ရွမ္းေတာင္မွ နႏြင္းႏွင့္ဂ်င္းအား ေတာင္သူအစုအဖြဲ႕ဖြဲ႕စည္းၿပီး ျပည္ပတင္ပို႔မႈ စတင္လုပ္ေဆာင္

ရွမ္းေတာင္မွ နႏြင္းႏွင့္ဂ်င္းအား ေတာင္သူအစုအဖြဲ႕ဖြဲ႕စည္းၿပီး ျပည္ပတင္ပို႔မႈ စတင္လုပ္ေဆာင္
ဖေဖော်ဝါရီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အသစ္ဖြဲ႕စည္းလုိက္သည့္ ရွမ္းေတာင္ခ်င္း(ဂ်င္း)နႏြင္းေတာင္သူအစုအဖြဲ႕က နႏြင္းႏွင့္ ဂ်င္းအား ရန္ကုန္ကန္ထရိုက္မွတဆင့္ သီရိလကၤာႏွင့္ ဂ်ာမနီႏုိင္ငံမ်ားသို႔ စတင္တင္ပို႔ေနေၾကာင္း သိရသည္။

အဆိုပါ အသင္းအား ဟဲဟိုးၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ ဖြဲ႕စည္းလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အသင္းအဖြဲ႕က လယ္သမားေတြဆီ တစ္ဆင့္ျပန္ယူၿပီး ပို႔ေပးေနတာပါ။ နႏြင္းနဲ႔ဂ်င္းေတြကို ကန္ထရိုက္ လုပ္ဖို႔ ကုမၸဏီေတြမွာ ခ်ိတ္ေပးေနပါတယ္။ အခုကေတာ့ ရန္ကုန္က ၿဖိဳးေက်ာ္ကုမၸဏီ မွာ တင္ပို႔ေပးေနပါတယ္။ အသင္းအဖြဲ႕နဲ႔ တိုက္ရိုက္မပို႔နိုင္ေတာ့ ရန္ကုန္ကေနတစ္ဆင့္ တင္ပို႔ေနရပါတယ္။ ဂ်င္း၊ နႏြင္း ကိုလည္း အစိုအတိုင္း ဒီကေနတစ္ဆင့္ပို႕ေပးတယ္။ လက္ရွိမွာလည္း ေတာင္သူေတြ စိုက္ပ်ဳိးခ်င္တယ္ဆိုရင္ ကုမၸဏီေတြနဲ႔ ကန္ထရိုက္လုပ္ေပးပါတယ္။ သူတို႔ကေန တစ္ဆင့္ ျပည္ပမွာ သီရိလကၤာ၊ ဂ်ာမနီနိုင္ငံေတြကို တင္ပို႔ေနပါၿပီ”ဟု ခ်င္း(ဂ်င္း)နႏြင္း (ရွမ္းေတာင္) ဥကၠဌ ဦးေဇာ္ကိုကိုက ေျပာသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ဓါတုေဆးမသံုးဘဲ စိုက္ပ်ိဳးသည့္ နႏြင္းႏွင့္ ဂ်င္းအား ဝယ္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ နႏြင္းကေတာ့ အနီမ်ဳိးကိုပဲ ယူပါတယ္။ ဂ်င္းကေတာ့ ဘယ္ဂ်င္း မဆိုရတယ္။ ဒါေပမဲ့ ေအာ္ဂင္းနစ္ (ဓါတုေဆးမသံုး) ဂ်င္းပဲရမယ္။ ေစ်းႏႈန္းကေတာ့ ေအာင္ပန္းေစ်းနႈန္းအတိုင္း ေပၚမူတည္ၿပီးေတာ့ ေစ်းျဖတ္ေပးေနတာပါ။ ဥပမာ - ေအာင္ပန္းက ၅၀၀ ဆိုရင္ ၅၃၀ ေပးပါတယ္။ ၃၀ ပိုေပးတာေပါ့ေနာ္။ တျခား ကုမၸဏီေတြလာခ်ိတ္ဆက္တာေတာ့ မရွိေသးပါဘူး။ ေနာက္ပိုင္းလာခ်ိတ္ဆက္ရင္ေတာ့ ညိႇႏိႈင္းၾကမွာပါ” ဟု ဦးေဇာ္ကိုကိုက ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ဂ်င္းအထြက္မ်ားဆံုးေဒသမွာ ေအာင္ပန္းၿမိဳ႕ဝန္းက်င္ေဒသမ်ားျဖစ္ၿပီး နႏြင္းအထြက္မ်ားဆံုး ေဒသမွာ ကေလာ၊ ဆင္ေတာင္၊ ဟိုပံုး၊ ပင္ေလာင္း၊ ဟသၤာသ၊ ေက်ာင္းကုန္း ေဒသမ်ားျဖစ္ေၾကာင္း သိရသည္။

