က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦး အရက္မူးၿပီး ေသေၾကာင္းႀကံစည္

က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦး အရက္မူးၿပီး ေသေၾကာင္းႀကံစည္
ဖေဖော်ဝါရီ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕ရွိ က်ာခမ္းေက်ာက္ေက်းရြာတြင္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔ နံနက္အေစာပိုင္းက အမ်ဳိးသားတစ္ဦး အရက္မူးကာ မိမိကိုယ္ကို သတ္ေသရန္ ႀကံစည္မႈ ျဖစ္ပြားၿပီး ေဆးကုသမႈ ခံယူလိုက္ရေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕ရွိ က်ာခမ္းေက်ာက္ေက်းရြာေန အသက္(၃၂)ႏွစ္ရွိ အားဖာသည္ အရက္အလြန္အကြ်ံ ေသာက္သံုးကာ အမႈလြန္ၿပီးေနာက္ ဓါးျဖင့္ မိိမိကိုယ္ကို ေသေၾကာင္းႀကံစည္ရန္ ျပဳမႈရာမွ  လည္ပင္းတြင္ ျပတ္ရွဒဏ္ရာ (၁)ခ်က္၊ ၀မ္းဗိုက္ထိုးသြင္း ဒဏ္ရာ (၃)ခ်က္ျဖင့္ က်ဳိင္းလပ္ေဆးရံုသို႔ ပို႔ေဆာင္ ထားရၿပီးေနာက္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္လိုက္ရေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္သူ အသက္(၃၂)ႏွစ္ရွိ အားဖာ အား က်ဳိင္းလပ္နယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျာခမ်းကျောက်ကျေးရွာတွင် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး အရက်မူးကာ မိမိကိုယ်ကို သတ်သေရန် ကြံစည်မှု ဖြစ်ပွားပြီး ဆေးကုသမှု ခံယူလိုက်ရကြောင်း သိရသည်။

ကျိုင်းလပ်မြို့ရှိ ကျာခမ်းကျောက်ကျေးရွာနေ အသက်(၃၂)နှစ်ရှိ အားဖာသည် အရက်အလွန်အကျွံ သောက်သုံးကာ အမှုလွန်ပြီးနောက် ဓားဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ပြုမှုရာမှ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ (၃)ချက်ဖြင့် ကျိုင်းလပ်ဆေးရုံသို့ ပို့ဆောင် ထားရပြီးနောက် တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိမိကိုယ်ကို သေကြောင်းကြံစည်သူ အသက်(၃၂)နှစ်ရှိ အားဖာ အား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ဖြင့် အမှုဖွင့် ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~