ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ား၏ ေစ်းေရာင္းပြဲေတာ္တြင္ ေက်ာင္းသားမ်ား ေရးဆြဲထားသည့္ Mobile Applicationမ်ား၊ Circuit မ်ားျဖင့္ တည္ေဆာက္ထားေသာ Road Detection Circuit နွင့္ Liquid Crystal Display Message တို႔ကို မိတ္ဆက္ျပသေၾကာင္း သိရသည္။
ေစ်းေရာင္းပြဲေတာ္အား ေဖေဖာ္ဝါရီလ(၂)ရက္ နံနက္(၉)နာရီက စတင္ကာ အဆိုပါ တကၠသိုလ္ ေက်ာင္းဝင္းတြင္ က်င္းပျခင္း ျဖစ္သည္။
"ဒီတစ္ေခါက္ ေစ်းေရာင္းပြဲမွာေတာ႔ စားေသာက္စရာေတြ၊ Game အစီအစဥ္ေတြသာ မကပဲနဲ႔ Samsung Mobile App သင္တန္းကို သြားတက္ခဲ႔တဲ့ ေက်ာင္းသားေတြ ေရးထားတဲ႔ Mobile App ေတြနဲ႔ ေက်ာင္းက ဆရာတစ္ေယာက္ တီထြင္ထားတဲ႔ Road Detection Circuit ေတြကို မိတ္ဆက္ျပသထားပါတယ္"ဟု က်ိဳင္းတံုကြန္ပ်ဴတာ တကၠသိုလ္မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာေဒၚခင္မာမ်ိဳးက ေျပာသည္။
အဆိုပါ ေစ်းေရာင္းပြဲေတာ္တြင္ Software ဌာနမွ စီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ သက္ဆိုင္ရာ အခြန္နႈန္းထားမ်ားအား ကူညီတြက္ခ်က္ေပးမည့္ MyanDuty Mobile app၊ နိုင္ငံျခားသား ခရီးသြားမ်ား အတြက္ Hotel Information and Booking Mobile Appနွင္႔ က်ိဳင္းတံုကြန္ပ်ဴတာ တကၠသိုလ္မွ ေက်ာင္းသား၊ ေက်ာင္းသူနွင့္ ဆရာ၊ဆရာမမ်ားအတြက္ ေရးသားထားေသာ CU-(KyainfTone) Mobile Appတို႔နွင္႔ Hardwareဌာနမွ Road Detection Circuitနွင္႔ Liquid Crystal Display Message တို႔ကို မိတ္ဆက္ျပသခဲ႔ေၾကာင္း သိရသည္။
"ကြ်န္ေတာ္ေရးသားထားတဲ့ Appကေတာ့ ေက်ာင္းကသင္တဲ့ သင္ခန္းစာေတြ၊ Tutorial၊ Assignment ဒါေတြကို ေက်ာင္းသား၊ ေက်ာင္းသူေတြ အေနနဲ႔ ဒီAppေလးကိုပဲသုံးၿပီး Onlineကေန ေလ့လာနိုင္ေအာင္ ေရးဆြဲထားၿပီးေတာ့ လက္ရိွမွာေတာ့ Android ဖုန္းေတြမွာပဲ သုံးနိုင္ပါမယ္။ ေနာက္ပိုင္းမွာေတာ့ IOS ေတြ အတြက္ပါ ေရးဆြဲၿပီးေတာ့ အဆင္႔ျမႇင့္ တင္ျခင္းေတြကို ဆက္ၿပီးလုပ္သြားေပးမွာပါ"ဟု CU-(KyainfTone) Mobile Appကို ေရးသားခဲ့သည္ တတိယနွစ္မွ ကိုမင္းသန္႔က ေျပာသည္။
ေစ်းေရာင္းပြဲေတာ္သို႔ က်ိဳင္းတံုၿမိဳ႕ရိွ အျခားေသာ တကၠသိုလ္မ်ား ျဖစ္ၾကသည္႔ နည္းပညာတကၠသိုလ္၊ က်ိဳင္းတံုတကၠသိုလ္တို႔မွ ေက်ာင္းသား၊ေက်ာင္းသူမ်ားလည္း ပါဝင္ဆင္ႏႊဲၾကေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
ဈေးရောင်းပွဲတော်အား ဖေဖော်ဝါရီလ(၂)ရက် နံနက်(၉)နာရီက စတင်ကာ အဆိုပါ တက္ကသိုလ်ကျောင်းဝင်းတွင် ကျင်းပခြင်း ဖြစ်သည်။
"ဒီတစ်ခေါက် ဈေးရောင်းပွဲမှာတော့ စားသောက်စရာတွေ၊ Game အစီအစဉ်တွေသာ မကပဲနဲ့ Samsung Mobile App သင်တန်းကို သွားတက်ခဲ့တဲ့ ကျောင်းသားတွေ ရေးထားတဲ့ Mobile App တွေနဲ့ ကျောင်းက ဆရာတစ်ယောက် တီထွင်ထားတဲ့ Road Detection Circuit တွေကို မိတ်ဆက်ပြသထားပါတယ်"ဟု ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ခင်မာမျိုးက ပြောသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် Software ဌာနမှ စီးပွားရေး လုပ်ငန်းရှင်များအတွက် သက်ဆိုင်ရာ အခွန်နှုန်းထားများအား ကူညီတွက်ချက်ပေးမည့် MyanDuty Mobile app၊ နိုင်ငံခြားသား ခရီးသွားများ အတွက် Hotel Information and Booking Mobile Appနှင့် ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမများအတွက် ရေးသားထားသော CU-(KyainfTone) Mobile Appတို့နှင့် Hardwareဌာနမှ Road Detection Circuitနှင့် Liquid Crystal Display Message တို့ကို မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
"ကျွန်တော်ရေးသားထားတဲ့ Appကတော့ ကျောင်းကသင်တဲ့ သင်ခန်းစာတွေ၊ Tutorial၊ Assignment ဒါတွေကို ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ဒီAppလေးကိုပဲသုံးပြီး Onlineကနေ လေ့လာနိုင်အောင် ရေးဆွဲထားပြီးတော့ လက်ရှိမှာတော့ Android ဖုန်းတွေမှာပဲ သုံးနိုင်ပါမယ်။ နောက်ပိုင်းမှာတော့ IOS တွေ အတွက်ပါ ရေးဆွဲပြီးတော့ အဆင့်မြှင့် တင်ခြင်းတွေကို ဆက်ပြီးလုပ်သွားပေးမှာပါ"ဟု CU-(KyainfTone) Mobile Appကို ရေးသားခဲ့သည် တတိယနှစ်မှ ကိုမင်းသန့်က ပြောသည်။
ဈေးရောင်းပွဲတော်သို့ ကျိုင်းတုံမြို့ရှိ အခြားသော တက္ကသိုလ်များ ဖြစ်ကြသည့် နည်းပညာတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများလည်း ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်