ရွမ္းေတာင္ ခ်င္း(ဂ်င္း)နႏြင္း ေတာင္သူအစုအဖြဲ႕အစည္းအား လူဦးေရ ၃၅၀ ျဖင့္ဖြဲ႕စည္းထားျပီး ဟိုပံုး၊ နမ့္စန္၊ ေအာင္ပန္း၊ ဟဲဟိုး၊ ကေလာ၊ ေတာင္ႀကီး၊ ပင္ေလာင္း ၊ ရပ္ေစာက္ၿမိဳ႕မ်ားမွ ေတာင္သူမ်ား ပါဝင္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းမှ အသစ်ဖွဲ့စည်းလိုက်သည့် ရှမ်းတောင်ချင်း(ဂျင်း)နနွင်းတောင်သူအစုအဖွဲ့က နနွင်းနှင့် ဂျင်းအား ရန်ကုန်ကန်ထရိုက်မှတဆင့် သီရိလင်္ကာနှင့် ဂျာမနီနိုင်ငံများသို့ စတင်တင်ပို့နေကြောင်း သိရသည်။

အဆိုပါ အသင်းအား ဟဲဟိုးမြို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“အသင်းအဖွဲ့က လယ်သမားတွေဆီ တစ်ဆင့်ပြန်ယူပြီး ပို့ပေးနေတာပါ။ နနွင်းနဲ့ဂျင်းတွေကို ကန်ထရိုက် လုပ်ဖို့ ကုမ္ပဏီတွေမှာ ချိတ်ပေးနေပါတယ်။ အခုကတော့ ရန်ကုန်က ဖြိုးကျော်ကုမ္ပဏီ မှာ တင်ပို့ပေးနေပါတယ်။ အသင်းအဖွဲ့နဲ့ တိုက်ရိုက်မပို့နိုင်တော့ ရန်ကုန်ကနေတစ်ဆင့် တင်ပို့နေရပါတယ်။ ဂျင်း၊ နနွင်း ကိုလည်း အစိုအတိုင်း ဒီကနေတစ်ဆင့်ပို့ပေးတယ်။ လက်ရှိမှာလည်း တောင်သူတွေ စိုက်ပျိုးချင်တယ်ဆိုရင် ကုမ္ပဏီတွေနဲ့ ကန်ထရိုက်လုပ်ပေးပါတယ်။ သူတို့ကနေ တစ်ဆင့် ပြည်ပမှာ သီရိလင်္ကာ၊ ဂျာမနီနိုင်ငံတွေကို တင်ပို့နေပါပြီ”ဟု ချင်း(ဂျင်း)နနွင်း (ရှမ်းတောင်) ဥက္ကဌ ဦးဇော်ကိုကိုက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဓာတုဆေးမသုံးဘဲ စိုက်ပျိုးသည့် နနွင်းနှင့် ဂျင်းအား ဝယ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။

“ နနွင်းကတော့ အနီမျိုးကိုပဲ ယူပါတယ်။ ဂျင်းကတော့ ဘယ်ဂျင်း မဆိုရတယ်။ ဒါပေမဲ့ အော်ဂင်းနစ် (ဓာတုဆေးမသုံး) ဂျင်းပဲရမယ်။ ဈေးနှုန်းကတော့ အောင်ပန်းဈေးနှုန်းအတိုင်း ပေါ်မူတည်ပြီးတော့ ဈေးဖြတ်ပေးနေတာပါ။ ဥပမာ - အောင်ပန်းက ၅၀၀ ဆိုရင် ၅၃၀ ပေးပါတယ်။ ၃၀ ပိုပေးတာပေါ့နော်။ တခြား ကုမ္ပဏီတွေလာချိတ်ဆက်တာတော့ မရှိသေးပါဘူး။ နောက်ပိုင်းလာချိတ်ဆက်ရင်တော့ ညှိနှိုင်းကြမှာပါ” ဟု ဦးဇော်ကိုကိုက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဂျင်းအထွက်များဆုံးဒေသမှာ အောင်ပန်းမြို့ဝန်းကျင်ဒေသများဖြစ်ပြီး နနွင်းအထွက်များဆုံး ဒေသမှာ ကလော၊ ဆင်တောင်၊ ဟိုပုံး၊ ပင်လောင်း၊ ဟင်္သာသ၊ ကျောင်းကုန်း ဒေသများဖြစ်ကြောင်း သိရသည်။

ရှမ်းတောင် ချင်း(ဂျင်း)နနွင်း တောင်သူအစုအဖွဲ့အစည်းအား လူဦးရေ ၃၅၀ ဖြင့်ဖွဲ့စည်းထားပြီး ဟိုပုံး၊ နမ့်စန်၊ အောင်ပန်း၊ ဟဲဟိုး၊ ကလော၊ တောင်ကြီး၊ ပင်လောင်း၊ ရပ်စောက်မြို့များမှ တောင်သူများ ပါဝင်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~