ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳလာခဲ့သည့္ ေတာင္သုသာန္အား မတ္လ (၅) ရက္ေန႔မွစ၍ အသံုးမျပဳေတာ့ဘဲ ေက်ာက္မဲ - မိုးကုတ္လမ္းေဘး အမွတ္(၉)ရပ္ကြက္ ပိႏၷဲကုန္းေက်းရြာအုပ္စုရွိ ေျမေနရာ (၂၅)ဧကတြင္ တည္ေဆာက္ထားသည့္ မီးသၿဂဳႋလ္စက္သို႔ ေျပာင္းေရႊ႕ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
“ေနာက္လမွာ စတင္အသံုးျပဳမယ့္ မီးသၿဂဳႋလ္စက္ကို မေန႔က ကြ်ဲေခါင္း၊ ႏြားေခါင္းေတြထည့္ၿပီး မီးရႈိ႕ စမ္းသပ္ၾကည့္တယ္။ သုသာန္အသစ္မွာလည္း စနစ္တက်ျမဳပ္ႏွံဖို႔ ကြန္ဒိုလိုင္းေတြေဖၚၿပီးေတာ့ ေဆာင္ရြက္ေန ပါတယ္။ သခ်ဳႋင္းေဟာင္းကိုေတာ့ မတ္လ(၅) ရက္ေန႔ကေန စတင္ ေျပာင္းေရႊ႕မွာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
ေတာင္သုသာန္အား ေရႊ႕ေျပာင္းရန္အတြက္ ေဖေဖၚဝါရီလ (၂၂) ရက္ေန႔တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနရံုး အစည္းအေဝးခန္းမတြင္ ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌႏွင့္ သုသာန္ ျဖစ္ေျမာက္ေရး ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဘာသာေပါင္းစံုမွ အသင္းအဖြဲ႔ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားျဖင့္ အစည္းအေဝး က်င္းပခဲ့ေၾကာင္း သိရသည္။
“လက္ရွိ အသံုးျပဳေနတဲ့ သခ်ဳႋင္းေနရာနားမွာ လူေနရပ္ကြက္က တစ္ျဖည္းျဖည္းက်ယ္လာၿပီေလ။ ၿပီးေတာ့ မီးသၿဂိၤဳလ္တဲ့အခါ ထင္းနဲ႔သံုးတာဆိုေတာ့ ျပာေတြမီးခိုးေတြက လူေနရပ္ကြက္ထဲကိုေရာက္တယ္။ သခ်ဳႋင္းက သံုးေနတာလည္းၾကာၿပီျဖစ္တဲ့အတြက္ ေနရာအခက္အခဲေတြလည္း ရွိလာတယ္။ ဒါေၾကာင့္ ေနရာအသစ္ကို ေရႊ႕တာက ပိုေကာင္းတယ္လို႔ ထင္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕မွ မမ်ိဳးမ်ိဳးေထြးက ေျပာသည္။
သခ်ဳႋင္းေျပာင္းေရႊ႕ရန္အတြက္ ဘာသာေပါင္းစံုက မိမိတို႔ ဘာသာအလိုက္ လုပ္ေဆာင္ရန္ လိုအပ္သည္မ်ားကို လုပ္ေဆာင္ေပးသြားၾကမည္ျဖစ္ၿပီး ေရႊ႔ေျပာင္းေရးကိစၥမ်ားအတြက္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက အမိန္႔ထုတ္ျပန္ျခင္း၊ စည္ပင္အမွဴေဆာင္အရာရွိမွ အမိန္႔ထုတ္ျပန္ျခင္းမ်ားလည္း ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အသစ္စတင္အသံုးျပဳမည့္ သခ်ဳႋင္းေျမေနရာတြင္ စုစုေပါင္းေျမ (၂၅)ဧက ပါဝင္မည္ျဖစ္ၿပီး ျမန္မာသုသာန္ အတြက္ (၈) ဧက၊ တရုတ္ (၆.၂၃) ဧက၊ အစၥလာမ္ (၃.၉၉) ဧက၊ ခရစ္ယာန္ (၂ )ဧကႏွင့္ ဟိႏၷဴ(၁)ဧက ပါဝင္မည္ျဖစ္ၿပီး မီးသၿဂဳႋလ္စက္ႏွင့္ ေရတြင္းေရကန္မ်ား ထရန္စေဖာ္မာမ်ားထားရွိရန္ အတြက္ (၃.၇) ဧကပါဝင္ကာ လမ္း ဧရိယာမ်ားႏွင့္ သပ္ရပ္လွပစနစ္တက်ရွိေစရန္ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
