လႊတ္ေတာ္တြင္ ကိုယ္စားလွယ္မ်ား၏ ေမးခြန္းမ်ားကို ေျဖၾကားမည့္ သက္ဆိုင္ရာ အစိုးရဝန္ႀကီးဌာန ကိုယ္စားလွယ္မ်ားအေနျဖင့္ ေအာက္ေျခထိ ကြင္းဆင္းစစ္ေဆးၿပီး ျပည့္စုံစြာေျဖၾကားရန္ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ စတုတၱပုံမွန္အစည္းအေဝးတြင္ လႊတ္ေတာ္ဥကၠဌက သတိေပးလိုက္သည္။
"ကြ်န္ေတာ္တစ္ခု သတိေပး အၾကံေပးခ်င္တာက လႊတ္ေတာ္ထဲမွာ ေမးခြန္းေတြကို ျပန္ေျဖတဲ့အခါမွာ ဒီေအာက္ေျခက ေပးလာတဲ့စာကို လႊတ္ေတာ္ထဲ ျပန္ဖတ္ျပတာမ်ိဳးေတြ ျဖစ္ေနတယ္။ ဒါကလုံးဝ မျဖစ္သင့္ ဘူးေလေနာ္။ ေသခ်ာလုပ္ေပးပါ။ ခုက စာလာဖတ္ျပေနတာမ်ိဳးပဲ ျဖစ္ေနတယ္။ ေနာက္ဆို အေျဖေတြ ျပန္ေျဖမယ္ဆိုရင္ သက္ဆိုင္ရာ ဝန္ႀကီးေတြအေနနဲ႔ ကိုယ္ေျဖၾကားရမယ့္ကိစၥကို ကိုယ္တိုင္ကြင္းဆင္းၿပီး ကိုယ့္ဆီက အခ်က္အလက္ေတြနဲ႔ ေသခ်ာေျဖေပးပါလို႔ ဒီေနရာမွာ အၾကံျပဳခ်င္တယ္။ ဒီဟာကို လႊတ္ေတာ္က မွတ္တမ္း တင္ထားေပးပါ "ဟု ေဖေဖၚဝါရီလ (၂၃) ရက္က လႊတ္ေတာ္က်င္းပေနခ်ိန္တြင္ ကယားျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးလွေထြးက သတိေပးေျပာဆိုသည္။
လႊတ္ေတာ္ဥကၠဌ၏ တုိက္တြန္းခ်က္အတိုင္း လုပ္ေဆာင္ပါက လႊတ္ေတာ္အား လူထုအေနျဖင့္ ပိုမို အားကိုးလာႏုိင္ေစမည္ဟု ျပည္သူမ်ားက ေျပာဆိုလိုက္သည္။
" ဒီလႊတ္ေတာ္ထဲမွာ ဝန္ႀကီးေတြကလည္း ကိုယ္စားလွယ္ေတြပဲေလ ဒီေတာ့ ေစတနာထားၿပီး လုပ္ေပးပါ။ ကိုယ္တိုင္ စနစ္တက် အလုပ္ေတြ လုပ္ထားတဲ့ပုံစံ ကၽြန္ေတာ္တို႔ လုံးဝ ယုံၾကည္မႈ ႐ွိေနရမွာေပါ့။ အခုက ေရးလာတဲ့စာေတြ ဖတ္ေနရင္ ဒါလႊတ္ေတာ္ မဟုတ္ေတာ့ဘူး။ လႊတ္ေတာ္ကို ေလးစားဖို႔လိုတယ္။ လႊတ္ေတာ္ကို ေလးစားတာ လူထုတစ္ခုလုံးကို ေလးစားတာပါပဲ”ဟု ကိုဝင္းေဇာ္က ေျပာသည္။
ကယားျပည္နယ္လႊတ္ေတာ္ စတုတၱပုံမွန္အစည္းေဝး ဒုတိယေန႔ကို ေဖေဖာ္ဝါရီလ (၂၃) ရက္ေန႔က က်င္းပခဲ့ၿပီး ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ (၁၂)ဦး၊ တပ္မေတာ္သား ကိုယ္စားလွယ္(၄)ဦး၊ ဗမာတိုင္းရင္းသား လႊတ္ေတာ္ ကိုယ္စားလွယ္ (၁)ဦး စုစုေပါင္း (၁၇)ဦး တက္ေရာက္ၾကၿပီး ခြင့္ပန္ၾကားေသာ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁)ဦးႏွင့္ လစ္လပ္ (၁)ဦးျဖစ္ၿပီး အစည္းေဝး တတိယေန႔ကို ေဖေဖာ္ဝါရီလ (၂၇) ရက္ေန႕တြင္ ျပန္လည္က်င္းပသြားမည္ ျဖစ္သည္။
