ရွမ္း(အေရွ႕)တြင္ ျမန္မာႏိုင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနားမ်ား က်င္းပ

ရွမ္း(အေရွ႕)တြင္ ျမန္မာႏိုင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနားမ်ား က်င္းပ
ဖေဖော်ဝါရီ 13, 2017
By Tachileik News Agency

ယေန႔ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္သည့္ ျမန္မာႏိုင္ငံကေလးမ်ားေန႔(ဗိုလ္ခ်ဳပ္ ေအာင္ဆန္းေမြးေန႔)အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈ၀န္ထမ္းဦးစီးဌာနရံုးမွ ဦးေဆာင္၍ အထိမ္းအမွတ္ အခမ္းအနားႏွင့္အတူ အာဟာရေကြ်းေမြးပြဲအား ယေန႔ နံနက္ပိုင္းက က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကေလးမ်ားေန႔(ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔) အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ လူမႈ၀န္ထမ္းဦးစီးဌာနရံုး လက္ေအာက္ရွိ က်ဳိင္းတံု ကေလးျပဳစုေရးဌာန၊ က်ဳိင္းတံုအမ်ဳိးသမီး သက္ေမြး အတတ္ပညာသင္ေက်ာင္း၊ က်ဳိင္းတံုျပန္လည္ထူေထာင္ေရးစခန္း ႏွင့္ တာခ်ီလိတ္ မူလတန္းႀကိဳ ေက်ာင္းမ်ားတြင္လည္း အလားတူ အခမ္းအနားမ်ားကို က်င္းပျပဳလုပ္ၾကၿပီး ကေလး ငယ္မ်ားအား ႏြားႏို႔ ေပါင္မုန္႔မ်ားကို အာဟာရအျဖစ္ ေကြ်းေမြးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ ၿမိဳ႕နယ္အဆင့္ အႀကီးအကဲမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္လာခဲ့ၾကသည္။

ဓာတ္ပံု - HHT



~~~~~~~~⊰❂ unicode ~~~~~~~~

ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့(ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့)အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးဆောင်၍ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ အာဟာရကျွေးမွေးပွဲအား ယနေ့ နံနက်ပိုင်းက ကျိုင်းတုံမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကလေးများနေ့(ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး လက်အောက်ရှိ ကျိုင်းတုံ ကလေးပြုစုရေးဌာန၊ ကျိုင်းတုံအမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၊ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း နှင့် တာချီလိတ် မူလတန်းကြို ကျောင်းများတွင်လည်း အလားတူ အခမ်းအနားများကို ကျင်းပပြုလုပ်ကြပြီး ကလေး ငယ်များအား နွားနို့ ပေါင်မုန့်များကို အာဟာရအဖြစ် ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒေသအုပ်ချုပ်ရေးဆိုင်ရာ မြို့နယ်အဆင့် အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြသည်။

ဓာတ်ပုံ - HHT

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~