ေက်းလက္လမ္းမ်ားဖြံ႕ၿဖိဳးေရးဆိုင္ရာမဟာဗ်ဴဟာ ဒုတိယမူၾကမ္းအတြက္ အၾကံဥာဏ္ရယူျခင္းကို ရွမ္းျပည္နယ္ အတြင္း ေဆာင္ရြက္ေနၿပီး အႀကံျပဳခ်က္မ်ား ေပးပို႔လိုပါက ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး ရံုးမ်ားမွ တဆင့္ေပးပို႔ႏုိင္ေၾကာင္း ရွမ္းျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးထံမွ သိရသည္။
အဆိုပါ အႀကံဥာဏ္ရယူျခင္း ေဆြးေႏြးပြဲကို ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ ဇန္န၀ါရီလ(၃၀)ရက္ေန႔က ေက်းလက္ေဒသဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာန ျပည္နယ္ရုံးခြဲတြင္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။
"ကြ်န္ေတာ္တို ့ ဒီမဟာဗ်ဴဟာမူၾကမ္းနဲ႔ ပတ္သက္ၿပီး အေကာင္းဆုံး ျဖစ္ေစခ်င္တဲ့အတြက္ အခုလို ေဆြးေႏြးပြဲ လုပ္ရျခင္းျဖစ္ပါတယ္။ ဒီကေဆြးေႏြးသြားတဲ့အခ်က္ေတြအပါအ၀င္ ရွမ္းသုံးရွမ္းလုံးက ေဆြးေႏြးခ်က္ေတြ အားလုံးကိုစုစည္းၿပီးေတာ့ ျပည္နယ္မွာလည္းထပ္ၿပီး ေဆြးေႏြးပါအုံးမယ္။ ဗဟုိကိုလည္း တင္ျပပါမယ္။ ေဆြးေႏြးဖို ့ လိုအပ္ေနေသးတဲ့ အခ်က္ေတြရိွေနေသးရင္ ဗဟိုကိုမတင္ျပခင္မွာ ေက်းလက္ေဒသ ဖြံ ့ၿဖိဳးတိုးတက္ေရးရုံးကတစ္ဆင့္ ကၽြန္ေတာ္တို႔ကို တင္ျပလုိ ့ရပါတယ္"ဟုရွမ္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြးက ေျပာသည္။
မဟာဗ်ဴဟာ၏ အဓိက ရည္မွန္းခ်က္မွာ ၂၀၂၀ ခုႏွစ္တြင္ လူဦးေရတစ္ေထာင္ႏွင့္အထက္ ေက်းရြာအားလုံး၊ ၂၀၂၅ ခုႏွစ္တြင္ လူဦးေရငါးရာႏွင့္အထက္ ေက်းရြာမ်ား၏ (၉၅)ရာခိုင္ႏႈန္း၊ ၂၀၃၀ ခုႏွစ္တြင္ လူဦးေရ(၂၅၀)ႏွင့္အထက္ ေက်းရြာမ်ား၏ (၇၅)ရာခိုင္ႏႈန္းႏွင့္ လူဦးေရ (၂၅၀)ေအာက္ရိွ ေက်းရြာ(၅၀)ရာခုိုင္ႏႈန္းတို႔အတြက္ ရာသီမေရြးအသုံးျပဳႏိုင္ေသာ လမ္းမ်ား အသုံးျပဳႏိုင္ေစရန္ျဖစ္ၿပီး ၂၀၃၀ ခုႏွစ္တြင္ ျမန္မာႏိုင္ငံရိွ ေက်းရြာအားလုံး၏ (၈၀)ရာခိုင္ႏႈန္းႏွင့္ ႏိုင္ငံတြင္းရိွ ေက်းလက္လူဦးေရ၏ (၉၀)ရာခိုင္ႏႈန္းအတြက္ ရာသီမေရြးအသုံးျပဳႏိုင္ေသာ လမ္းမ်ား ရိွလာရန္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို ့ႏိုင္ငံရဲ႕ဆင္းရဲမႈကို ျပန္ၿပီးၾကည့္မယ္ဆိုရင္ ဆင္းရဲရျခင္းရဲ႕ အေၾကာင္းတရားေတြထဲက တစ္ခုက ေက်းလက္ေဒသေတြရဲ ့ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတာက အေျခခံက်တဲ့ အခ်က္ တစ္ခ်က္ျဖစ္တဲ့အတြက္ ေက်းလက္ေဒသေတြရဲ ့လူမႈစီးပြားတိုးတက္ေရးနဲ ့ ႏိုင္ငံဖြံ ့ၿဖိဳးေရးအတြက္က ေက်းလက္ ေဒသေတြရဲ ့ လမ္းတံတားဖြံ ့ၿဖိဳးတိုးတက္ေရးဟာ အေရးႀကီးပါတယ္။ ဒါေၾကာင့္လည္း လမ္းတံတားဖြံ ့ၿဖိ္ဳးတိုးတက္ေရးအတြက္ကို မဟာဗ်ဴဟာ ေရးဆြဲတာျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္၀င္းက ေျပာသည္။
