ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား နယ်စပ်မယ်ဆိုင်ချောင်းတွင် ထိုင်းနိုင်ငံမှ လယ်သမားများက ချောင်းပိတ်ဆို့ ရေတားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလယ်သမားများထံ တောင်းပန်စာကို ဖေဖေါ်ဝါရီလ (၂၂) ရက် ညနေ (၃)နာရီခွဲခန့်က မြန်မာဘက် ငှက်ပျောဆိပ်တွင် လာရောက်ပေးအပ်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ငှက်ပျောဆိပ်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းပေါ် ရေတားထားသည့် နေရာတွင် ထိုင်းနိုင်ငံမှ မြို့နယ်အဆင့်နယ်ခြားကော်မတီ( TBC) အဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး Sukhawit Sanlat၊ လယ်သမားနှစ်ဦးပါဝင်သည့်အဖွဲ့က ကော်ချန့်ဒေသမှ ရေတားသည့် လယ်သမားများကိုယ်စား တောင်းပန်စာကို လာရောက်ပေးအပ်ရာ မြန်မာနိုင်ငံ တာချီလိတ်မြို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားဆော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် ရန်အောင်မြေ ရပ်ကွက်မှ လယ်သမားများက လက်ခံရယူခြင်းဖြစ်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