အစိုးရ၏ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ခ်က္မ်ား လမ္းမွန္ မေရာက္ေသးေၾကာင္း ကယန္းျပည္သစ္ပါတီ ေဝဖန္

အစိုးရ၏ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ခ်က္မ်ား လမ္းမွန္ မေရာက္ေသးေၾကာင္း ကယန္းျပည္သစ္ပါတီ ေဝဖန္
ဖေဖော်ဝါရီ 14, 2017
By Tachileik News Agency

အစိုးရအဆက္ဆက္လုပ္ေဆာင္လာသည့္ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ခ်က္မ်ားမွာ ေအာင္ျမင္မႈမရေသးဘဲ လမ္း မွန္ေပၚမေရာက္ေသးေၾကာင္း ကယန္းျပည္သစ္ပါတီ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးေစာလြင္က ေဝဖန္လုိက္သည္။

"ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ လမ္းမွန္ေပၚေရာက္ဖို႔ဆိုရင္ နံပတ္တစ္အခ်က္က ထိုးစစ္ေတြအားလုံးကို ရပ္စဲရမယ္။ ႏွစ္အခ်က္က အပစ္ရပ္စာခ်ဳပ္ NCA နဲ႔ ႏိုင္ငံေရးဆိုင္ရာေဆြးေႏြးမႈ မူေဘာင္ေတြကို ျပင္သင့္တာျပင္၊ ဖ်က္သင့္တာဖ်က္၊ အသစ္ေရးသင့္တာ ေရးရမယ္။ ေနာက္တစ္ခ်က္ကေတာ့ ၿငိမ္းခ်မ္းေရး ညီလာခံမွာ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းအားလုံးကို တတ္ေရာက္ခြင့္ျပဳရမွာျဖစ္ပါတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လုံဟာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးကို ဦးတည္ၿပီးက်င္းပတဲ႕ ညီလာခံျဖစ္ရပါမယ္။ ဒီအခ်က္ေတြကို အေကာင္ထည္ ေဖာ္ႏိုင္မွသာလွ်င္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ လမ္းမွန္ေပၚမွာရွိတယ္လို႔ ေျပာႏိုင္မွာ ျဖစ္ပါတယ္ "ဟု ကယန္းျပည္သစ္ပါတီ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးေစာလြင္က လက္ရိွ ၿငိမ္းခ်မ္းေရး ေဖၚေဆာင္မႈ အေျခအေနကို ေဝဖန္လုိက္သည္။

ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အေကာင္ထည္ေဖာ္လုပ္ေဆာင္ေနသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ေအာင္ျမင္မႈမရိွေသးသျဖင့္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားက ဆႏၵေဖာ္ထုတ္၍ ျငိမ္းခ်မ္းေရး ေတာင္းဆိုမႈမ်ား ျပဳလုပ္ေနၾကသည္ဟု ၎ကဆိုသည္။

"ခု ၂၁ ရာစုပင္လုံညီလာခံေတြ လုပ္ေပမဲ့ စစ္ပြဲေတြ ရပ္မသြားဘူး။ က်ံဳ႕မသြားဘူး။ ပိုၿပီးေတာင္ က်ယ္ျပန္႔လာေသးတယ္။ ဒါကတိုးတတ္တဲ့ အေျခေနမ်ိဳးမဟုတ္ဘူး လက္ရွိ NLD အစိုးရကို ျပည္သူေတြနဲ႔ အားလုံးက ဖိအာေပးေတာင္းဆိုဖို႔ လိုသလို စစ္တပ္ကိုလည္း ေတာင္းဆိုပါလို႔ေျပာခ်င္တယ္ "ဟု ကယားျပည္နယ္ ေက်ာင္းသားမ်ားသမၢမွ မ်ိဳးလိႈင္ဝင္းက ေျပာသည္။

လက္ရွိ အခ်ိန္ထိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အား ထိေရာက္စြာအေကာင္အထည္ မေဖၚႏုိင္သျဖင့္ တိုက္ပြဲမ်ားေၾကာင့္ အထိနာလာသည့္ ျပည္သူလူထု ၿငိမ္းခ်မ္းေရးေတာင္းဆိုမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

အစိုးရအဆက်ဆက်လုပ်ဆောင်လာသည့် ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များမှာ အောင်မြင်မှုမရသေးဘဲ လမ်း မှန်ပေါ်မရောက်သေးကြောင်း ကယန်းပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ဝေဖန်လိုက်သည်။

"ငြိမ်းချမ်းရေးလုပ်ငန်းတွေ လမ်းမှန်ပေါ်ရောက်ဖို့ဆိုရင် နံပတ်တစ်အချက်က ထိုးစစ်တွေအားလုံးကို ရပ်စဲရမယ်။ နှစ်အချက်က အပစ်ရပ်စာချုပ် NCA နဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှု မူဘောင်တွေကို ပြင်သင့်တာပြင်၊ ဖျက်သင့်တာဖျက်၊ အသစ်ရေးသင့်တာ ရေးရမယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေး ညီလာခံမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို တတ်ရောက်ခွင့်ပြုရမှာဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒပြေင်ဆင်ရေးကို ဦးတည်ပြီးကျင်းပတဲ့ ညီလာခံဖြစ်ရပါမယ်။ ဒီအချက်တွေကို အကောင်ထည် ဖော်နိုင်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လမ်းမှန်ပေါ်မှာရှိတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ် "ဟု ကယန်းပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောလွင်က လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကို ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်ထည်ဖော်လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အောင်မြင်မှုမရှိသေးသဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများက ဆန္ဒဖော်ထုတ်၍ ငြိမ်းချမ်းရေး တောင်းဆိုမှုများ ပြုလုပ်နကြေသည်ဟု၎င်းကဆိုသည်။

"ခု ၂၁ ရာစုပင်လုံညီလာခံတွေ လုပ်ပေမဲ့ စစ်ပွဲတွေ ရပ်မသွားဘူး။ ကျုံ့မသွားဘူး။ ပိုပြီးတောင် ကျယ်ပြန့်လာသေးတယ်။ ဒါကတိုးတတ်တဲ့ အခြေနေမျိုးမဟုတ်ဘူး လက်ရှိ NLD အစိုးရကို ပြည်သူတွေနဲ့ အားလုံးက ဖိအာပေးတောင်းဆိုဖို့ လိုသလို စစ်တပ်ကိုလည်း တောင်းဆိုပါလို့ပြောချင်တယ် "ဟု ကယားပြည်နယ် ကျောင်းသားများသမ္ဂမှ မျိုးလှိုင်ဝင်းက ပြောသည်။

လက်ရှိ အချိန်ထိ ငြိမ်းချမ်းရေးဖြစ်စဉ်အား ထိရောက်စွာအကောင်အထည် မဖော်နိုင်သဖြင့် တိုက်ပွဲများကြောင့် အထိနာလာသည့် ပြည်သူလူထု ငြိမ်းချမ်းရေးတောင်းဆိုမှုများ ပြုလုပ်နခြေင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~