ေက်းလက္လမ္းမ်ား ဖြံ ့ၿဖိဳးတိုးတက္ေရး မဟာဗ်ဴဟာေရးဆြဲေရးအတြက္ အာရွဖြံ ့ၿဖိဳးေရးဘဏ္မွ အဓိက ကူညီပံ့ပိုးၿပီး ေက်းလက္ေဒသဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ေဆာက္လုပ္ေရးဦးစီးဌာနလက္ေအာက္ရိွ လမ္းမ်ားဦးစီးဌာန၊ တံတား ဦးစီးဌာနႏွင့္ Road Transport Administration Department တို႔ ပူးေပါင္းကာ မဟာဗ်ဴဟာ ေရးဆြဲျခင္းျဖစ္ေၾကာင္း သိရသည္။
အႀကံဥာဏ္ရယူျခင္း ေဆြးေႏြးပြဲမ်ားတြင္ မဟာဗ်ဴဟာ၏ လုပ္ငန္းအေၾကာင္းအရာ၊ ရည္မွန္းခ်က္၊ အဓိက ေဆာင္ရြက္သြားမည့္ နည္းလမ္း၊ လမ္းအမ်ိဳးအစားႏွင့္ လမ္းအဆင့္အတန္းသတ္မွတ္ခ်က္၊ ရင္းႏွီးျမွပ္ႏႈံမႈ၊ ရန္ပုံေငြ၊ မဟာဗ်ဴဟာအေပၚတြင္ ေစာင့္ၾကည့္ေလ့လာစစ္ေဆးျခင္းဆိုင္ရာ တာ၀န္မ်ား၊ မဟာဗ်ဴဟာ ေရးဆြဲထားရိွမႈ အေျခအေနတို႔ကို ေဆြးေႏြးခဲ့ၾကၿပီး အလားတူေဆြးေႏြးပြဲမ်ားကို ဇန္နဝါရီလ(၂၆)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္လည္းေကာင္း၊ (၂၈)ရက္ေန႔က လားရိႈးၿမိဳ႕တြင္ လည္းေကာင္း က်င္းပခဲ့ေၾကာင္း သိရသည္။
က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပသည့္္ ေဆြးေႏြးပြဲသို႔ ရွမ္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြး၊ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာန(ရုံးခ်ဳပ္)မွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္စိုး၊ ရွမ္းျပည္နယ္ ေက်းလက္ေဒသဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္၀င္းႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္ အေရွ ့ပိုင္းရိွ သက္ဆိုင္ရာၿမိဳ ့နယ္မ်ားမွ စီမံခန္႔ခြဲေရး ေကာ္မတီမ်ား၊ ျပည္နယ္/ ခရိုင္/ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရိွသူမ်ား စုစုေပါင္း အင္အား(၈၀)ဦး တက္ေရာက္ခဲ့ ၾကသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
ကျေးလက်လမ်းများဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာ ဒုတိယမူကြမ်းအတွက် အကြံဉာဏ်ရယူခြင်းကို ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်နပြေီး အကြံပြုချက်များ ပေးပို့လိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ရုံးများမှ တဆင့်ပေးပို့နိုင်ကြောင်း ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။
အဆိုပါ အကြံဉာဏ်ရယူခြင်း ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ(၃၀)ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရုံးခွဲတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ဒီမဟာဗျူဟာမူကြမ်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြစ်စေချင်တဲ့အတွက် အခုလို ဆွေးနွေးပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ ဒီကဆွေးနွေးသွားတဲ့အချက်တွေအပါအဝင် ရှမ်းသုံးရှမ်းလုံးက ဆွေးနွေးချက်တွေ အားလုံးကိုစုစည်းပြီးတော့ ပြည်နယ်မှာလည်းထပ်ပြီး ဆွေးနွေးပါအုံးမယ်။ ဗဟိုကိုလည်း တင်ပြပါမယ်။ ဆွေးနွေးဖို့ လိုအပ်နေသေးတဲ့ အချက်တွေရှိနေသေးရင် ဗဟိုကိုမတင်ပြခင်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံးကတစ်ဆင့် ကျွန်တော်တို့ကို တင်ပြလို့ရပါတယ်"ဟုရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြောသည်။
