ေတာင္သူမ်ား စပါးမ်ိဳးေကာင္း မ်ိဳးသန္႔ တပိုင္တႏိုင္ ထုတ္လုပ္ႏိုင္ေရးအတြက္ ေတာင္သူမ်ားအား လက္ေတြ႔ သရုပ္ျပျခင္းကို ေဖေဖၚဝါရီလ (၄)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု ေကာ္မလိေက်းရြာတြင္ စိုက္ပ်ိဳးေရးဦးစီးဌာနက စတင္ ေဆာင္ရြက္ေၾကာင္း သိရသည္။
“ဒီႏွစ္အတြက္ ဒါက ပထမဆံုးစတင္လုပ္ေဆာင္တဲ့ သရုပ္ျပပြဲပါ။ ဒီေန႔ကေတာ့ ေကာ္မလိေက်းရြာက ေတာင္သူေတြ တက္ေရာက္တာပါ။ ေနာက္ထပ္ေက်းရြာေတြကိုလည္း ဆက္ၿပီးလုပ္ေဆာင္သြားမွာပါ”ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက ေျပာသည္။
ေကာ္မလိေက်းရြာ ေတာင္သူ ဦးအာေဗလ၏ လယ္ေျမ၌ ေရႊရင္ေအးစပါးမ်ိဳး ေခါင္ႏွံပ်ိဳးျဖင့္ မ်ိဳးသန္႔ ထုတ္လုပ္ရန္ စိုက္ပ်ိဳးျခင္းအား စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေတြ႔သရုပ္ျပသျခင္းအား ေကာ္မလိေက်းရြာမွ ေတာင္သူ (၇၅) ဦးက ေလ့လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
အဆုိပါ သရုုပ္ျပပြဲအား စိုက္ပ်ိဳးေရးဦးစီးဌာန၊ ဒုတိယျပည္နယ္ဦးစီးမွဴးရံုးက ႀကီးမွဴးက်င္းပျခင္းျဖစ္ၿပီး စိုက္ပ်ိဳးေရးဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴး ဦးတင္ဦး၊ ဒုတိယျပည္နယ္ေျမအသံုးခ်ေရး၊ ခရိုင္စိုက္/ၾကပ္ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွဝင္းႏွင့္ ခရိုင္အတြင္းရိွ ၿမိဳ႕နယ္ဦးစီးမွဴးမ်ား၊ ၿမိဳ႕ဦးစီးမွဴးမ်ား၊ ၿမိိဳ႕နယ္အဆင့္ စာရင္းစစ္အရာရိွ၊ ငါးဦးစီးဌာနမွဴး၊ ဆည္ေျမာင္းဦးစီးမွဴး၊ ေက်းရြာ အက်ိဳးေဆာင္ေတာင္သူမ်ားႏွင့္ ေကာ္မလိေက်းရြာမွ ေတာင္သူ (၇၅)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။
“ဒီနှစ်အတွက် ဒါက ပထမဆုံးစတင်လုပ်ဆောင်တဲ့ သရုပ်ပြပွဲပါ။ ဒီနေ့ကတော့ ကော်မလိကျေးရွာက တောင်သူတွေ တက်ရောက်တာပါ။ နောက်ထပ်ကျေးရွာတွေကိုလည်း ဆက်ပြီးလုပ်ဆောင်သွားမှာပါ”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပြောသည်။
ကော်မလိကျေးရွာ တောင်သူ ဦးအာဗေလ၏ လယ်မြေ၌ ရွှေရင်အေးစပါးမျိုး ခေါင်နှံပျိုးဖြင့် မျိုးသန့် ထုတ်လုပ်ရန် စိုက်ပျိုးခြင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့သရုပ်ပြသခြင်းအား ကော်မလိကျေးရွာမှ တောင်သူ (၇၅) ဦးက လေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယပြည်နယ်မြေအသုံးချရေး၊ ခရိုင်စိုက်/ကြပ် ကော်မတီအဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ မြို့ဦးစီးမှူးများ၊ မြို့နယ်အဆင့် စာရင်းစစ်အရာရှိ၊ ငါးဦးစီးဌာနမှူး၊ ဆည်မြောင်းဦးစီးမှူး၊ ကျေးရွာ အကျိုးဆောင်တောင်သူများနှင့် ကော်မလိကျေးရွာမှ တောင်သူ (၇၅)ဦး တက်ရောက်ကြကြောင်း သိရသည်။