၾကသည္။

ျပည္နယ္၏ အဓိကစိုက္ပ်ိဳးသီးႏွံမ်ား ျဖစ္သည့္ ေျပာင္းဖူး ၊ ပဲစင္းငုံစသည့္ သီးႏွံေဈးကြက္မွာ ယခုႏွစ္တြင္ ဆိုးဆိုးရြားရြား က်ဆင္းေနၿပီး အဆင္မေျပမႈမ်ားႏွင့္ ႀကံဳေနရသျဖင့္ေျဖရွင္းေပးရန္ အစိုးရအား ေတာင္းဆိုခဲ့ သည္မွာ အခ်ိန္ၾကာျမင့္ခဲ႔ျပီျဖစ္ေသာ္လည္း ယခုခ်ိန္ထိ တစ္စုံတစ္ရာ ေဆာင္ရြက္ေပးမႈမရွိသည့္အတြက္ ဆႏၵေဖာ္ထုတ္ၾကျခင္းျဖစ္ေၾကာင္း သီးႏွံေဈးႏႈန္းျမႇင့္တင္ေရးႏွင့္ ၿငိမ္းခ်မ္းစြာ လူထုလႈပ္ရွားမႈ ေကာ္မတီဝင္ ခြန္ရဲမင္းေက်ာ္က ေျပာသည္။

"ကၽြန္ေတာ္တို႔ကေတာ့ ေက်ာင္းသားအေနနဲ႔ ပါဝင္တာေပါ့။ ေက်ာင္းသားဆိုတာ ေတာင္သူလယ္သမား မိဘကေနေမြးလာတာ။ မိဘအဆင္မေျပရင္ သားသမီးေတြလည္း အဆင္မေျပဘူးေပါ့။ အဓိက ေတာင္းဆိုတာက ေတာင္သူေတြ အေနနဲ႔ေပါ့။ သီးႏွံေဈးႏႈန္းေတြ ျမႇင့္တင္ေပးပါေပါ့ေနာ္။ အစိုးရကလည္း လုပ္ေပးဖို႕သင့္ေနၿပီ။ ေျပာလာတာလည္းၾကားလွေနျပီ။ ဒီအစိုးရတက္တာလည္းၾကာျပီ။ စီးပြားေရး ဆိုင္ရာ ေတာင္သူေတြအတြက္ ဘာမွလုပ္ေပးတာ ၾကည့္ေပးတာလည္းမရွိဘူး။ ဒါေၾကာင့္ ေတာင္းဆိုခ်င္တာက ေတာင္သူေတြ အခက္အခဲေပါင္းစုံျဖစ္ေနျပီ။ အဲဒါကို ေျဖရွင္းေပးပါ။ အလုပ္လုပ္ေပးပါလို႕အစိုးရကို ေတာင္းဆိုခ်င္ပါတယ္"ဟု သီးႏွံေဈးႏႈန္းျမႇင့္တင္ေရးႏွင့္ ၿငိမ္းခ်မ္းစြာ လူထုလႈပ္ရွားမႈ ေကာ္မတီဝင္ ခြန္ရဲမင္းေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵေဖာ္ထုတ္မႈအား ျပည္နယ္အစိုးရရုံးေရွ႕တြင္ လုပ္ေဆာင္ရန္ စီစဥ္ထားေသာ္လည္း ခြင့္မျပဳသျဖင့္ ျပည္နယ္အစိုးရရုံး မေရာက္မီ လမ္းဆုံတြင္ ဆႏၵေဖာ္ထုတ္ၾကေၾကာင္း သိရသည္။

သီးႏွံေဈးႏႈန္းမ်ား က်ဆင္းမႈကို ေျဖရွင္းေပးရန္ ဆႏၵေဖာ္ထုတ္သည့္အေနျဖင့္ ေတာင္သူမ်ားမွ ေျပာင္းဖူးမ်ား ပဲစင္းငုံမ်ားကို အစိုးရုံးအနီးရွိလမ္းမမ်ားေပၚ ႀကဲပက္ခဲ႔ၿပီး လိြဳင္ေကာ္ၿမိဳ႕မွ မိုးၿဗဲၿမိဳ႕သို႔ ေျခလ်င္ ခ်ီတတ္ ၍ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

