နဂါး(KNDP)အဖြဲ႕မွ သိမ္းဆည္းထားေသာ ေျမယာမ်ားမွ ျပန္လည္ရရိွေရး အစိုးရထံ အကူအညီေတာင္းမည္

နဂါး(KNDP)အဖြဲ႕မွ သိမ္းဆည္းထားေသာ ေျမယာမ်ားမွ ျပန္လည္ရရိွေရး အစိုးရထံ အကူအညီေတာင္းမည္
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ ကရင္နီအမ်ိဳးသားဒီမိုကရက္တစ္ပါတီ(နဂါးအဖြဲ႕)မွ သိမ္းဆည္းထားေသာ ေျမယာမ်ားေပၚမွ ဖယ္ရွားေပးမည္မဟုတ္ဘဲ ဘိုးဘြားပိုင္ေျမမ်ားအား ျပန္လည္ရွိေရး အတြက္ အစိုးရထံ အကူအညီေတာင္းခံသြားမည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကြ်န္မတို႔ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ ဘိုးဘြားစဥ္ဆက္ လုပ္စားလာတာ လုံးဝ ဖယ္မေပးႏိုင္ဘူး။ နဂါးအဖြဲ႕ကို ေျပာခ်င္တာကေတာ့ ကၽြန္မတို႔ကို ျပန္ေပးဖို႔ေပါ့။ ပိုင္ရွင္မရွိဘူးဆိုလည္းထား ခုက ပိုင္ရွင္ရွိေနတယ္။ ကၽြန္မတို႔ ဒီေခတ္မွာလည္း မဝယ္ႏိုင္ေတာ့ဘူး။ ဒါမရွိဘူးဆို အလုပ္ လက္မဲ့ျဖစ္မယ္။ အစိုးရကေတာ့ ကၽြန္မတို႔ကို ကူညီေပးေပ႔ါ။ လိုအပ္တဲ့ဟာေတြကို ကၽြန္မတို႔ အစိုးရကို အကူညီေတာင္းမယ္။ ကၽြန္မတို႔ကေတာ့ မဖယ္ေပးႏိုင္ဘူး။ လုပ္စားစရာဒီၿခံကြက္ေလးပဲရွိတယ္"ဟု ေျမသိမ္းခံ ေတာင္သူ ေဒၚေနာ္မူေအး က ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ ထူးဒူငံသရပ္ကြက္ရွိ နဂါးအဖြဲ႕ပိုင္ေျမဧက (၄၀)ေက်ာ္အား ေဒသခံေတာင္သူမ်ား ျခံခတ္၍ ေနရာယူျခင္းမ်ား လုပ္ေနသည္ဟု နဂါးအဖြဲ႕မွ တရားစြဲဆိုမႈမ်ား ျပဳလုပ္ခဲ့ၿပီး ေတာင္သူငါးဦး အမႈရႈံးနိမ့္သြားခဲ့ၿပီးေနာက္ ဇန္နဝါရီလ (၂၆) ရက္ေန႔က မိမိတို႔ဘိုးဘြားပိုင္ေျမယမ်ားမွ ဖယ္ရွားေပးမည္ မဟုတ္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

"ေျမစာရင္းရုံးမွာလည္း ဒီလိုပဲ ေဝစားမွ်စား ျဖစ္ေနေသးတယ္။ ဒီေခတ္ဒီအခါမွာ လာဘ္ေပးလာဘ္ယူလည္း ရွိေနေသးတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ေတာင္သူေတြေပၚကို ဘာတစ္ခုမွ ပြင့္လင္းျမင္သာမႈမရွိေသးဘူး။ ဒီေျမေတြက ကၽြန္ေတာ္တို႔ႏွစ္ေပါင္းမ်ားစြာကတည္းက လုပ္စားလာတဲ့ေျမေတြ ဒါကိုလည္း အႏိုင္က်င့္ၿပီး လာသိမ္းေသးတယ္။ ကၽြန္ေတာ္တို႔ ကန္႔ကြက္ေတာ့လည္း တရားစြဲတယ္။ ဌာနဆိုင္ရာကလည္း လက္ဝါးခ်င္း ရုိက္ၿပီး ေပါင္းစားထားတယ္။ ကၽြန္ေတာ္တို႔ကေတာ့ လုံးဝ ဖယ္ေပးမွာ မဟုတ္ဘူး။ ႏိုင္ငံေတာ္ သမၼတရုံးထိ စာတင္မယ္"ဟု ေျမသိမ္းခံေတာင္သူ ဦးရဲေလက ေျပာသည္။

အဆိုပါ ေျမယာမ်ားမွာ ေတာင္သူမ်ား ႏွစ္ေပါင္းေလးဆယ္ေက်ာ္ လုပ္ကိုင္စားေသာက္လာသည့္ ေျမယာမ်ား ျဖစ္သည္ဟု ေျမသိမ္းခံေတာင္သူမ်ားက ဆိုသည္။

