လုပ္ႀကံခံခဲ့ရသည့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီႏွင့္ တကၠစီယာဥ္ေမာင္း ဦးေနဝင္းတို႔အတြက္ ဘာသာႏွစ္ခု၏ ထံုးတမ္းစဥ္လာမ်ားအတုိင္း ဆုေတာင္းျခင္းကို ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေဖေဖၚဝါရီလ(၅)ရက္ နံနက္ပိုင္းက NLD ပါတီက ဦးေဆာင္က်င္းပေၾကာင္း သိရသည္။
“ဆုေတာင္းပြဲလုပ္ဖို႔အတြက္ကို လြန္ခဲ့တဲ့ (၃) ရက္ေန႔ကတည္းက လုပ္ဖို႔ စဥ္းစားထားတာ။ ဒါေပမဲ့ အခ်ိန္အခါ ေတြမွာ ခက္ခဲေတြရွိေနလို႔ ေျပာင္းလိုက္တာပါ။ ဒီလိုဆုေတာင္းပြဲလုပ္ရတဲ့ ရည္ရြယ္ ခ်က္ကလည္း ေသဆံုးသြားတဲ့ ဦးကိုနီနဲ႔ ကိုေန၀င္းတို႔ အတြက္ပါ။ ေနာက္ေနာင္ ဒီလိုကိစၥမ်ဳိးေတြ မေပၚေပါက္ေအာင္ ျပည္သူနဲ႔အတူ လက္တြဲၿပီးေတာ့ ရႈံ႕ခ်ပါတယ္။ နိုင္ငံေရးတည္ၿငိမ္မႈ ေတြလည္း လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံႀကီး ေကာင္းေအာင္၊ နိုင္ငံရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပဳျပင္ေရးဆြဲေပးနိုင္မယ့္ ပညာရွင္မ်ဳိးေတြကို သတ္ျဖတ္ေနမယ္ဆိုရင္ ကၽြန္ေတာ္တို႔ဘက္ကေန ျပတ္ျပတ္သားသား ရႈံ႕ခ်သြားပါမယ္”ဟု ေတာင္ႀကီးၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ အတြင္းေရးမွဴး ကိုေမာင္ေမာင္က ေျပာသည္။
အဆိုပါ ဆုေတာင္းပြဲအား နံနက္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕ ေအာင္ေျမဘံုစံဘုန္းေတာ္ႀကီးေက်ာင္းတြင္ လူဦးေရ ၂၀ ျဖင့္ ဆုေတာင္းပြဲျပဳလုပ္ၿပီး ေန႔လည္ပိုင္းတြင္ ကံသာရပ္ကြက္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရံုးတြင္ လူဦးေရ ၈၀ ခန္႔ျဖင့္ ျပဳလုပ္ေၾကာင္း သိရသည္။
“နိုင္ငံေရး မဟုတ္ဘဲ လူမႈေရးအရ ၾကည့္မယ္ဆိုရင္ ကိုယ္လုပ္ေပးနိုင္တာဆိုလို႔ ၀တ္ျပဳဆုေတာင္းပြဲပဲရွိတယ္။ ဒီလုပ္ၾကံမႈရဲ႕ အရင္းအျမစ္ကို ေဖာ္ထုတ္ေပးေစခ်င္ပါတယ္။ NLD အတြက္လည္း အမ်ားႀကီးဆံုးရႈံးတယ္”ဟု ကံသာရပ္ကြက္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရံုး ဥကၠဌ ေဒၚ ေအးေအးေအာင္က ေျပာသည္။
ေတာင္ႀကီးၿမိဳ႕ ရွိ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕က ကံသာ၊ ေရႊေတာင္၊ စဝ္စံထြန္း၊ ရတနာသိရီ၊ ၿမိဳ႕မ၊ ေက်ာင္းႀကီးစုရပ္ကြက္မ်ားတြင္ ဘာသာေပါင္းစံုဆုေတာင္းပြဲ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
“ဆုတောင်းပွဲလုပ်ဖို့အတွက်ကို လွန်ခဲ့တဲ့ (၃) ရက်နေ့ကတည်းက လုပ်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ အချိန်အခါ တွေမှာ ခက်ခဲတွေရှိနေလို့ ပြောင်းလိုက်တာပါ။ ဒီလိုဆုတောင်းပွဲလုပ်ရတဲ့ ရည်ရွယ် ချက်ကလည်း သေဆုံးသွားတဲ့ ဦးကိုနီနဲ့ ကိုနေဝင်းတို့ အတွက်ပါ။ နောက်နောင် ဒီလိုကိစ္စမျိုးတွေ မပေါ်ပေါက်အောင် ပြည်သူနဲ့အတူ လက်တွဲပြီးတော့ ရှုံ့ချပါတယ်။ နိုင်ငံရေးတည်ငြိမ်မှု တွေလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ကောင်းအောင်၊ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရေးဆွဲပေးနိုင်မယ့် ပညာရှင်မျိုးတွေကို သတ်ဖြတ်နေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ ပြတ်ပြတ်သားသား ရှုံ့ချသွားပါမယ်”ဟု တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ကိုမောင်မောင်က ပြောသည်။
အဆိုပါ ဆုတောင်းပွဲအား နံနက်ပိုင်းတွင် တောင်ကြီးမြို့ အောင်မြေဘုံစံဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ ၂၀ ဖြင့် ဆုတောင်းပွဲပြုလုပ်ပြီး နေ့လည်ပိုင်းတွင် ကံသာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လူဦးရေ ၈၀ ခန့်ဖြင့် ပြုလုပ်ကြောင်း သိရသည်။
“နိုင်ငံရေး မဟုတ်ဘဲ လူမှုရေးအရ ကြည့်မယ်ဆိုရင် ကိုယ်လုပ်ပေးနိုင်တာဆိုလို့ ဝတ်ပြုဆုတောင်းပွဲပဲရှိတယ်။ ဒီလုပ်ကြံမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ပေးစေချင်ပါတယ်။ NLD အတွက်လည်း အများကြီးဆုံးရှုံးတယ်”ဟု ကံသာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဥက္ကဌ ဒေါ် အေးအေးအောင်က ပြောသည်။
တောင်ကြီးမြို့ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့က ကံသာ၊ ရွှေတောင်၊ စဝ်စံထွန်း၊ ရတနာသိရီ၊ မြို့မ၊ ကျောင်းကြီးစုရပ်ကွက်များတွင် ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို