တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ မိမိေနအိမ္တဲကို မီရွိဳ႕ေနေသာသူက လာေရာက္တားဆီးသူကို ဓားမျဖင့္ ျပန္လည္ခုတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ (၄)ရက္ေန႔ ေန႔လယ္ (၂)နာရီအခ်ိန္က ဦးေလာ္ဘသည္ (၂)ေပခန္႔ရွိ ဓားမတစ္ေခ်ာင္းကို ကိုင္ေဆာင္ကာ မီးဖိုတဲအား မီးရွိဳ႕ေနသည္ကို ျမင္ေသာ အိမ္းနီးခ်င္းျဖစ္သူ ဦးအားဆီးက ပတ္၀န္းက်င္ရွိ လူမ်ားႏွင့္အတူ မီးၿငိမ္းသတ္ေနစဥ္ တရားခံမွာ ဓါးကိုင္ကာ ထြက္ေျပးရန္ ႀကိဳးစားသျဖင့္ ဦးအားဆီးက မေျပးရန္ တားဆီးေသာေၾကာင့္ ဓားမျဖင့္ ျပန္လည္ခုတ္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဓားမျဖင့္ ခုတ္ခံရေသာ ဦးအားဆီးမွာ အသက္အႏၱရာယ္မစိုးရိမ္းရေသာ္လည္း ၀ဲလက္ေမာင္းတြင္ (၄)လက္မခန္႔ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာလက္ေကာက္၀တ္တြင္ ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ ရရွိခဲ့ျခင္းေၾကာင့္ ဦးေလာ္ဘအား အေရးယူေပးရန္ တိုင္းၾကားထားေၾကာင္းသိရသည္။
မိမိေနအိမ္တဲအား မီးရွိဳ႕၍ အိမ္နီးခ်င္းသူအား အသက္အႏၱရာယ္ျပဳသည့္ ဦးေလာ္ဘကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)အမွတ္ (ပ) ၃၂/၂၀၁၇ ၊ရာဇသတ္ၾကီးပုဒ္မ ၄၃၆/၃၂၆ ျဖင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် မိမိနေအိမ်တဲကို မီရှို့နေသောသူက လာရောက်တားဆီးသူကို ဓားမဖြင့် ပြန်လည်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ဦးလော်ဘသည် (၂)ပေခန့်ရှိ ဓားမတစ်ချောင်းကို ကိုင်ဆောင်ကာ မီးဖိုတဲအား မီးရှို့နေသည်ကို မြင်သော အိမ်းနီးချင်းဖြစ်သူ ဦးအားဆီးက ပတ်ဝန်းကျင်ရှိ လူများနှင့်အတူ မီးငြိမ်းသတ်နေစဉ် တရားခံမှာ ဓားကိုင်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ဦးအားဆီးက မပြေးရန် တားဆီးသောကြောင့် ဓားမဖြင့် ပြန်လည်ခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓားမဖြင့် ခုတ်ခံရသော ဦးအားဆီးမှာ အသက်အန္တရာယ်မစိုးရိမ်းရသော်လည်း ဝဲလက်မောင်းတွင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်ကောက်ဝတ်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ခြင်းကြောင့် ဦးလော်ဘအား အရေးယူပေးရန် တိုင်းကြားထားကြောင်းသိရသည်။
မိမိနေအိမ်တဲအား မီးရှို့၍ အိမ်နီးချင်းသူအား အသက်အန္တရာယ်ပြုသည့် ဦးလော်ဘကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)အမှတ် (ပ) ၃၂/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၂၆ ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။