သီးႏွံေစ်ႏႈန္းမ်ား ျမႇင့္တင္ေပးေရးႏွင့္ စိုက္ပ်ိဳးေျမမ်ား အာမခံခ်က္ရရွိေရးအတြက္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႕တြင္ လိြဳင္ေကာ္မွ မိုးၿဗဲ သို႕ ေျခလ်င္ ခ်ီတတ္ဆႏၵေဖာ္ထုတ္ခဲ႕ၾကျပီး ေဖေဖာ္ဝါရီလ ၃ရက္ေန႔တြင္ မိုးၿဗဲၿမိဳ႕မွ ဒီးေမာ့ဆိုၿမိဳ႕သို႔ လည္းေကာင္း ေဖေဖာ္ဝါရီလ (၄)ရက္ေန႔တြင္ ျငိမ္းခ်မ္းေရး ဆိုင္ရာ လူထုလႈပ္ရွားမႈ ေခါင္းစဥ္ျဖင့္ ဒီးေမာ့ဆိုၿမိဳ႕မွ လိြဳင္ေကာ္ၿမိဳ႕သို႔ သုံးရက္ၾကာ ခ်ီတက္ဆႏၵထုတ္ေဖၚရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင်း ထွက်ရှိသည့် သီးနှံများ ဈေးကွက်ခိုင်မာစွာ ရရှိရန်နှင့် စိုက်ပျိုးမြေများ အာမခံချက် ရရှိရေးအတွက် တောင်သူများ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် လွိုင်ကော်မြို့မှ မိုးဗြဲသို့ လမ်းလျှောက် ချီတက်ဆန္ဒပြကြသည်။

ပြည်နယ်၏ အဓိကစိုက်ပျိုးသီးနှံများ ဖြစ်သည့် ပြောင်းဖူး၊ ပဲစင်းငုံစသည့် သီးနှံဈေးကွက်မှာ ယခုနှစ်တွင် ဆိုးဆိုးရွားရွား ကျဆင်းနပြေီး အဆင်မပြေမှုများနှင့် ကြုံနေရသဖြင့်ဖြေရှင်းပေးရန် အစိုးရအား တောင်းဆိုခဲ့ သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှုမရှိသည့်အတွက် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သီးနှံဈေးနှုန်းမြှင့်တင်ရေးနှင့် ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှု ကော်မတီဝင် ခွန်ရဲမင်းကျော်က ပြောသည်။

"ကျွန်တော်တို့ကတော့ ကျောင်းသားအနေနဲ့ ပါဝင်တာပေါ့။ ကျောင်းသားဆိုတာ တောင်သူလယ်သမား မိဘကနေမွေးလာတာ။ မိဘအဆင်မပြေရင် သားသမီးတွေလည်း အဆင်မပြေဘူးပေါ့။ အဓိက တောင်းဆိုတာက တောင်သူတွေ အနေနဲ့ပေါ့။ သီးနှံဈေးနှုန်းတွေ မြှင့်တင်ပေးပါပေါ့နော်။ အစိုးရကလည်း လုပ်ပေးဖို့သင့်နပြေီ။ ပြောလာတာလည်းကြားလှနပြေီ။ ဒီအစိုးရတက်တာလည်းကြာပြီ။ စီးပွားရေး ဆိုင်ရာ တောင်သူတွေအတွက် ဘာမှလုပ်ပေးတာ ကြည့်ပေးတာလည်းမရှိဘူး။ ဒါကြောင့် တောင်းဆိုချင်တာက တောင်သူတွေ အခက်အခဲပေါင်းစုံဖြစ်နပြေီ။ အဲဒါကို ဖြေရှင်းပေးပါ။ အလုပ်လုပ်ပေးပါလို့အစိုးရကို တောင်းဆိုချင်ပါတယ်"ဟု သီးနှံဈေးနှုန်းမြှင့်တင်ရေးနှင့် ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှု ကော်မတီဝင် ခွန်ရဲမင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒဖော်ထုတ်မှုအား ပြည်နယ်အစိုးရရုံးရှေ့တွင် လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ခွင့်မပြုသဖြင့် ပြည်နယ်အစိုးရရုံး မရောက်မီ လမ်းဆုံတွင် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

သီးနှံဈေးနှုန်းများ ကျဆင်းမှုကို ဖြေရှင်းပေးရန် ဆန္ဒဖော်ထုတ်သည့်အနဖြေင့် တောင်သူများမှ ပြောင်းဖူးများ ပဲစင်းငုံများကို အစိုးရုံးအနီးရှိလမ်းမများပေါ် ကြဲပက်ခဲ့ပြီး လွိုင်ကော်မြို့မှ မိုးဗြဲမြို့သို့ ခြေလျင် ချီတတ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သီးနှံဈေနှုန်းများ မြှင့်တင်ပေးရေးနှင့် စိုက်ပျိုးမြေများ အာမခံချက်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လွိုင်ကော်မှ မိုးဗြဲ သို့ ခြေလျင် ချီတတ်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၃ရက်နေ့တွင် မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့သို့ လည်းကောင်း ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ငြိမ်းချမ်းရေး ဆိုင်ရာ လူထုလှုပ်ရှားမှု ခေါင်းစဉ်ဖြင့် ဒီးမော့ဆိုမြို့မှ လွိုင်ကော်မြို့သို့ သုံးရက်ကြာ ချီတက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~