ၿပီးခဲ့သည့္ အစိုးရလက္ထက္တြင္ ေဒသကြပ္ကဲေရးစစ္ဌာနခ်ဳပ္မွဴး၏ အမိန္႔ျဖင့္ ထူးဒူးငံသရပ္ကြက္ပိုင္ေျမ
ေပၚတြင္ နဂါးအဖြဲ႕ေနထိုင္ရန္ ေျမဧက (၃၀)ေက်ာ္ကို ခြင့္ျပဳေပးခဲ႕ျခင္းျဖစ္ေသာ္လည္း နဂါးအဖြဲ႕က ခြင့္ျပဳေျမအျပင္ ေတာင္သူမ်ား လုပ္ကိုင္စားေသာက္ေနသည့္ ေျမဧက (၃၀)ေက်ာ္ကိုပါ သိမ္းယူခဲ့ၿပီး ကန္႔ကြက္စာတင္ခဲ့ေသာ ေတာင္သူမ်ားကိုပါ နဂါးအဖြဲ႔မွ တရားစြဲဆိုမႈျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ(နဂါးအဖွဲ့)မှ သိမ်းဆည်းထားသော မြေယာများပေါ်မှ ဖယ်ရှားပေးမည်မဟုတ်ဘဲ ဘိုးဘွားပိုင်မြေများအား ပြန်လည်ရှိရေး အတွက် အစိုးရထံ အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်မတို့ နှစ်ပေါင်းလေးဆယ်ကျော် ဘိုးဘွားစဉ်ဆက် လုပ်စားလာတာ လုံးဝ ဖယ်မပေးနိုင်ဘူး။ နဂါးအဖွဲ့ကို ပြောချင်တာကတော့ ကျွန်မတို့ကို ပြန်ပေးဖို့ပေါ့။ ပိုင်ရှင်မရှိဘူးဆိုလည်းထား ခုက ပိုင်ရှင်ရှိနေတယ်။ ကျွန်မတို့ ဒီခေတ်မှာလည်း မဝယ်နိုင်တော့ဘူး။ ဒါမရှိဘူးဆို အလုပ် လက်မဲ့ဖြစ်မယ်။ အစိုးရကတော့ ကျွန်မတို့ကို ကူညီပေးပေါ့။ လိုအပ်တဲ့ဟာတွေကို ကျွန်မတို့ အစိုးရကို အကူညီတောင်းမယ်။ ကျွန်မတို့ကတော့ မဖယ်ပေးနိုင်ဘူး။ လုပ်စားစရာဒီခြံကွက်လေးပဲရှိတယ်"ဟု မြေသိမ်းခံ တောင်သူ ဒေါ်နော်မူအေး က ပြောသည်။

လွိုင်ကော်မြို့ ထူးဒူငံသရပ်ကွက်ရှိ နဂါးအဖွဲ့ပိုင်မြေဧက (၄၀)ကျော်အား ဒေသခံတောင်သူများ ခြံခတ်၍ နေရာယူခြင်းများ လုပ်နေသည်ဟု နဂါးအဖွဲ့မှ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး တောင်သူငါးဦး အမှုရှုံးနိမ့်သွားခဲ့ပြီးနောက် ဇန်နဝါရီလ (၂၆) ရက်နေ့က မိမိတို့ဘိုးဘွားပိုင်မြေယများမှ ဖယ်ရှားပေးမည် မဟုတ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"မြေစာရင်းရုံးမှာလည်း ဒီလိုပဲ ဝေစားမျှစား ဖြစ်နေသေးတယ်။ ဒီခေတ်ဒီအခါမှာ လာဘ်ပေးလာဘ်ယူလည်း ရှိနေသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ တောင်သူတွေပေါ်ကို ဘာတစ်ခုမှ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ ဒီမြေတွေက ကျွန်တော်တို့နှစ်ပေါင်းများစွာကတည်းက လုပ်စားလာတဲ့မြေတွေ ဒါကိုလည်း အနိုင်ကျင့်ပြီး လာသိမ်းသေးတယ်။ ကျွန်တော်တို့ ကန့်ကွက်တော့လည်း တရားစွဲတယ်။ ဌာနဆိုင်ရာကလည်း လက်ဝါးချင်း ရိုက်ပြီး ပေါင်းစားထားတယ်။ ကျွန်တော်တို့ကတော့ လုံးဝ ဖယ်ပေးမှာ မဟုတ်ဘူး။ နိုင်ငံတော် သမ္မတရုံးထိ စာတင်မယ်"ဟု မြေသိမ်းခံတောင်သူ ဦးရဲလေက ပြောသည်။

အဆိုပါ မြေယာများမှာ တောင်သူများ နှစ်ပေါင်းလေးဆယ်ကျော် လုပ်ကိုင်စားသောက်လာသည့် မြေယာများ ဖြစ်သည်ဟု မြေသိမ်းခံတောင်သူများက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူး၏ အမိန့်ဖြင့် ထူးဒူးငံသရပ်ကွက်ပိုင်မြေ
ပေါ်တွင် နဂါးအဖွဲ့နေထိုင်ရန် မြေဧက (၃၀)ကျော်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း နဂါးအဖွဲ့က ခွင့်ပြုမြေအပြင် တောင်သူများ လုပ်ကိုင်စားသောက်နေသည့် မြေဧက (၃၀)ကျော်ကိုပါ သိမ်းယူခဲ့ပြီး ကန့်ကွက်စာတင်ခဲ့သော တောင်သူများကိုပါ နဂါးအဖွဲ့မှ တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~