ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ႏွာေခါင္းကြဲ၊ မီးေလာင္ဒဏ္ရာ၊ အဆီႀကိတ္ႏွင့္ ေျခပူးလက္ပူးေဝဒနာရွင္မ်ား အခမဲ့ကုသမႈအတြက္ အရပ္ဖက္အဖြဲ႔မ်ား ကူညီမည္၊ ကုသမႈ ခံယူလိုသည့္ ေ၀ဒနာရွင္မ်ား စာရင္းေပးႏိုင္

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ႏွာေခါင္းကြဲ၊ မီးေလာင္ဒဏ္ရာ၊ အဆီႀကိတ္ႏွင့္ ေျခပူးလက္ပူးေဝဒနာရွင္မ်ား အခမဲ့ကုသမႈအတြက္ အရပ္ဖက္အဖြဲ႔မ်ား ကူညီမည္၊ ကုသမႈ ခံယူလိုသည့္ ေ၀ဒနာရွင္မ်ား စာရင္းေပးႏိုင္
ဖေဖော်ဝါရီ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ႏွာေခါင္းကြဲ၊ မီးေလာင္ဒဏ္ရာ၊ အဆီႀကိတ္ႏွင့္ ေျခပူး လက္ပူးေဝဒနာရွင္မ်ားအား ဂ်ာမနီႏုိင္ငံမွ ဆရာဝန္မ်ားႏွင့္ ျမန္မာႏုိင္ငံ ဆရာဝန္မ်ားအဖြဲ႕တို႔က အခမဲ့ ကုသေပးမည့္အစီအစဥ္အား ကူညီပံ့ပိုးရန္ တာခ်ီလိတ္မွ လူမႈကူညီေရးအဖြဲ႕မ်ားက ေဖေဖၚဝါရီလ (၂၃) ရက္ေန႔ ေန႔လယ္ပိုင္းက ေဆြးေႏြးၾကသည္။

“တာခ်ီလိတ္က လူမႈကူညီေရးအဖြဲ႔ေတြက ေဆးလာကုတဲ့သူေတြကိုေရာ လူနာေစာင့္ ပါလာတဲ့သူေတြ အတြက္ပါ စားစရိတ္ၿငိမ္းကူညီေပးၾကမွာပါ။ သူတို႔ခြဲစိတ္ကုသမႈၿပီးလို႔  ေဆးရံုက ဆင္းတဲ့အထိ၊ သူတို႔ေနရပ္ျပန္တဲ့ အထိ လူမႈကူညီေရး အဖြဲ႕ေတြက အပိုင္းလိုက္ခြဲၿပီး ကူညီေပးသြားၾကမွာပါ”ဟု မဇၨ်ိမလူမႈကူညီေရးအသင္းမွ အတြင္းေရးမွဴး ေဒၚသန္းသန္းေဌးက ေျပာသည္။

ဂ်ာမနီႏုိင္ငံမွ ဆရာဝန္အဖြဲ႔ႏွင့္ ျမန္မာဆရာဝန္အဖြဲ႔တို႔ ပူးေပါင္း၍ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရုံႀကီးတြင္ မတ္လ (၅) ရက္ေန႔မွ (၁၄)ရက္ေန႔အထိ ကုသေပးမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ ကုသမႈခံယူလိုသည့္လူနာမ်ား စာရင္းေပးသြင္းႏုိင္ရန္ လူမႈကူညီေရးအဖြဲ႕မ်ားမွလည္း ေၾကညာထားၿပီး က်န္းမာေရးဌာနမ်ားတြင္လည္း စာရင္းရယူေနေၾကာင္း သိရသည္။

