ကရင္နီျပည္ေျမယာမူဝါဒေရးဆြဲေရးေကာ္မတီ၏ ေျမယာဥပေဒအား ၿမိဳ႕နယ္အလိုက္ေဆြးေႏြးေန

ကရင္နီျပည္ေျမယာမူဝါဒေရးဆြဲေရးေကာ္မတီ၏ ေျမယာဥပေဒအား ၿမိဳ႕နယ္အလိုက္ေဆြးေႏြးေန
ဖေဖော်ဝါရီ 20, 2017
By Tachileik News Agency

ကရင္နီျပည္ေျမယာမူဝါဒေရးဆြဲေရးေကာ္မတီက ေရးဆြဲထားေသာ ေျမယာဥပေဒမ်ားအား ကယားတစ္ျပည္နယ္လုံး ၿမိဳ႕နယ္မ်ားအလုိက္္ လူထုနွင့္ေဆြးေႏြးကာ ထပ္မံျဖည့္စြက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ခုကြ်န္ေတာ္တို႔ ေျမယာမူဝါဒခ်ထားတဲ့ဟာက ႏိုင္ငံေတာ္ကို ပုန္ကန္တာလည္းမဟုတ္၊
ဆန္႔က်င္တာလည္း မဟုတ္၊ ကၽြန္ေတာ္တို႔ ျပည္နယ္ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ ကၽြန္ေတာ္တို႔ ေျမယာေပၚလစီ မူၾကမ္း လုပ္ေနတာ။ ဒီလို ေျမယာမူဝါဒေတြ ရွိတယ္ဆိုတာကို လိုက္ၿပီး ခ်ျပေနတာ။ ဒီထဲမွာ ရွိတာေတြကို ရွင္းျပမယ္။ လူထုက ထပ္ၿပီး ျဖည့္စြက္ခ်င္တဲ့ အပိုင္းေတြကို ထပ္ျဖည့္ေပးမယ္။ ၿပီးရင္ ဒီဟာကို ျပည္နယ္ထဲက တိုင္းရင္းသား လက္နက္ကိုင္ေတြေရာ ျပည္နယ္အစိုးရေရာ တစ္ဆင့္ၿပီးတစ္ဆင့္ သြားမယ္”ဟု ကရင္နီျပည္ေျမယာမူဝါဒေရးဆြဲေရး ေကာ္မတီမွ ဦးအန္းေဂ်လိုပ်ံက ေျပာသည္။

ေျမယာေဆြးေႏြးပြဲမ်ားအား ကယားျပည္နယ္အႏွံ႔ သြားေရာက္ေဆြးေႏြးေနျခင္းျဖစ္ေသာ္လည္း ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔တြင္ ေဘာလခဲၿမိဳ႕၌ က်င္းပရန္စီစဥ္ရာ အသင္းအဖြဲ႕မွတ္ပံုတင္ မရိွသျဖင့္ ခြင့္မျပဳခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔လည္းသိသင့္တယ္။ ဒီလိုေျမယာနဲ႔ပတ္သက္လို႕ သိခ်င္တယ္။ သူတို႔သာ လာမေျပာျပဘူး မခ်ျပဘူးဆိုရင္ ဘာမွသိမွာမဟုတ္ဘူး။ ေျမေတြလည္း သိမ္းခ်င္သလိုသိမ္းေနၾကတာ သိခ်င္တာေပါ့”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ကယားျပည္နယ္ ေျမယာမူဝါဒေရးဆြဲေရး ေကာ္မတီ အား ၂၀၁၅ ခုႏွစ္ကတည္းက ဖြဲ႕စည္း၍ ကယားျပည္နယ္ႏွင့္ သက္ဆိုင္ေသာ ေျမယာမူဝါဒမူၾကမ္းကို ေရးဆြဲထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်နီပြည်မြေယာမူဝါဒရေးဆွဲရေးကော်မတီက ရေးဆွဲထားသော မြေယာဥပဒေများအား ကယားတစ်ပြည်နယ်လုံး မြို့နယ်များအလိုက် လူထုနှင့်ဆွေးနွေးကာ ထပ်မံဖြည့်စွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ခုကျွန်တော်တို့ မြေယာမူဝါဒချထားတဲ့ဟာက နိုင်ငံတော်ကို ပုန်ကန်တာလည်းမဟုတ်၊
ဆန့်ကျင်တာလည်း မဟုတ်၊ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ မြေယာပေါ်လစီ မူကြမ်း လုပ်နေတာ။ ဒီလို မြေယာမူဝါဒတွေ ရှိတယ်ဆိုတာကို လိုက်ပြီး ချပြနေတာ။ ဒီထဲမှာ ရှိတာတွေကို ရှင်းပြမယ်။ လူထုက ထပ်ပြီး ဖြည့်စွက်ချင်တဲ့ အပိုင်းတွေကို ထပ်ဖြည့်ပေးမယ်။ ပြီးရင် ဒီဟာကို ပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်တွေရော ပြည်နယ်အစိုးရရော တစ်ဆင့်ပြီးတစ်ဆင့် သွားမယ်”ဟု ကရင်နီပြည်မြေယာမူဝါဒရေးဆွဲရေး ကော်မတီမှ ဦးအန်းဂျေလိုပျံက ပြောသည်။

မြေယာဆွေးနွေးပွဲများအား ကယားပြည်နယ်အနှံ့ သွားရောက်ဆွေးနွေးနခြေင်းဖြစ်သော်လည်း ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဘောလခဲမြို့၌ ကျင်းပရန်စီစဉ်ရာ အသင်းအဖွဲ့မှတ်ပုံတင် မရှိသဖြင့် ခွင့်မပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်းသိသင့်တယ်။ ဒီလိုမြေယာနဲ့ပတ်သက်လို့ သိချင်တယ်။ သူတို့သာ လာမပြောပြဘူး မချပြဘူးဆိုရင် ဘာမှသိမှာမဟုတ်ဘူး။ မြေတွေလည်း သိမ်းချင်သလိုသိမ်းနကြေတာ သိချင်တာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကယားပြည်နယ် မြေယာမူဝါဒရေးဆွဲရေး ကော်မတီ အား ၂၀၁၅ ခုနှစ်ကတည်းက ဖွဲ့စည်း၍ ကယားပြည်နယ်နှင့် သက်ဆိုင်သော မြေယာမူဝါဒမူကြမ်းကို ရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~