သတင္း - ဆန္းၿဖဳိးထြန္း
"ကျွန်တော်တစ်ခု သတိပေး အကြံပေးချင်တာက လွှတ်တော်ထဲမှာ မေးခွန်းတွေကို ပြန်ဖြေတဲ့အခါမှာ ဒီအောက်ခြေက ပေးလာတဲ့စာကို လွှတ်တော်ထဲ ပြန်ဖတ်ပြတာမျိုးတွေ ဖြစ်နေတယ်။ ဒါကလုံးဝ မဖြစ်သင့် ဘူးလေနော်။ သေချာလုပ်ပေးပါ။ ခုက စာလာဖတ်ပြနေတာမျိုးပဲ ဖြစ်နေတယ်။ နောက်ဆို အဖြေတွေ ပြန်ဖြေမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးတွေအနေနဲ့ ကိုယ်ဖြကြေားရမယ့်ကိစ္စကို ကိုယ်တိုင်ကွင်းဆင်းပြီး ကိုယ့်ဆီက အချက်အလက်တွေနဲ့ သေချာဖြေပေးပါလို့ ဒီနေရာမှာ အကြံပြုချင်တယ်။ ဒီဟာကို လွှတ်တော်က မှတ်တမ်း တင်ထားပေးပါ "ဟု ဖေဖော်ဝါရီလ (၂၃) ရက်က လွှတ်တော်ကျင်းပနေချိန်တွင် ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက သတိပေးပြောဆိုသည်။
လွှတ်တော်ဥက္ကဌ၏ တိုက်တွန်းချက်အတိုင်း လုပ်ဆောင်ပါက လွှတ်တော်အား လူထုအနဖြေင့် ပိုမို အားကိုးလာနိုင်စေမည်ဟု ပြည်သူများက ပြောဆိုလိုက်သည်။
" ဒီလွှတ်တော်ထဲမှာ ဝန်ကြီးတွေကလည်း ကိုယ်စားလှယ်တွေပဲလေ ဒီတော့ စေတနာထားပြီး လုပ်ပေးပါ။ ကိုယ်တိုင် စနစ်တကျ အလုပ်တွေ လုပ်ထားတဲ့ပုံစံ ကျွန်တော်တို့ လုံးဝ ယုံကြည်မှု ရှိနေရမှာပေါ့။ အခုက ရေးလာတဲ့စာတွေ ဖတ်နေရင် ဒါလွှတ်တော် မဟုတ်တော့ဘူး။ လွှတ်တော်ကို လေးစားဖို့လိုတယ်။ လွှတ်တော်ကို လေးစားတာ လူထုတစ်ခုလုံးကို လေးစားတာပါပဲ”ဟု ကိုဝင်းဇော်က ပြောသည်။
ကယားပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ကျင်းပခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦး၊ တပ်မတော်သား ကိုယ်စားလှယ်(၄)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် (၁)ဦး စုစုပေါင်း (၁၇)ဦး တက်ရောက်ကြပြီး ခွင့်ပန်ကြားသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးနှင့် လစ်လပ် (၁)ဦးဖြစ်ပြီး အစည်းဝေး တတိယနေ့ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည် ဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း