“ မဇၥ်ိမလူမႈကူညီေရးအသင္း၊ အလင္းေရာင္ပရဟိတအသင္း၊ ေမတၱာရွင္ သာေရး/နာေရး ကူညီမႈအသင္းတို႔ အျပင္ အဖြဲ႔အေနနဲ႔ မဟုတ္ဘဲ ကူညီမယ့္ သူေတြလည္း ရိွပါတယ္။ လူနာနဲ႔ လူနာေစာင့္ေတြကို ေတာင္တန္း သာသနာျပဳေက်ာင္း(၀မ္ေကာင္း)မွာ တည္းခိုဖို႔ ဆရာေတာ္ကလည္း ခြင့္ျပဳထားပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ အခမဲ့ ခြဲစိတ္ကုသမႈ အစီအစဥ္အတြက္ ႀကဳိတင္ ညႇိႏႈိင္းအစည္းအေ၀းကုိ တာခ်ီလိတ္ ခရုိင္ဆရာ၀န္ႀကီး ေဒါက္တာ ဇင္ကုိကုိေအာင္၊ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင့္ေဆြ ဦးေဆာင္ေသာ လူမႈေရးအသင္းအဖဲြ႕မ်ားက ေဖေဖာ္၀ါရီလ (၂၃) ရက္ေန႔ ညေနပုိင္းတြင္ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရွိ အစည္းအေ၀းခန္းမ၌ က်င္းပျခင္းျဖစ္သည္။

ခြဲစိတ္ခန္းသံုး ေရခဲေသတၱာႏွင့္ ပရင္တာ၊ ခြဲစိတ္ခန္းထြက္လူနာမ်ားအား ကူညီေပးမည့္သူ ေလးဦးတို႔အား မဇၨ်ိမလူမႈကူညီေရးအသင္းမွ လည္းေကာင္း၊ ေအာက္ဆီဂ်င္ဗူးမ်ားအား မဇၨ်ိမ၊ အလင္းေရာင္ႏွင့္ ေမတၱာရွင္ အသင္းမ်ားက လည္းေကာင္း၊ လူနာမ်ားႏွင့္ လူနာေစာင့္မ်ားအတြက္ စားေသာက္ရန္ စီစဥ္ျခင္း၊ ႀကိဳပို႔ျခင္းမ်ား အတြက္ အရပ္ဖက္ အဖြဲ႕မ်ားကလည္းေကာင္း၊ ကူညီေထာက္ပံ့ေငြမ်ားအျဖစ္ အလွဴရွင္ တစ္ဦးက ထိုင္းဘတ္ေငြ တစ္သိန္း၊ မင္မင္ကုန္စံုဆိုင္မိသားစုက ထုိင္းဘတ္ေငြ တစ္ေသာင္း၊ တာခ်ီလိတ္တရုတ္လူငယ္မ်ား အသင္းက ထိုင္းဘတ္ေငြ(၆၉,၆၀၀)၊ ဦးစိုင္းခ်ဳိႏွင့္ ေဒၚအားဖန္တို႔က ထုိင္းဘတ္ေငြ ငါးေသာင္း၊ မန္းမန္းစတိုးက ထိုင္းဘတ္ေငြ ငါးေသာင္း၊ က်ဳံးကုန္စံုဆိုင္မွ ထိုင္းဘတ္ေငြ တစ္ေသာင္းတို႔ကို လည္းေကာင္း အသီးသီး ကူညီေပးသြားရန္ ယေန႔ေဆြးေႏြးပြဲတြင္ ညိွႏိႈင္း ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ခြဲစိတ္ကုသမႈမ်ားအတြက္ ေသြးလွဴဒါန္းလိုသူမ်ားႏွင့္ ေငြေၾကး၊ လုပ္အားကူညီလိုသူမ်ား အေနျဖင့္ ေဒၚသန္းသန္းေ႒း - ၀၉၄၄၅၂၄၂၂၃၂၊ ေဒၚေရႊစင္ခက္  -၀၉၄၁၀၀၃၂၁၉ ႏွင့္ ေဒၚေမဇာျခည္လင္း-၀၉၅၂၄၁၈၀၇ တုိ႔သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီကြိတ်နှင့် ခြေပူး လက်ပူးဝေဒနာရှင်များအား ဂျာမနီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံ ဆရာဝန်များအဖွဲ့တို့က အခမဲ့ ကုသပေးမည့်အစီအစဉ်အား ကူညီပံ့ပိုးရန် တာချီလိတ်မှ လူမှုကူညီရေးအဖွဲ့များက ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းက ဆွေးနွေးကြသည်။

