ကယားျပည္နယ္တြင္း လမ္းတားဂိတ္မ်ားျဖင့္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံျခင္းမ်ားအစား ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ ေပးေဆာင္ေစသည့္စနစ္ကို က်င့္သံုးသြားရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
“ ျပည္နယ္အခြန္ကလည္း လိုတယ္။ အခြန္မေဆာင္ရတာ မဟုတ္ဘူး ေဆာင္ရမယ္။ လမ္းေပၚမွာ မဟုတ္ဘူး။ အဲဒီနည္းလမ္းက အခုကညန ရုံးမွာ ဆိုင္ကယ္ကား လိုင္စင္လုပ္မယ္ သက္တမ္းတိုးမယ္ အဲဒီမွာ တစ္ခါတည္း အခြန္ေဆာင္ခိုင္းမယ္ အဲဒီေတာ့ ႏိုင္ငံေတာ္လည္း တခါတည္း အခြန္ရတယ္။ အခု ဘတ္ဂ်က္ႏွစ္က ကုန္ေတာ့မယ္ ေလလံေတြ ထပ္ဆြဲဖို႔ လုပ္ထားတာကို ခဏရပ္ခိုင္းထားတယ္”ဟု မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက တာခ်ီလိတ္ သတင္းေအဂ်င္စီ ကို ေျပာသည္။
ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ စတုတၱပုံမွန္ အစည္းေဝး ပထမေန႔တြင္ မယ္စဲ့ၿမိဳ႕မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ကယားျပည္နယ္ တြင္းရွိ ၿမိဳ႕ဝင္ဘီးခြန္ ေကာက္ခံျခင္း နည္းအား လမ္းတားဂိတ္လုပ္၍ ေကာက္ခံေသာနည္းလမ္းအစား အျခားနည္းလမ္းျဖင့္ ေျပာင္းလဲေကာက္ခံသြား ရန္အဆိုကိုတင္သြင္းခဲ့ၿပီးေနာက္ ကန္႔ကြက္သူမရိွ အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ ျပည္သူေတြ အကုန္လုံးက ဒီလို ဘီးခြန္ေကာက္တာ မလိုလားလို႔ေပါ့။ အခုဆို ၿမိဳ႕ျပင္ေလးထြက္လည္း အသြား ႏွစ္ရာ၊ အျပန္ႏွစ္ရာ တစ္ရက္ေလးခါေလာက္သြားတဲ့သူဆို ဘယ္လိုလုပ္မလဲ။ ေနာက္ၿပီးေတာ့ အရမ္းရုိင္းတယ္ေလ။ ဘီးခြန္ေကာက္တဲ့ ေကာင္ေလးေတြက မိန္းကေလးေတြကိုဆိုလည္း ဆြဲလားရမ္းလား လုပ္တာေတြ ရွိတယ္။ အရင္က ဝါးတားၿပီး ေကာက္တာေပါ့။ အဲဒါကို အစိုးရသစ္ လက္ထက္မွာ ျဖဳတ္ခိုင္းခဲ့တယ္။ ဒါေပမဲ့ သူတို႔က တြန္းတဲ့ ဟာေလးေတြလုပ္ၿပီး တားျပန္တယ္ ပိုဆိုးတာေပါ့”ဟု မယ္စဲ့ၿမိဳ႕မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
ကယားျပည္နယ္တြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ လမ္းတား၍ ဘီးခြန္ေကာက္ေနျခင္းေၾကာင့္ ခရီးသြားျပည္သူမ်ား စိတ္ အေႏွာင့္အယွက္ျဖစ္သျဖင့္ ဖ်က္သိမ္းေပးရန္ ျပည္သူ (၃၃၅)ဦးက လက္မွတ္ေရးထိုး တိုင္ၾကားလာသျဖင့္ ျပည္နယ္လႊတ္ေတာ္တြင္ အဆိုတင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ျဖဳတ္လိုက္ရင္ ေကာင္းတယ္။ အခြန္ကို တျခားနည္းနဲ႔ ေဆာင္လည္း ရတာပဲ။ ျဖစ္လည္းျဖစ္သင့္ၿပီေလ။ တျခားျပည္နယ္နဲ႔ တိုင္းေတြမွာ မရွိေတာ့ဘူး။ ကယားပဲရွိတာ။ မနက္တိုင္း ဒီဂိတ္က ျဖတ္ရတာ အၿမဲ ရန္ျဖစ္ရတယ္။ တစ္ခါတေလ အလ်င္လိုေနလည္း ပိုက္ဆံႏွစ္ရာေလးနဲ႕ ပိတ္ထားတာကုိ ေစာင့္ေနရတယ္”ဟု လိြဳင္ေကာ္ၿမိဳ႕မွ ကိုမ်ိဳးမင္းက ေျပာသည္။