မဟာဗျူဟာ၏ အဓိက ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူဦးရေတစ်ထောင်နှင့်အထက် ကျေးရွာအားလုံး၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေငါးရာနှင့်အထက် ကျေးရွာများ၏ (၉၅)ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်တွင် လူဦးရေ(၂၅၀)နှင့်အထက် ကျေးရွာများ၏ (၇၅)ရာခိုင်နှုန်းနှင့် လူဦးရေ (၂၅၀)အောက်ရှိ ကျေးရွာ(၅၀)ရာခိုင်နှုန်းတို့အတွက် ရာသီမရွေးအသုံးပြုနိုင်သော လမ်းများ အသုံးပြုနိုင်စေရန်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ (၈၀)ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀)ရာခိုင်နှုန်းအတွက် ရာသီမရွေးအသုံးပြုနိုင်သော လမ်းများ ရှိလာရန်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့နိုင်ငံရဲ့ဆင်းရဲမှုကို ပြန်ပြီးကြည့်မယ်ဆိုရင် ဆင်းရဲရခြင်းရဲ့ အကြောင်းတရားတွေထဲက တစ်ခုက ကျေးလက်ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာက အခြေခံကျတဲ့ အချက် တစ်ချက်ဖြစ်တဲ့အတွက် ကျေးလက်ဒေသတွေရဲ့လူမှုစီးပွားတိုးတက်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက်က ကျေးလက် ဒေသတွေရဲ့ လမ်းတံတားဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးပါတယ်။ ဒါကြောင့်လည်း လမ်းတံတားဖွံ့ဖြို်းတိုးတက်ရေးအတွက်ကို မဟာဗျူဟာ ရေးဆွဲတာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြောသည်။
ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အဓိက ကူညီပံ့ပိုးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာနလက်အောက်ရှိ လမ်းများဦးစီးဌာန၊ တံတား ဦးစီးဌာနနှင့် Road Transport Administration Department တို့ ပူးပေါင်းကာ မဟာဗျူဟာ ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
အကြံဉာဏ်ရယူခြင်း ဆွေးနွေးပွဲများတွင် မဟာဗျူဟာ၏ လုပ်ငန်းအကြောင်းအရာ၊ ရည်မှန်းချက်၊ အဓိက ဆောင်ရွက်သွားမည့် နည်းလမ်း၊ လမ်းအမျိုးအစားနှင့် လမ်းအဆင့်အတန်းသတ်မှတ်ချက်၊ ရင်းနှီးမြှပ်နှုံမှု၊ ရန်ပုံငွေ၊ မဟာဗျူဟာအပေါ်တွင် စောင့်ကြည့်လေ့လာစစ်ဆေးခြင်းဆိုင်ရာ တာဝန်များ၊ မဟာဗျူဟာ ရေးဆွဲထားရှိမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး အလားတူဆွေးနွေးပွဲများကို ဇန်နဝါရီလ(၂၆)ရက်နေ့က တောင်ကြီးမြို့တွင်လည်းကောင်း၊ (၂၈)ရက်နေ့က လားရှိုးမြို့တွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ စီမံခန့်ခွဲရေး ကော်မတီများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား(၈၀)ဦး တက်ရောက်ခဲ့ ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်