“တာချီလိတ်က လူမှုကူညီရေးအဖွဲ့တွေက ဆေးလာကုတဲ့သူတွေကိုရော လူနာစောင့် ပါလာတဲ့သူတွေ အတွက်ပါ စားစရိတ်ငြိမ်းကူညီပေးကြမှာပါ။ သူတို့ခွဲစိတ်ကုသမှုပြီးလို့ ဆေးရုံက ဆင်းတဲ့အထိ၊ သူတို့နေရပ်ပြန်တဲ့ အထိ လူမှုကူညီရေး အဖွဲ့တွေက အပိုင်းလိုက်ခွဲပြီး ကူညီပေးသွားကြမှာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက ပြောသည်။

ဂျာမနီနိုင်ငံမှ ဆရာဝန်အဖွဲ့နှင့် မြန်မာဆရာဝန်အဖွဲ့တို့ ပူးပေါင်း၍ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၅) ရက်နေ့မှ (၁၄)ရက်နေ့အထိ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ကုသမှုခံယူလိုသည့်လူနာများ စာရင်းပေးသွင်းနိုင်ရန် လူမှုကူညီရေးအဖွဲ့များမှလည်း ကြေညာထားပြီး ကျန်းမာရေးဌာနများတွင်လည်း စာရင်းရယူနေကြောင်း သိရသည်။

“ မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းတို့ အပြင် အဖွဲ့အနေနဲ့ မဟုတ်ဘဲ ကူညီမယ့် သူတွေလည်း ရှိပါတယ်။ လူနာနဲ့ လူနာစောင့်တွေကို တောင်တန်း သာသနာပြုကျောင်း(ဝမ်ကောင်း)မှာ တည်းခိုဖို့ ဆရာတော်ကလည်း ခွင့်ပြုထားပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှု အစီအစဉ်အတွက် ကြိုတင် ညှိနှိုင်းအစည်းအေဝးကို တာချီလိတ် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်၊ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေ ဦးဆောင်သော လူမှုရေးအသင်းအဖွဲ့များက ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ညနေပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအေဝးခန်းမ၌ ကျင်းပခြင်းဖြစ်သည်။

ခွဲစိတ်ခန်းသုံး ရေခဲသေတ္တာနှင့် ပရင်တာ၊ ခွဲစိတ်ခန်းထွက်လူနာများအား ကူညီပေးမည့်သူ လေးဦးတို့အား မဇ္ဇျိမလူမှုကူညီရေးအသင်းမှ လည်းကောင်း၊ အောက်ဆီဂျင်ဗူးများအား မဇ္ဇျိမ၊ အလင်းရောင်နှင့် မေတ္တာရှင် အသင်းများက လည်းကောင်း၊ လူနာများနှင့် လူနာစောင့်များအတွက် စားသောက်ရန် စီစဉ်ခြင်း၊ ကြိုပို့ခြင်းများ အတွက် အရပ်ဖက် အဖွဲ့များကလည်းကောင်း၊ ကူညီထောက်ပံ့ငွေများအဖြစ် အလှူရှင် တစ်ဦးက ထိုင်းဘတ်ငွေ တစ်သိန်း၊ မင်မင်ကုန်စုံဆိုင်မိသားစုက ထိုင်းဘတ်ငွေ တစ်သောင်း၊ တာချီလိတ်တရုတ်လူငယ်များ အသင်းက ထိုင်းဘတ်ငွေ(၆၉,၆၀၀)၊ ဦးစိုင်းချိုနှင့် ဒေါ်အားဖန်တို့က ထိုင်းဘတ်ငွေ ငါးသောင်း၊ မန်းမန်းစတိုးက ထိုင်းဘတ်ငွေ ငါးသောင်း၊ ကျုံးကုန်စုံဆိုင်မှ ထိုင်းဘတ်ငွေ တစ်သောင်းတို့ကို လည်းကောင်း အသီးသီး ကူညီပေးသွားရန် ယနေ့ဆွေးနွေးပွဲတွင် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုများအတွက် သွေးလှူဒါန်းလိုသူများနှင့် ငွေကြေး၊ လုပ်အားကူညီလိုသူများ အနဖြေင့် ဒေါ်သန်းသန်းဋ္ဌေး - ဝ၉၄၄၅၂၄၂၂၃၂၊ ဒေါ်ရွှေစင်ခက် -ဝ၉၄၁၀၀၃၂၁၉ နှင့် ဒေါ်မေဇာခြည်လင်း-ဝ၉၅၂၄၁၈၀၇ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~