ကယားျပည္နယ္အစိုးရအဖြဲ႕ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ေျပာင္းလဲခန္႔အပ္

ကယားျပည္နယ္အစိုးရအဖြဲ႕ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ေျပာင္းလဲခန္႔အပ္
ဖေဖော်ဝါရီ 22, 2017
By Tachileik News Agency

ကယားျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး  ေျပာင္းလဲခန္႔အပ္ေၾကာင္း ေဖေဖာ္ဝါရီလ (၂၂) ရက္ေန႔တြင္ က်င္းပေသာ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ စတုတၱပုံမွန္အစည္းေဝးတြင္ ေၾကညာလိုက္သည္။

လက္ရိွ တာဝန္ထမ္းေဆာင္ေနေသာ ကယားျပည္နယ္ လုံၿခံဳေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီး ေဇာ္မ်ိဳးတင္အစား တပ္မေတာ္သားျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မွဴးႀကီးျမင့္ေဝအား ေျပာင္းလဲ ခန္႔အပ္လိုက္ျခင္း ျဖစ္သည္။

လက္႐ွိတြင္ တာဝန္ထမ္းေဆာင္ေနေသာ ကယားျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေဇာ္မ်ိဳးတင္အား အျခားတာဝန္ေပးအပ္ရန္ အစီအစဥ္မ်ား ႐ွိေနေသာေၾကာင့္ ဖ႐ူဆိုၿမိဳ႕နယ္ အမွတ္(၁၄)တန္းျမင့္ စစ္ေလ့က်င့္ေရးေက်ာင္းမွ ဗိုလ္မွဴးႀကီးျမင့္ေဝအား ျပည္နယ္လုံျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး အျဖစ္ ေျပာင္းလဲ ခန္႔အပ္ရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အမည္စာရင္း ေျပာင္းလဲေပးရန္ ေပးပို႔လာေသာေၾကာင့္ ကယားျပည္နယ္လႊတ္ေတာ္မွ အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ေၾကညာစာအမွတ္ (၄/၂၀၁၇)ျဖင့္ တပ္မေတာ္သား တိုင္းေဒသႀကီး လႊတ္ေတာ္ သို႕မဟုတ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ (၉)ဦးအား အစားထိုး ေျပာင္းလဲမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ကယားျပည္နယ္တြင္ (၁)ဦး ၊ ရွမ္းျပည္နယ္တြင္ (၂)ဦး ၊ ရခိုင္ျပည္နယ္တြင္ (၁)ဦး ၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ (၂)ဦး၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၁)ဦး ၊ပဲခူးတိုင္းေဒသႀကီးတြင္ (၁)ဦး ၊တနသၤာရီတိုင္းေဒသႀကီးတြင္ (၁) ဦး တို႔ကို အစားထိုးေျပာင္းလဲ ခန္႔အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်ကြောင်း ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းဝေးတွင် ကြေညာလိုက်သည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသော ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်အစား တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဝေအား ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် တာဝန်ထမ်းဆောင်နေသော ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်အား အခြားတာဝန်ပေးအပ်ရန် အစီအစဉ်များ ရှိနေသောကြောင့် ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးမြင့်ဝေအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အမည်စာရင်း ပြောင်းလဲပေးရန် ပေးပို့လာသောကြောင့် ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာစာအမှတ် (၄/၂၀၁၇)ဖြင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၉)ဦးအား အစားထိုး ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ကယားပြည်နယ်တွင် (၁)ဦး၊ ရှမ်းပြည်နယ်တွင် (၂)ဦး၊ ရခိုင်ပြည်နယ်တွင် (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁)ဦး၊ပဲခူးတိုင်းဒေသကြီးတွင် (၁)ဦး၊တနင်္သာရီတိုင်းဒေသကြီးတွင် (၁) ဦး တို့ကို အစားထိုးပြောင်းလဲ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~