ကယားျပည္နယ္တြင္ ၿမိဳ႕နယ္ (၇) ခုလံုးတြင္ ဘီးခြန္ဂိတ္ အေပ်ာက္စနစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ကယားပြည်နယ်တွင်း လမ်းတားဂိတ်များဖြင့် မြို့ဝင်ဘီးခွန်ကောက်ခံခြင်းများအစား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပေးဆောင်စေသည့်စနစ်ကို ကျင့်သုံးသွားရန် ပြင်ဆင်နေကြောင်း သိရသည်။
“ ပြည်နယ်အခွန်ကလည်း လိုတယ်။ အခွန်မဆောင်ရတာ မဟုတ်ဘူး ဆောင်ရမယ်။ လမ်းပေါ်မှာ မဟုတ်ဘူး။ အဲဒီနည်းလမ်းက အခုကညန ရုံးမှာ ဆိုင်ကယ်ကား လိုင်စင်လုပ်မယ် သက်တမ်းတိုးမယ် အဲဒီမှာ တစ်ခါတည်း အခွန်ဆောင်ခိုင်းမယ် အဲဒီတော့ နိုင်ငံတော်လည်း တခါတည်း အခွန်ရတယ်။ အခု ဘတ်ဂျက်နှစ်က ကုန်တော့မယ် လေလံတွေ ထပ်ဆွဲဖို့ လုပ်ထားတာကို ခဏရပ်ခိုင်းထားတယ်”ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက တာချီလိတ် သတင်းအေဂျင်စီ ကို ပြောသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္တပုံမှန် အစည်းဝေး ပထမနေ့တွင် မယ်စဲ့မြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ကယားပြည်နယ် တွင်းရှိ မြို့ဝင်ဘီးခွန် ကောက်ခံခြင်း နည်းအား လမ်းတားဂိတ်လုပ်၍ ကောက်ခံသောနည်းလမ်းအစား အခြားနည်းလမ်းဖြင့် ပြောင်းလဲကောက်ခံသွား ရန်အဆိုကိုတင်သွင်းခဲ့ပြီးနောက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်သူတွေ အကုန်လုံးက ဒီလို ဘီးခွန်ကောက်တာ မလိုလားလို့ပေါ့။ အခုဆို မြို့ပြင်လေးထွက်လည်း အသွား နှစ်ရာ၊ အပြန်နှစ်ရာ တစ်ရက်လေးခါလောက်သွားတဲ့သူဆို ဘယ်လိုလုပ်မလဲ။ နောက်ပြီးတော့ အရမ်းရိုင်းတယ်လေ။ ဘီးခွန်ကောက်တဲ့ ကောင်လေးတွေက မိန်းကလေးတွေကိုဆိုလည်း ဆွဲလားရမ်းလား လုပ်တာတွေ ရှိတယ်။ အရင်က ဝါးတားပြီး ကောက်တာပေါ့။ အဲဒါကို အစိုးရသစ် လက်ထက်မှာ ဖြုတ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ သူတို့က တွန်းတဲ့ ဟာလေးတွေလုပ်ပြီး တားပြန်တယ် ပိုဆိုးတာပေါ့”ဟု မယ်စဲ့မြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
ကယားပြည်နယ်တွင်းရှိ မြို့နယ်များတွင် လမ်းတား၍ ဘီးခွန်ကောက်နခြေင်းကြောင့် ခရီးသွားပြည်သူများ စိတ် အနှောင့်အယှက်ဖြစ်သဖြင့် ဖျက်သိမ်းပေးရန် ပြည်သူ (၃၃၅)ဦးက လက်မှတ်ရေးထိုး တိုင်ကြားလာသဖြင့် ပြည်နယ်လွှတ်တော်တွင် အဆိုတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြုတ်လိုက်ရင် ကောင်းတယ်။ အခွန်ကို တခြားနည်းနဲ့ ဆောင်လည်း ရတာပဲ။ ဖြစ်လည်းဖြစ်သင့်ပြီလေ။ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ မရှိတော့ဘူး။ ကယားပဲရှိတာ။ မနက်တိုင်း ဒီဂိတ်က ဖြတ်ရတာ အမြဲ ရန်ဖြစ်ရတယ်။ တစ်ခါတလေ အလျင်လိုနေလည်း ပိုက်ဆံနှစ်ရာလေးနဲ့ ပိတ်ထားတာကို စောင့်နေရတယ်”ဟု လွိုင်ကော်မြို့မှ ကိုမျိုးမင်းက ပြောသည်။
ကယားပြည်နယ်တွင် မြို့နယ် (၇) ခုလုံးတွင် ဘီးခွန်ဂိတ် အပျောက်စနစ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း