ျမန္မာႏုိင္ငံအတြင္း (၁၁)ခုေျမာက္ ကေမၻာဇကုန္သြယ္မႈဗဟိုဌာန ေတာင္ႀကီးၿမိဳ႕တြင္ ဖြင့္လွစ္

ျမန္မာႏုိင္ငံအတြင္း (၁၁)ခုေျမာက္ ကေမၻာဇကုန္သြယ္မႈဗဟိုဌာန ေတာင္ႀကီးၿမိဳ႕တြင္ ဖြင့္လွစ္
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency

ကုန္သြယ္မႈလုပ္ငန္းဆိုင္ရာမ်ား ခ်ိတ္ဆက္လုပ္ေဆာင္ေပးမည့္ ျမန္မာႏုိင္ငံအတြင္း (၁၁)ခုေျမာက္ ကုန္သြယ္မႈ ဗဟိုဌာနျဖစ္သည့္ ကေမၻာဇကုန္သြယ္မႈဗဟိုဌာနကို ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ နံနက္ပိုင္းက ဖြင့္လွစ္လိုက္သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေအာက္ရိွ ကုန္သြယ္ေရးဦးစီးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာနႏွင့္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕တို႔က အဆုိပါ ကုန္သြယ္မႈဗဟိုဌာနအား ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ၿပီး ျပည္နယ္အတြင္း ကုန္သြယ္မႈဆိုင္ရာလုပ္ငန္းမ်ားအား ခ်ိတ္ဆက္ လုပ္ေဆာင္ေပးသြားရန္ျဖစ္ေၾကာင္း သိရသည္။

“ဒီကုန္သြယ္မႈ ဗဟိုဌာနကေန ကုန္သြယ္မႈလုပ္ငန္းဆုိင္ရာ သက္ဆိုင္တဲ့ဌာနေတြ၊ ျပည္တြင္း ျပည္ပကုမၸဏီေတြ၊ ေဒသတြင္း ကုန္သည္ေတြအခ်င္းခ်င္း ခ်ိတ္ဆက္လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။ ဒါက ႏုိင္ငံအတြင္း (၁၁) ခုေျမာက္ဌာနပါ။ က်န္တဲ့တုိင္းနဲ႔ျပည္နယ္ေတြမွာလည္း ဆက္ၿပီး ဖြင့္သြားဖို႔ရိွပါတယ္”ဟု ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးမ်ိဳးသူက  တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အဆိုပါ ကုန္သြယ္မႈဗဟိုုဌာနရံုးတြင္ ျပည္နယ္အတြင္းမွ လက္မႈထုတ္ကုန္ႏွင့္ စိုက္ပ်ိဳးေရးထြက္ကုန္အလိုက္ အသင္းအဖြဲ႕မ်ား၏ အေရာင္းျပခန္းမ်ားလည္း ဖြင့္ထားေၾကာင္း သိရသည္။

သတင္း- ေနၿဖဳိးျမင့္ ၊ ႏိုႏို
ဓာတ္ပံု  - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာများ ချိတ်ဆက်လုပ်ဆောင်ပေးမည့် မြန်မာနိုင်ငံအတွင်း (၁၁)ခုမြောက် ကုန်သွယ်မှု ဗဟိုဌာနဖြစ်သည့် ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့က အဆိုပါ ကုန်သွယ်မှုဗဟိုဌာနအား ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်း ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ချိတ်ဆက် လုပ်ဆောင်ပေးသွားရန်ဖြစ်ကြောင်း သိရသည်။

“ဒီကုန်သွယ်မှု ဗဟိုဌာနကနေ ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ သက်ဆိုင်တဲ့ဌာနတွေ၊ ပြည်တွင်း ပြည်ပကုမ္ပဏီတွေ၊ ဒေသတွင်း ကုန်သည်တွေအချင်းချင်း ချိတ်ဆက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါက နိုင်ငံအတွင်း (၁၁) ခုမြောက်ဌာနပါ။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဆက်ပြီး ဖွင့်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ ကုန်သွယ်မှုဗဟိုဌာနရုံးတွင် ပြည်နယ်အတွင်းမှ လက်မှုထုတ်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်အလိုက် အသင်းအဖွဲ့များ၏ အရောင်းပြခန်းများလည်း ဖွင့်ထားကြောင်း သိရသည်။

သတင်း- နဖြေိုးမြင့်၊ နိုနို
ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~