“နောက်လမှာ စတင်အသုံးပြုမယ့် မီးသင်္ဂြိုလ်စက်ကို မနေ့က ကျွဲခေါင်း၊ နွားခေါင်းတွေထည့်ပြီး မီးရှို့ စမ်းသပ်ကြည့်တယ်။ သုသာန်အသစ်မှာလည်း စနစ်တကျမြုပ်နှံဖို့ ကွန်ဒိုလိုင်းတွေဖော်ပြီးတော့ ဆောင်ရွက်နေ ပါတယ်။ သင်္ချိုင်းဟောင်းကိုတော့ မတ်လ(၅) ရက်နေ့ကနေ စတင် ပြောင်းရွှေ့မှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တောင်သုသာန်အား ရွှေ့ပြောင်းရန်အတွက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေး ဌာနရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် သုသာန် ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့နယ်မြို့မိမြို့ဖများ၊ ဘာသာပေါင်းစုံမှ အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
“လက်ရှိ အသုံးပြုနေတဲ့ သင်္ချိုင်းနေရာနားမှာ လူနေရပ်ကွက်က တစ်ဖြည်းဖြည်းကျယ်လာပြီလေ။ ပြီးတော့ မီးသင်္ဂြိုလ်တဲ့အခါ ထင်းနဲ့သုံးတာဆိုတော့ ပြာတွေမီးခိုးတွေက လူနေရပ်ကွက်ထဲကိုရောက်တယ်။ သင်္ချိုင်းက သုံးနေတာလည်းကြာပြီဖြစ်တဲ့အတွက် နေရာအခက်အခဲတွေလည်း ရှိလာတယ်။ ဒါကြောင့် နေရာအသစ်ကို ရွှေ့တာက ပိုကောင်းတယ်လို့ ထင်ပါတယ် “ဟု ကျောက်မဲမြို့မှ မမျိုးမျိုးထွေးက ပြောသည်။
သင်္ချိုင်းပြောင်းရွှေ့ရန်အတွက် ဘာသာပေါင်းစုံက မိမိတို့ ဘာသာအလိုက် လုပ်ဆောင်ရန် လိုအပ်သည်များကို လုပ်ဆောင်ပေးသွားကြမည်ဖြစ်ပြီး ရွှေ့ပြောင်းရေးကိစ္စများအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခြင်း၊ စည်ပင်အမှူဆောင်အရာရှိမှ အမိန့်ထုတ်ပြန်ခြင်းများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသစ်စတင်အသုံးပြုမည့် သင်္ချိုင်းမြေနေရာတွင် စုစုပေါင်းမြေ (၂၅)ဧက ပါဝင်မည်ဖြစ်ပြီး မြန်မာသုသာန် အတွက် (၈) ဧက၊ တရုတ် (၆.၂၃) ဧက၊ အစ္စလာမ် (၃.၉၉) ဧက၊ ခရစ်ယာန် (၂ )ဧကနှင့် ဟိန္နူ(၁)ဧက ပါဝင်မည်ဖြစ်ပြီး မီးသင်္ဂြိုလ်စက်နှင့် ရေတွင်းရေကန်များ ထရန်စဖော်မာများထားရှိရန် အတွက် (၃.၇) ဧကပါဝင်ကာ လမ်း ဧရိယာများနှင့် သပ်ရပ်လှပစနစ်တကျရှိစေရန် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်